Tuesday, January 15, 2013

လိမ်ညာ အပုပ်ချ သတင်းလွှင့်သော Eleven အား DDos ဖြင့် တိုက်မည်

Posted by drmyochit Tuesday, January 15, 2013, under | No comments






ကိုယ်ကျင့် သိက္ခာမရှိ လိမ်ညာ အပုပ်ချ သတင်း လွှင့်သော Eleven Media အား DDos ဖြင့် တိုက် မည်ဖြစ်ကြောင်း Myanmar Media Watch မှ Hacker တစ်ဦး မှ ကြေညာ လိုက်ပါတယ်။

" မနက်ဖြန် မြန်မာ စံတော်ချိန် မနက် ၇ နာရီ ကနေ ည ၁၀ နာရီထိ တိုက်မှာပါ... တဖက်နဲ့တ ဖက် ပြေ လည်အောင် အပြု သဘောဆောင်ရေး ရမယ့်အစား ရန်တိုက်နေ တာတွေကြောင့်ပါ.. စတုတ္ထ မဏ္ဍိုင် က အစိုး ရနဲ့ အခြား မဏ္ဍိုင် တွေကို ထိန်းကျောင်းတယ်လို့ သူတို့ပြောနေပေမယ့် စတုတ္ထမဏ္ဍိုင် ကို ထိန်းကျောင်း မယ့်သူ မရှိတာကြောင့် ကျွန်တော်တို့ Myanmar Media Watch က နည်းပညာရှင်တွေက ထိန်းကျောင်းပေး တဲ့သဘောပါ.. တခြားကိုယ်ရေးကိုယ်တာ ကိစ္စတွေ ဘာမှမရှိပါဘူး.." လို့ဆိုပါတယ်။

Eleven Media ၏ သိက္ခမရှိမှုကို လေ့လာစောင့်ကြည့်သူ ဒေါက်တာဆိပ်ဖွား 

မှ အောက်တန်းစား မီဒီယာ ဖြစ်ကြောင်း အောက်ပါအတိုင်း ဝေဖန်ထားပါတယ်။

"ELEVEN မီဒီယာရဲ့ ကချင်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပါ ၊ KIA က တံတားချိုး ၊ လူနေရပ်ကွက်ထဲမိုင်းခွဲ ၊ ရထားလမ်းမိုင်းထောင် သတင်းတွေရေးရင်တော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိ သူ တစ်ဦးကဆိုပါတယ်တို့ ၊ ဒီသတင်းနဲ့ပတ်သက်ပြီး KIA ကိုအတည်ပြုမေးမြန်းသော်လည်း ယခုထိ ဆက်သွယ် လို့မရသေးတို့ ၊ မြန်မာအစိုးရကစွပ်စွဲထားပါတယ်တို့ ဆိုတဲ့အသုံးအနှုံးတွေရေးပြီးတော့ ၊ ခု လိုင်ဇာ လဲ ဗုံးကျရော............

" ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။ " ဆိုပါလား ....

တပ်မတော်ရဲ့ ဘယ်စခန်းက ၊ လိုင်ဇာရဲ့ ဘယ်နေရာကို ၊ ဘာလက်နက်အမျိုးအစားနဲ့ ၊ ဘယ်အချိန် ၊ ဘယ်နှစ်ချက် ပစ် ၊ ဘယ်နှစ်လုံးကွဲ .....ဟား..ဟ နတ်တွေများ မင်းတို့ သတင်းဌာနမှာ သတင်းထောက် ခန့် ထား လားကွာ.... KIA ကပြဿနာကြီးအောင် တရုတ်ပြည်ထဲ ပစ်ထည့် တာတို့ ၊ လူနေရပ် ကွက်တွေ ဘက် ကို ပြန်ပစ် တာတို့ ရော မဖြစ်နိုင်ဘူးလား ......

သူ့ပထွေး လူစီး ရထားကို မိုင်းခွဲတဲ့ သတင်း ကျတော့ ဟိုလိုလို ဒီလိုလိုနဲ့ ဘယ်သူခွဲတယ်ဆို တာမပါ ဘဲ ရေးထား တယ် ၊ ဘာစစ်ရေးအမြင်မှမရှိတဲ့ အောက်တန်းစား သတင်းမီဒီယာတွေမင်းမူနေသ၍ ဒီတိုင်းပြည်ကြီး ပွားစရာအကြောင်းမမြင်ပါ ။ " ဟူ၍ဖြစ်သည်။

ယနေ့ မြန်မာ ဂျာနယ်များနှင့် အင်တာနက် စာမျက်နှာ များတွင် ရထားလမ်း မိုင်းပေါက်ခြင်း သတင်းများ၌ မည်သူ မည်ဝါ မိုင်းထောင် ခွဲသည်ကို သဲသဲကွဲကွဲ တိတိ ကျကျ ဖော်ပြလေ့ မရှိသော်လည်း အမြောက်ဆန် ကျသည် ဆိုသော အခါတွင် တပ်မတော်မှ ပစ်ခြင်းဖြစ်ကြောင်း ဂျာနယ်ကြီး များတွင်း တိတိကျကျ မေးမြန်း စုံစမ်း အတည်ပြုချက် ရယူခြင်း မရှိပဲ ရေးသားလေ့ရှိကြပါတယ်။

Eleven Media Group စာမျက်နှာအား DDos ဖြင့် တိုက်ခိုက်ရန် လင့်မှာ 
http://ddosfor11.blogspot.com/ ဖြစ်ပြီး Eleven Media Group အား မကျနပ်သူများသောကြောင့် လူအများ အပြား ပါဝင်လာနိုင်ပြီး အချိန် တိုအတွင် Server Down သွားနိုင်ကြောင်း အဆိုပါ ပညာရှင်မှ ဆက် လက်ပြောကြားခဲ့ပါတယ်။

(မှတ်ချက်။ ။ မနက် ၇ နာရီ မတိုင်ခင် http://ddosfor11.blogspot.com/ လင့်အား အမြန်ဖြန့်ပြီး ၇ နာရီထိုးသည်နှင့် Browser များများ ဖွင့်ထားကြပါရန်...)

From: Myanmar Daily Star

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်