Wednesday, February 13, 2013

ဘာသာပေါင်းစုံပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးဟောပြောပွဲကျင်းပ

Posted by drmyochit Wednesday, February 13, 2013, under | No comments


ရန်ကုန် တိုင်းဒေသကြီး၊ သန် လျင်မြို့နယ်၊ ကျိုက်ခေါင် ဘုရား နှင့် အရှေ့ပိုင်း တက္က သိုလ်ကြား (၁၅) ပေ အခမဲ့ရွာ၊ သဘာဝတ ရားရိပ်သာတွင် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ငြိမ်းချမ်းရေး အတွက် ဟောပြော ပွဲအား ဘာသာပေါင်းစုံ ပူးပေါင်း ၍ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တွင် ကျင်းပ ခဲ့ကြောင်း သိရ သည်။

အဆို ပါပြည်ထောင် စုနေ့ အထိမ်း အမှတ်ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင် ရွက်ရေးဟောပြော ပွဲအား ဘာသာကြီးလေးဘာသာ ဖြစ်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္နူဘာ သာတို့မှ သက်ဆိုင်ရာ တာဝန် ရှိသူ ဆရာတော်ကြီးများ တက်ရောက် ကာငြိမ်း ချမ်းရေး အတွက် တစ်ဦး စီးဟောပြောခဲ့ ကြောင်း တက်ရောက်ဟောပြော ခဲ့သော ဆရာတော် ကြီးများမှာ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓသာ သနာ ပြု တက္က သိုလ်မှဦးပဏ္ဍ၀ံသ၊ သန်လျင်မြို့ သဘာဝ တရား ရိပ်သာ မှ ဆရာတော် အရှင် ဦးဥတ္တမသာ ရ၊ အစ္စလာမ်ဓမ္မဗိမာန်ကာဒရီယာ အလီယာဦးဆောင်ဆော်သြရေး မှူးဓမ္မက အလ်ဟဂ်ျခ လီဖွာဦးအေး လွင်၊ ဟိန္နူဘာသာမဟာသိဒ်္ဓိတင် မဟာပဏ္ဍိတဂုရုမှ ဆရာတော်စရီ ဦးမောင်မြင့်နှင့် ခရစ်ယာန်ကက် သလစ်ဂိုဏ်းချုပ်ကျောင်းရန်ကုန် မြို့မှ Rev,Fr. George Shwe Tunတို့တက်ရောက် ခဲ့ကြောင်း အခမ်း အနားပွဲအား နေ့လယ် (၁း၃၀) နာရီမှ စတင်ကာ (၄) နာရီအချိန် အထိပြုလုပ် ခဲ့ကြောင်း သိရ သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေးအတွက်ဟောပြော ပွဲ၌ “ငြိမ်းချမ်းရေးအတွက်ဘာသာ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မည်” ဟူသော ဦးတည်ချက်ဖြင့် ဓိဋ္ဌာန် ထားကာဟောပြောပွဲအပြီး၌ ဘာသာပေါင်း စုံမှသက်ဆိုင်ရာဆု တောင်းများကို ဆုတောင်းခဲ့ ကြောင်း သိရသည်။


ညီညီအောင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်