Wednesday, February 13, 2013

ပဲခူးမြို့ ဥဿာမြို့သစ်ရှိ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေအတွင်း ကျရောက်သည်ဟု ဆိုကာ တစ်လအတွင်း ဖယ်ရှားပေးရန် အကြောင်းကြားထား

Posted by drmyochit Wednesday, February 13, 2013, under | No comments


ဖယ်ရှားပေးရမည့် နယ်မြေအတွင်းပါဝင်သော နေအိမ်တစ်လုံးကို တွေ့ရစဉ်

ပဲခူးမြို့၊ ဥဿာမြို့သစ်ရပ်ကွက်ကြီး (၉) ရှိ မွန်စုကျေးရွာ၊ ပွဲစားကြီးကုန်းကျေးရွာနှင့် လာကမို့ ကျေးရွာ များမှ အိမ်ခြေ ၄၀၀ ခန့်အား စီမံကိန်း နယ်မြေအတွင်း ကျရောက်သည်ဟု ဆိုကာ ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် လာရောက် အကြောင်းကြား ထားကြောင်း သိရသည်။

ယခင်အစိုးရ လက်ထက် ကလည်း အထည် ချုပ်စက်ရုံ တည်ဆောက်ရန် အတွက် အဆိုပါ ဒေသ ခံများမှ နေရာ ပြောင်းပေး ရမှုများ ပြုလုပ်ခဲ့ရဖူးပြီး ဆုံးရှုံး နစ်နာမှု များစွာရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို စီမံကိန်း နယ်မြေအတွင်း ကျရောက်တယ်ဆိုပြီး လာဖယ်ခိုင်းတာ။ ပဲခူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးက ဦးဝေဇင်ထွန်း လက်မှတ်ထိုးထားတဲ့ စာကိုယူလာပြီး မြို့နယ်အုပ်ချုပ်ရေး မှူးရုံးက ဒုဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က လာပြောတာ။ ကျွန်တော်တို့ ဒီနေရာမှာ နေလာတာက ကြာနေပြီ။ အနည်းဆုံးလူတောင် ၁၀ နှစ်ကျော်နေပြီး ပြောင်းပေးရမယ် ဆိုရင်လည်း နေစရာနေရာ ပြန်ပေးရင် တော်သေးတာပေါ့။ ကျွန်တော်တို့ကို ဖယ်ပေးရမယ် ဆိုတာပဲ လာပြောတာ ဖယ်ပေးပြီးရင် ဘယ်လို အခြေအနေ ပြန်ဖန်တီး ပေးမယ်ဆိုတဲ့ တိကျတဲ့ အဖြေမပေးဘဲ လာဖယ်ခိုင်းတာ။ ဒီကိစ္စကို နိုင်ငံတော် သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ဆီကို အကြောင်းကြားစာ ပေးပို့ထားတယ်” ဟု မွန်စုကျေးရွာမှ ဒေသခံ ကိုမောင်အေးက ပြောကြားပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်