ရန်ကုန်တိုင်းဒေသကြီးအတွင်း အပူချိန် မြင့်မားနေသဖြင့် အဆိုပါ အပူရှိန်ကြောင့် ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်လာနိုင် သည်အထိ အသက်အန္တရာယ် ရှိလာနိုင်သည့်အတွက် ဂရုပြုသင့်ကြောင်း ဒေါက်တာ မြင့်ဦးက ဆိုသည်။
ပူအိုက်သည့် ရာသီကြောင့် အသက်ရှုမြန်လာခြင်း၊ အသက်ရှု ကြပ် လာခြင်း၊ အားအင်ချိနဲ့ကာ မူးလဲနိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူရှိန် အလွန် အကျွံ တက်လာခြင်း၊ ပျို့အန်ခြင်း စသည့်လက္ခဏာများဖြစ်ကာ ဦးနှောက် နှင့် အာရုံကြောကိုပါ ထိခိုက်လာ နိုင်ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့အပူချိန်မှာ ၃၇ ဒီဂရီ ဆဲလ်စီးရပ်စ် ရှိနေပြီး နောက်ရက်များတွင် ၃၄ ဒီဂရီ ဆဲလ်စီး ရပ်စ်မှ ၃၇ ဒီဂရီဆဲလ်စီးရပ်အထိ ရှိနိုင်သည် ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ၎င်း၏ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။
“အပူနှုန်း နုန်းချိတာမျိုးတွေမှ တစ်ဆင့် ဦးနှောက်နှင့် အာရုံကြောကိုထိခိုက်လာပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့ အပူရှပ်သတိလစ်ခြင်းတွေ ဖြစ်ပေါ်တတ်တယ်” ဟု ဒေါက်တာမြင့်ဦးက ပြောသည်။
သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ ကော့သောင်းမြို့၊ မွန်ပြည်နယ် ရေးမြို့ နှင့် ပေါင်မြို့များ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့၊ လှည်းကူးမြို့တို့၌ ခရမ်းလွန် ရောင်ခြည် အဆင့် (၁၁)အထိ ဖြစ်ပေါ်နေကြောင်းကိုလည်း သိရသည်။
"နွေရာသီတောင်မရောက်သေးဘူး။ တော်တော်ပူပါတယ်။ နေ့လည်ကျောင်းက ပြန်လာ လို့ကား ကနေပူ တဲ့ဘက်မှာ ဆိုခေါင်းတွေ မူးလာတဲ့အထိကို ပူတယ်။ မတ်တပ်ရပ်ရင်လည်း ကျောင်းက အဝေးကြီး၊ ပူလည်းထိုင် ရတာပါဘဲ" ဟု နည်းပညာတက္ကသိုလ် (လှိုင်သာယာ)တွင် တက်နေသော ကျောင်းသူ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော ရောဂါများမှ ကာကွယ်ရန် ရေများများသောက်ပေးခြင်း၊ သစ်သီး ဖျော်ရည်များ သောက်ပေးခြင်းအပြင် အရက်၊ ကော်ဖီ၊ ကိုကိုး(ချောကလက်)စသည့် အစား အသောက် များမှ စားသောက်ခြင်းမှ ရှောင်းရှားသင့်ကြောင်းကိုလည်း ဆရာဝန်များထံမှ သိရသည်။
"ဦလေးကနေ့လည် ၁၂ နာရီ ကျော်ရင် ခဏနားပါတယ်။ နေကအရမ်းပူတယ်။ အပေါ်ကလည်း ပူ အောက်က လည်းပူဆိုတော့ ကျန်းမာရေးအတွက်စိုးရိမ်ရတယ်။ ဦးလေးကသွေးတိုးရောဂါရှိတော့ ဓါတ်ဆား ရည်လည်း သောက်လို့မရဘူး" ဟု ရန်ကုန်မြို့တွင်း တက္ကစီ မောင်းသူတစ်ဦးက ပြောသည်။
အပူချိန်မြင့် မားနေချိန်၌ နေပူထဲထွက်ခြင်းမျိုးရှောင်းရှားသင့်ပြီး မဖြစ်မနေထွက်ရမည်ဆိုပါက အကာအ ကွယ် ယူသင့်ကြောကိုလည်း သိရသည်။
“နေပူထဲသွားလာတာကို ရှောင်ရှားရမယ်။ မဖြစ်မနေသွားရမယ်ဆိုရင်လည်းထီး၊ ဦးထုပ်ဆောင်း၊ ဖိနပ်စီး ရမယ်။ တက်နိုင်သလောက်နေရိပ်ထဲမှာ နားခိုနေရမယ်။ အင်္ကျီပွပွ၊ လုံချည်ပွပွ၊ အရောင်ဖျော့ဖျော့တွေ ၀တ်ဆင် သင့်တယ်။ အစားအစာကိုနည်းနည်းနဲ့ ခဏခဏစားပေးဖို့လည်း လိုအပ်တယ်” ဟု ဒေါက်တာ မြင့်ဦးက အကြံပေးပြောကြားခဲ့သည်။
ဆုပြည့်စုံဦး (မြစ်မခ)
0 comments:
Post a Comment