Monday, March 25, 2013

မိတ္ထီ လာအရေးပေါ် မူ ခြောက်ရပ် ချမှတ် BBC ဖော်ပြချက်

Posted by drmyochit Monday, March 25, 2013, under | No comments

သမ္မတ ဦးသိန်းစိန်၊ ပြည် သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင် ဆန်း စုကြည် တို့ သုံးဦး ဆွေးနွေးပြီး အစိုး ရပေါ် လစီ အနေနဲ့ မိတ္ထီ လာအရေးပေါ် မူ ခြောက်ရပ် ချမှတ် လိုက် တယ်လို့ သိရပါ တယ်။

ဒီကနေ့ မိတ္ထီလာမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးမှု အတွင်း သမ္မတရုံးဝန်ကြီး ဦးအောင် မင်းက မူ ခြောက် ရပ်ကို ချပြ ရှင်း လင်း ခဲ့တာ ဖြစ် တယ်လို့ အစ္စလာမ် ဘာသာရေး ကောင်စီ တွဲဖက် အတွင်းေ ရးမှူးချုပ် ဦးဝဏ္ဏရွှေက ဘီဘီစီကို ပြောပါတယ်။

မူ ခြောက်ရပ်ကတော့...

၁။ မိတ္ထီ လာဖြစ် စဉ်ပေါ် မှာ တရားဥပဒေ စိုးမိုးရေး ကို ထိရောက်အောင် ဆောင်ရွက်ဖို့၊

၂။ အလား တူ အဖြစ်မျိုး နောက်နောင် မဖြစ်ပေါ်အောင် တားဆီး ကာကွယ်ဖို့၊

၃။ မိတ္ထီ လာအရေးကြောင့် ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေ အမိုး အကာအောက် ရောက်ဖို့၊

၎။ အဆင်ပြေ သူတွေ အိမ်ပြန်နိုင် ဖို့ကို ဆောင်ရွက် သွားဖို့၊

၅။ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ပေါင်းစု ညှိနှိုင်းပြီး ဒုက္ခ သည်တွေ ကို ကူ ပံ့ဆောင် ရွက်ဖို့နဲ့

၆။ လူ့အဖွဲ့ အစည်း နှစ်ရပ်ကြား ချစ်ကြည်စွာ နေထိုင်နိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ အပါအ ၀င် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

ဒီကနေ့ မှာပဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စား လှယ် ဗီဂျေ နမ်ဘီး ယား ကလည်း မိတ္ထီ လာက အပျက် အစီးတွေ ကို အစိုးရ ၀န်ကြီးတွေ၊ ဘာသာရေး ခေါင်းဆောင် တွေနဲ့အ တူ သွားရောက် ကြည့်ရှု ခဲ့ကြပြီး ပြစ်မှု ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက် ဖို့ တောင်း ဆိုခဲ့ ပါတယ်။

BBC Burmese

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်