Monday, March 25, 2013

ပဲခူးတိုင်း အိုးသည်ကုန်းမြို့မှာ ဆူပူ တိုက်ခိုက် မှုဖြစ်

Posted by drmyochit Monday, March 25, 2013, under | No comments


ပဲခူးတိုင်း အိုးသည်ကုန်း မြို့မှာ ပလီ တလုံးနဲ့ အိမ် တချို့ မတ်လ ၂၄ ရက်နေ့ ညက တိုက်ခိုက် ဖျက်ဆီး ခံခဲ့ ရတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။ လူပေါင်း ၃၀၀ လောက် ပါ တဲ့ အုပ်စု ဟာ အိုးသည်ကုန်းက ပလီ တလုံး ကို တိုက်ခိုက် ခဲ့ တာ ဖြစ် ပါတယ်။

မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ အိမ်နဲ့ ဈေးဆိုင် ၂၀ ကျော်ကိုလည်း ဖျက်ဆီး သွားတယ် လို့ သိရပါတယ်။

အခုတော့ လုံခြုံ ရေး တွေ ရောက် ရှိ လာ တဲ့ အတွက် အခြေ အနေ တွေ ပြန်ငြိမ် သွားတယ်လို့ ဆိုပါတယ်။

မိတ္ထီ လာမြို့မှာ တော့ အရေး ပေါ် အခြေ အ နေ ကြေညာပြီး စစ်တပ် ကို ချထား လိုက်ပြီ ဖြစ်တဲ့ အတွက် အခြေ အနေတွေ တည်ငြိမ် လာ နေပြီ ဖြစ် ပါတယ်။

ဒါပေမယ့်လို့ ဒုက္ခ သည် စခန်းတွေမှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ ကြတယ်လို့ သိရပါတယ်။

BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်