Thursday, March 21, 2013

" မိတ္ထီလာဖြစ်စဉ်”

Posted by drmyochit Thursday, March 21, 2013, under | No comments


by Wira Thu (Notes) on Thursday, March 21, 2013

မန္တလေးမတ်(၂၀)

ယနေ့ (၂၀-၃-၂၀၁၃) ရက်နေ့ နက် (၉း၀၀) ခန့် ကဖြစ်သည်။ နယူးဝိန့် စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင် ၀င်း +ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်း ပါသည်။ ဦးခင်မောင်ဝင်း (၄၆) နှစ် ဒေါ်အေးအေးနိုင် (၄၅)နှစ်နှ င့်အတူ ကလေး နှစ်ယောက် လည်း ပါလာပါသည်။

ဆိုင်ရှင် ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ် လိုက် သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆို သည့် အခါ “ဒီကောင်မ လူးပါး ဝတယ်၊ ပြန်ဆက် မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြ ပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက် သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော် စပ်သူ မူဆလင် များကပါ ဝိုင်း၍ ရိုက်နှ က်ကြ သည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရား မလုပ်နှင့်ဟု ဝိုင်းအော် ကာ ရဲစခန်းကို ဖုန်း ဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက် လာပြီး နယူးဝိန့်စိန် ရွှေဆိုင် (မူဆလင်ဆိုင်) ပိတ်ပစ် လိုက်ပြီး ဦးထွန်း ထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီး သွားသည်။ ချုပ်ပေးသော မူဆလင် အမျိုး သမီးဒေါ် ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး တို့က ဘေးပေါက်မှ ထွက်ပြေး လွတ်မြောက် သွားသည်။

ရဲများ ရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ် သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့် အေး တို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့် အတူ တက်ရှာသော် လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေး မလေး နှစ်ယောက်သာ တွေ့ခဲ့ ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ် သွားရာ မြို့မိမြို့ ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေး မလေးနှစ် ယောက် ကို ခဲဖြင့် ပေါက်သူများ ရှိသော်လည်း မထိ မှန်ဘဲ ဝန်းရံ သူများကိုသာ ထိမှန် ခဲ့သည်။ ဆိုင်ကယ် ဦးထုပ်များ ဆောင်းထား ကြ၍ ဦးခေါင်း မထိခြင်းဖြစ်သည်။

ရဲစခန်း ရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော် များနေပြီဖြစ်သည်။ ခရိုင် အုပ်ချုပ်ရေး မှူးနှင့် ခရိုင်ရဲ တပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲ သွားကြပြီး ဖြစ်သည်။

ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ (၁း၀၀) ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်း တော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ် သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေး သွားပြီး သာသနာ့ အလံနှင့် ဘုရား ပုံမြင်သာ အောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့် ပျက်သွားခဲ့သည်။

လုံခြုံရေး များက ဗလီအား လုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာ ယူပေးထားပြီး ရဲသုံး ဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့် နေကြသည်။ သံဃာများ ရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်း ရလေအောင် ကာကွယ်စောင့် ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမ သွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။

ထိုအချိန် တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော် တစ်ပါး ဆိုင် ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့် ခုတ်လိုက်ရာ နားရွက် အထက် နောက်စေ့ ခုတ်မိပြီး လဲကျ သွားသည်။ ဆိုင်ကယ် မောင်းလာသူက တောင်းပန် သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲ ယူသွား ကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့် လောင်းပြီး မီးရှို့ သတ်ပစ် လိုက်ပါသည်။ ကားကြီး ဝန်း လမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်း သာ ကျန်ခဲ့သည်။

ဘုန်းကြီး တစ်ပါး မီးရှို့ အသတ် ခံရသည့် သတင်း ပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီး သည် ဒဟတ် တန်း မူဆလင် ရပ်ကွက်သို့ ချီတက် တိုက်ခိုက် ကြပြန်ရာ မြို့မဗလီ မီးလောင် ပျက်ဆီး သွားသည်။ မူဆလင် များက မြန်မာ အိမ်များကို အပြန် အလှန် မီးရှို့ကြပြီး ဒဟတ် တန်းရပ် ကွက်သည် မူဆလင် ရပ်ကွက်ဖြစ်ရာ ကျွံဝင် လာသော မြန်မာများ အထိ နာခဲ့သည်။ ဆေး ရုံတွင် ဒဏ်ရာရ (၁၆)ယောက် တွင် သုံးယောက်ပြင်း ထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင် (နှစ်ယောက်လည်း) ဆေးရုံ တက်ကု သေ နရ သည်။ မြန်မာ တစ်ယောက် ဆေးရုံမှာ ထပ်မံသေ ဆုံးသွား ပြီး ကုလားဗမာ ခွဲခြားမ ရသော မီးလောင် အလောင်း တစ်ခုကို ကုလား ရွာမှ ရရှိခဲ့သည်။

ထိုသို့ အပြန် အလှန် တိုက်ခိုက် နေချိန်တွင် မူဆလင် တစ်ယောက်က ဆယ်ဘီး ကားဖြင့် လိုက် တိုက်နေ၍ မြန်မာ တစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိ ထိမှန် သွားပြီး တိုက် တစ် လုံးကို ဝင်ဆောင့်ပြီး ရပ်သွား ခဲ့ သည်။ လူအုပ် ကြီးက ယဉ်မောင်း ကို ဆွဲချပြီး မီးရှို့ ပစ်လိုက် ကြသည်။ ၄င်းသည် မိတ္ထီလာ ဆေးရုံမှ မန္တလေး သို့ အသွား တွင် အသက်ရှူရပ် သွား၍ ၄င်းကို ခေါ်လာခဲ့ ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွား ခြင်းဖြစ်သည်။

ည (၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက် ပွဲများ ပြင်းထန် လျက် ရှိပြီး (၁၀း၀၀) နာရီ ရောက်မှ ပြီးဆုံး သွားခဲ့ သည်။ ၁၄၄- အမိန့် ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေး တပ်ရင်းများ အုပ်စီး မိသွား ခြင်းကြောင့် ပြီးဆုံး သွားခြင်း ဖြစ်သည်။

မူ ဆလင် များသည် အမျိုး သမီးများ၊ ကလေး သူငယ်များ အဖိုး အဖွား များကို တင်ဆောင်ကာ ကား တန်း ကြီးဖြင့် တောင်ကြီး ဖက်သို့ ဦးတည် မောင်းသွား ကြကြောင်း သိရသည်။ (၁၀း၃၀) ကျော်တွင် မြန်မာရပ် ကွက်ရှိ ဗလီ များအား လုံးနီးပါး မီးရှုံ့ ခံရပြီး မူဆလင် ရပ်ကွက်နှင့် ကျေးရွာ များမှာ ပုံမှန် အနေ အထား အတိုင်း သာ တည်ငြိမ် လျက်ရှိ ပါသည်။

မိတ္ထီ လာတွင် ကျောက် ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင် ငူစသော မြန်မာပြည် အနှံ့ အပြားမှ ထွက်ပြေး လာသူ များ ခြေချ လျက် ရှိကြောင်း၊ ငွေကျပ် တစ်သိန်း ရှစ်သောင်း တန်ကို ငါးသောင်းဖြင့် ဈေးဖြတ် ရာမှ စ ခဲ့ကြောင်း၊ တစ်ခြား ဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့် ဆိုင်မှ ရွှေထည် ကိုပင် ဈေးနှိမ်ခြင်း၊ မောက် မာခြင်း၊ အုပ်စုဖွဲ့ ရိုက်ခြင်းများ ပြုလုပ် ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ ခံရ၍ သေဆုံးရာမှ ဗလီများ သို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်း သည့် မိသားစုသည် မနက်ဖြန် အလှူပေး ဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ် အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန် အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်း သိရသည်။

Wira Thu

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်