Thursday, March 21, 2013

ထိုင်းတွင် မြန်မာအလုပ်သမားများကို တင်ဆောင်သည့်ကား တိမ်းမှောက်

Posted by drmyochit Thursday, March 21, 2013, under | No comments


ထိုင်းနိုင်ငံ ရပ်ခ်ျဘူရီ ခရိုင်မှာ မြန်မာ အလုပ် သမား တွေကို တင်ဆောင် လာတဲ့ ကား တစီး တိမ်းမှောက် ခဲ့တယ်လို့ ရဲရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ရေးသား ထားပါတယ်။

ကားတိမ်းမှောက် မှုကြောင့် ၄ လအရွယ် ကလေးငယ်နဲ့ ၆ နှစ် အရွယ် ကလေးငယ် အပါ အ၀င် ရွှေ့ပြောင်း မြန်မာ အလုပ် သမား ၁၅ ဦး ဒဏ်ရာ ရခဲ့ပြီး Pak Tho ဆေးရုံကို ပို့ဆောင်ထား ပါတယ်။

ရပ်ခ်ျဘူရီခရိုင် Pak Tho ရဲစခန်းက ဒုတိယ ရဲအရာရှိ အပြောအရ ကားရဲ့ နောက်ဘီး ကား တာယာ ပေါက်ပြီး နောက် ကားမောင်း သမား မာလုခန် စမွတ်ဟာ အရှိန် မထိန်း နိုင်ဖြစ်ပြီး မြောင်း ထဲကို ထိုးဆင်း တိမ်းမှောက် ခဲ့တာလို့ ဆိုပါတယ်။

ဒီ အလုံပိတ် ယာဉ်ဟာ နာရာသီဝပ်ခရိုင် ကနေ တာ့ခ်ခရိုင် မဲဆောက်ကို သွားတာ ဖြစ်ပြီး မေလးရှား နိုင်ငံက သူတို့ တွေကို နှင်ထုတ် ခဲ့ပြီး တဲ့နောက် ထိုင်းနိုင်ငံမှာ ပုန်းအောင်း ခဲ့သူတွေ ဖြစ် တယ်လို့ ရဲ အရာ ရှိက ပြော ပါတယ်။ သူတို့ တွေကို မြန်မာ နိုင်ငံဘက် ပြန်ပို့ မယ့် ခရီးမှာ ကားတိမ်း မှောက်ခဲ့တာပါ။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်