သမိုင်းဆိုတာ ဟောင်းလေတန်ဖိုး ကြီးလေပါပဲ။ နိုင်ငံ တစ်နိုင်ငံ ပဲဖြစ်ဖြစ်၊ လူ ပုဂိ္ဂုလ် တစ်ဦး တစ်ယောက် ပဲဖြစ် ဖြစ် အချိန် ကြာလာတာနဲ့အမျှ သမိုင်း တန်ဖိုးမြင့် တက်လာ တတ်ပါ တယ်။ ကုန်ကုန်ပြောရ ရင် အိုးခြမ်းပဲ့ လေး တစ်ခု ကတောင် သူ့ သမိုင်းနဲ့ သူ ရှိနေ တတ်တယ်။
အိုးခြမ်းပဲ့ ဆိုပြီး တန်ဖိုးမဲ့ လိမ့်မယ် မထင်လိုက် ပါနဲ့။ သူ့မှာ ဖွဲ့တည် နေတဲ့ အချိန် ကာ အလျှောက် သူ့ခေတ် သူ့ကာလ က လူနေမှု စနစ်ကို ပြောပြ နေတယ်။ သာမာန် လူတွေ နားမလည် နိုင်ပေမဲ့ သမိုင်း ပညာ ရှင် တွေကတော့ အိုးခြမ်းပဲ့ ကပြော တဲ့ သမိုင်း ကို နားလည် နေကြတယ်။
အိုးခြမ်း ပဲ့မှာ ပါဝင် နေတဲ့ ရွှံ့မြေ အမျိုး အစား၊ သူ့မှာ ကပ်ငြိ နေတဲ့ နွယ်၊ မြက်၊ သစ်ရွက်၊ သူ့ကို အလှဆင် ထားတဲ့ ပန်းချီ၊ အနုပညာ အားလုံး ပေါင်းစပ် ကြည့်လိုက် ရင် သမိုင်း မှတ်တမ်း တစ်စောင် ရနိုင်တဲ့ အထိ အိုးခြမ်းပဲ့ တစ်ခုဟာ သမိုင်းဝင် ပစ္စည်းဖြစ် သွား တတ်ပါ တယ်။ ဒါကြောင့် မို့လည်း ဆရာ တင်မိုး ပြောခဲ့ သလို အလှ ကိုယ်စီ ရှိကြ တာ ချည်း ပါပဲ။
အခု ဆိုရင် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်တဲ့ ပုဂံ အာနန္ဒာ ဘုရားမှာ နံရံ ဆေးရေး ပန်းချီ တွေကို ပြန်လည် ဖော်ထုတ် နေပြီ။ နှစ်ပေါင်း များစွာ ချေး ညှော်တွေ ကပ်နေတဲ့ နံရံ ဆေးရေး ပန်းချီတွေ၊ ထုံး သုပ်ထား လို့ တိမ်မြုပ် ပျောက် ကွယ် နေတဲ့ ပန်းချီ တွေကို အိနိ္ဒယ နိုင်ငံရဲ့ အကူ အညီ နဲ့ ပြန်လည် ဖော်ထုတ် နေတာ ကိုဖြင့် ကျေးဇူးတင် ဂုဏ်ယူ ၀မ်းမြောက် မိပါတယ်။
နံရံ ဆေးရေး ပန်းချီ တွေကလဲ ပုဂံ ခေတ်ရဲ့ လူနေမှု ဘ၀ကို အတန် အသင့် ပြောပြ နိုင်မယ် ထင်ပါ တယ်။ ပုဂံမှာ ရှိတဲ့ ဂူဘုရား တွေရဲ့ နံရံ ဆေးရေး ပန်းချီတွေဟာ ဖြင့် ပုဂံ ခေတ်ရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ် ကျေးမှုတွေကို အများကြီး ပြောပြနေတာလေ့လာတွေ့ရှိရပါတယ်။ နှစ်ပေါင်း ထောင်ချီ ကြာမြင့် နေပြီ ဖြစ်တဲ့ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ် မြေဟာ ဖြင့် တန်ဖိုး ကြီးမားတဲ့ သမိုင်း အမွေ အနှစ် တွေကို ချန်ရစ်ခဲ့ တာတော့ အမှန်ပါပဲ။
ဒီလိုပါပဲ မြန်မာ့ သမိုင်းမှာ ပထမ မြန်မာ နိုင်ငံတော် ကြီးကို တည်ထောင်ခဲ့ တဲ့ အနော်ရထာ၊ ဒုတိယ မြန်မာ နိုင်ငံ တော်ကြီး ကို တည်ထောင်ခဲ့တဲ့ ဘုရင့် နောင်ကျော်ထင်နော်ရထာ၊ တတိယ မြန်မာ နိုင်ငံတော် ကြီးကို တည်ထောင်ခဲ့ တဲ့ အလောင်းဘုရား ဦးအောင်ဇေယျ၊ နောက်ဆုံး စတုတ္ထ မြန်မာ နိုင်ငံတော် ကြီး ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်း။
ဗိုလ်ချုပ် အောင်ဆန်းနဲ့ ခေတ်ပြိုင် လုပ်ဖော် ကိုင်ဖက် နိုင်ငံရေး သမား အချို့ ကတော့ ဒီ အဆို ကို သဘော တူကောင်း မှ တူကြမှာပါ။ ဒါပေမဲ့လည်း ပြည်သူလူ ထုတစ်ရပ်လုံးရဲ့ရင်ထဲမှာရှိခဲ့တာက ဗိုလ် ချုပ် အောင်ဆန်း ပါပဲ။ (၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)နေ့က တည်းက သူ့ကျွန် ဖြစ်ခဲ့ ရတဲ့ မြန်မာ နိုင်ငံကို လွတ် လပ်ရေး လမ်းကြောင်းပေါ် တင်ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်းပါ။ လွတ် လပ်ရေး မီးရှူး တိုင်ကို ထွန်းညှိ ပေးခဲ့တဲ့ သူဟာ ဗိုလ်ချုပ် အောင်ဆန်းပါ။ ကျန်တဲ့ သူတွေက လွတ်လပ်ရေး မီးရှူး တိုင်ကို ၀ိုင်း ၀န်းထိန်းသိမ်းရင်း လက်ဆင့်ကမ်းသယ် ယူလာတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မို့လည်း ဗိုလ်ချုပ် အောင်ဆန်း ကို စတုတ္ထ မြန်မာ နိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ သူလို့ ပြည်သူ တစ်ရပ် လုံးက ဂုဏ်ပြုခေါ် ဝေါ်ခဲ့ တာပါ။
ဗိုလ်ချုပ် အောင်ဆန်း၊ သခင်အောင် ဆန်း၊ ဦးအောင်ဆန်းလို့ခေါ်ဝေါ်နေကြ တာဟာဖြင့် ပြည့်စုံ လုံလောက်မှု မရှိဘူး ထင်ပါတယ်။ ကျွန်တော်သဘောပြောရ ရင် ““မဟာအောင်ဆန်း””လို့တောင် ခေါ် လိုက် ချင် တယ်။
ခေါ်လည်း ခေါ်ထိုက် မယ်လို့ ထင်ပါ တယ်။ ပုဂံခေတ်ကနေ မျက်မှောက်ခေတ် အထိ သူ့လို ယောက်ျားမျိုး ဘယ်နှစ်ယောက် ပေါ်ထွန်း ခဲ့ဖူး လို့လဲ။ စစ်ရေးအမြင်၊ နိုင်ငံ ရေးအမြင်၊ စီးပွားရေးအမြင်၊ လူတန်းစား အမြင် ဘက်ပေါင်းစုံ အမြင် ကျယ်ကျယ် နဲ့ ရှုမြင်သုံးသပ်ခဲ့တဲ့ ခေါင်းဆောင်တစ် ယောက်ပါ။ ပဒေ သရာဇ် ခေါင်းဆောင် တွေလို လူမျိုးကြီးဝါဒကျင့်သုံးပြီး နိုင် ထက်စီးနင်းအနိုင်ယူတာမျိုးမလုပ်ခဲ့ဘူး။ အားလုံး တန်းတူ အခွင့် အရေး ပေးပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို ဖော် ဆောင်ပေးခဲ့တယ်။ ဗမာ တစ်မျိုး သားလုံး လွတ်လပ်ပြီး တိုင်းရင်းသားတွေကတော့ နယ်ချု့လက်အောက်မှာ ကျွန်သားပေါက် ဘ၀ရောက် နေမှာကို မလိုလားဘူး။ ဗမာ တစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ ကချင်တစ်ကျပ်၊ မွန်တစ်ကျပ်၊ ကရင် တစ်ကျပ်၊ ရခိုင်တစ် ကျပ်၊ အားလုံးအေးတူပူအမျှ သာယာဝ ပြောတဲ့ မြန်မာနိုင်ငံအဖြစ် အမှန်တကယ် သူမြင် ချင်တယ်။ ဒါကြောင့်မို့လဲ ပင်လုံ စာချုပ်ကို သည်းခံခွင့်လွှတ်နားလည်မှု တွေပေးပြီး ညီညွတ်ရေး စာချုပ် ချုပ်ဆို နိုင်အောင် သူကြိုးပမ်းခဲ့တယ်။ သူကွယ် လွန်ပြီးကာမှ နိုင်ငံတော်ဝါးအစည်းပြေ သွား တာဟာ သူ့ရဲ့ပယောဂမဟုတ်တော့ ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ နိုင်ငံ တော်ရဲ့သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားခဲ့တဲ့သူပါ။ ဒါကြောင့်မို့ လဲ ဗိုလ်ချုပ် အောင်ဆန်းကို ကျွန်တော်တို့ ရဲ့ ကြီးမြတ်သော ခေါင်းဆောင်ကြီးအဖြစ် ““မဟာအောင်ဆန်း””ရယ်လို့ ဂုဏ်ပြု ခေါ် ဝေါ်လိုက်ချင်တာပါ။
အဲဒီမဟာအောင်ဆန်းဆိုတဲ့ လူ တစ်ယောက် ကျွန်တော်တို့ချောက်မြို့ကို ရေက်လာခဲ့ဖူးတယ်။ သူနဲ့ ပတ်သက် တဲ့ သမိုင်းတစ်ခုဟာဖြင့် ပြောစမှတ်ဖြစ်ပြီး ကျန်ရစ်စေချင်သလို နောင်လာနောင် သားတွေ လည်း အတုယူစေချင်တယ်။ ဒီ သမိုင်းတစ်ကွက်ကိုလဲ အသက်(၈၀) ကျော်နေပြီဖြစ်တဲ့ အဘဦး ၀င်းမောင် ဆီ က ကြားခဲ့ရလို့ မှတ်တမ်းတင်လိုက်ရတာ ပါ။ မြန်မာနိုင်ငံမှာ သခင်အရေအတွက် တွေ လျော့နည်း လို့လာ ပါပြီ။ မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးသမိုင်းဟာ သခင်တွေ မပါရင် မပြည့်စုံပါဘူး။ မြန်မာ့လွတ်လပ် ရေးနဲ့ သခင် တွေရဲ့ အခန်းကဏ္ဍဟာ ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ ပန်းလိုခွဲခြားပစ် လို့မရပါဘူး။ သခင်တွေရဲ့ လွတ်လပ် ရေး ကြိုပမ်းမှု အတိုင်းအတာတစ်ခုကြောင့် မြန်မာလွတ်လပ်ရေးရတာပါလို့ပြောရင် ငြင်းနိုင် မယ်မထင် ပါဘူး။ ဒါကြောင့်မို့လဲ သခင်ဆိုရင် ဦးညွှတ်ဂုဏ်ပြုချင်တော့တာ ပါပဲ။
အဘဦး ၀င်း မောင်ပြောပြ လို့ သခင် အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦး အောင်ဆန်း၊ မဟာ အောင်ဆန်း ဟာ ချောက်မြို့ကို ၁၉၄၇ ခုနှစ် မတ်လ (၂၃) ရက်နေ့မှာရောက်လာခဲ့ပါတယ်။ ချောက် ကိုမ လာခင် ချောက်မြို့ရဲ့ မြောက်ဖက်မှာ ရှိတဲ့ စဥ့်ကူဆိုတဲ့မြို့ကို အရင်သွားပါ တယ်။ စဥ့်ကူမြို့မှာရှိတဲ့ ဦးစံလှ- ဒေါ်ဖြူ လှရဲ့တိုက်မှာ တည်းခိုနားနေပြီး မြို့သူ မြို့သားတွေကို မိန့်ခွန်းပြောပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကို မြို့လူ ထုက သြ ဘာစာတွေဖတ်ပြီး ကြိုဆိုဂုဏ်ပြုတာကို ဗိုလ်ချုပ်ကမကြိုက်ပါဘူး။ ဒီတော့ လည်း ရှင်းရှင်းပဲ ပြောလိုက် တယ်။ ““သြဘာစာ ဖတ်နေလို့ လွတ်လပ်ရေးမရနိုင်ဘူး အချင်းချင်း ညီညီ ညွတ်ညွတ် စည်းစည်း လုံးလုံး လုပ်မှ လွတ်လပ်ရေး ရနိုင်မယ်လို့ ပြောသွား ခဲ့ပါတယ်။””
ခြောက်မြို့က ပြည်သူ့ရဲဘော်တွေ ကလဲ ဗိုလ်ချုပ်အောင်ဆန်းကို စဥ့်ကူမြို့ ထိသွားပြီး ကြိုကြပါတယ်။ အဲဒီ တုန်းက ပြည်သူ့ရဲဘော်ဆိုတဲ့သူတွေကတော့ ဗိုလ် မြတ်ကျော်၊ စလေဗိုလ်ဝ၊ သခင်သံခဲ၊ သခင်စံဦး၊ သခင်ခင် မောင်ညို၊ သခင်ခင် မောင်ဖြူတို့ဖြစ်တယ်လို့ သိရပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ သားတပည့် တွေဖြစ်တဲ့ ပြည်သူ့ ရဲဘော် တွေဟာ ချောက်မြို့ ကနေပြီး စဥ့်ကူးမြို့ အထိ လာ ကြို နေတာကို တွေ့ရတော့ ဗိုလ်ချုပ်အောင် ဆန်းက ဒီလိုပြော ပါသတဲ့။ ““ငါ့ကို လာ ကြိုစရာ လဲမလို ဘူး၊ စောင့်ရှောက် စရာ လည်းမလိုဘူး။ မင်းတို့ တကယ် စောင့် ရှောက်ရ မှာက ပြည်သူလူထုပဲ””လို့ ပြော ပါ သတဲ့။
ဟုတ်ပါ တယ်။ လက်နက် ကိုင် အဖွဲ့ အစည်း ဆိုတာ ကိုယ့်ခေါင်း ဆောင်ကို ကာကွယ်ဖို့ ထက် ကိုယ့် နိုင်ငံသား တွေကို ကာကွယ် ဖို့က ပဓာနကျပါတယ်။ တကယ် တော့ နိုင်ငံသား တွေ ဆိုတာ အားကိုးရာ မဲ့တဲ့သူ တွေပါ။ သူတို့ရဲ့ဘ၀ဟာ လုံခြုံ မှုမရှိပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တည် ငြိမ်အေးချမ်းနေတဲ့ ကာလမျိုး မှာသာ နိုင်ငံသားတွေရဲ့ လူနေမှုဘ၀က လုံခြုံ တာပါ။ လွတ်လပ်ရေးမရသေးတဲ့ ကြား ကာလ မျိုးမှာ လက်နက်ကိုင်သောင်းကျန်း သူတွေရဲ့ ရမ်းကားမှုတွေကြောင့် ပြည်သူ လူထုဟာ ကျီးလန့်စာ စားဖြစ် နေကြ ရ တယ်။ အဲဒီလိုကျီးလန့်စာစား ဘ၀ရောက် နေကြတဲ့ ပြည်သူလူထုကို ပြည်သူ့ရဲ ဘော်တွေ အနေ နဲ့ စောင့်ရှောက် ရမယ် လို့ ဗိုလ်ချုပ်အောင်ဆန်းက သြ၀ါဒခြွေ သွားခဲ့ခြင်းဖြစ်ပါတယ်။
တကယ် တော့ လက်နက်ကိုင်အဖွဲ့ အစည်းဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် ရန်သူ ပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ လက်နက်ကိုင်အဖွဲ့အစည်း ဆိုတာ ရှိသင့်ပါတယ်။ သူ့ရဲ့အခန်းကဏ္ဍ ကို ပစ်ပယ် ထား လို့မ ရပါဘူး။ သူလဲအရေး ပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံ တော်ရဲ့ လုံခြုံရေး၊ အေးချမ်း သာယာ ရေးဟာ (လက်နက်ကိုင်အဖွဲ့အစည်း)ရဲ့ ခံယူချက်အမြင်ပေါ်မှာ မူတည်နေပါ တယ်။ ဗိုလ်ချုပ် အောင်ဆန်း က ပြည်သူ့ ရဲဘော်တွေကို ပြောခဲ့သလို ပြည်သူလူထု ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စောင့် ရှောက်တဲ့ အဖွဲ့ အစည်း အဖြစ် ရပ်တည် နေသမျှကာလပတ်လုံး ပြည်သူလူထုရဲ့ မေတ္တာကို ရရှိ နေကြ မှာပဲ ဖြစ်ပါတယ်။ ပြည်သူ လူထုနဲ့ စိတ် သဘော ထားချင်း ကွဲ တဲ့ နေ့ ဟာလဲ တိုင်းပြည် ပျက်တဲ့ နေ့ပဲ ဖြစ် ပါလိမ့်မယ်။
ဒီကနေ့ မြန်မာ နိုင်ငံတော် ဟာ ဒီမို ကရေ စီ နိုင်ငံတော် သစ်ပြန် လည်တည် ဆောက်ဖို့ အတွက် အရှိန်ယူ နေဆဲ ကာလ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်းများစွာ ခံစားလာ ခဲ့ရတဲ့ စိတ် ဝေဒနာ တွေကို ပြန်လည်ကု စားနေကြရတဲ့ ကာလမျိုးပါ။ ရင်ထဲမှာ မွန်းကြပ်နေအောင် ဖိနှိပ် ခံစား လာခဲ့ ရတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီ ရေကြည် တစ်ပေါက်သောက်ရဖို့အတွက် ဘယ် လောက် ရုန်းကန် ခဲ့ရတယ် ဆိုတာ အားလုံး အသိပဲဖြစ်ပါလိမ့်မယ်။ ရဟန်းရှင်လူ၊ ပြည်လူ/ပြည်သားတွေနဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ် လူငယ် တွေရဲ့ ဘ၀တွေ အများကြီး ရင်းနှီးပေးဆပ်ခဲ့ကြရပါတယ်။ နံနက်ခင်းရဲ့ နေရောင် ခြည်နဲ့ အတူရှင် သန်ကြီးပြင်းကြရမယ့် သားကောင်းရတ နာတွေဟာ အမှောင်လွှမ်းသောကာလ တွေနဲ့ ရင်ဆိုင် ကြုံတွေ့ ရလို့ တိုင်းပြည် ချောက်ထဲကျရောက်သွားကြရပြန်ပါ တယ်။ နိုင်ငံအတွက် ပြန်လည် ထူထောင် ရေးမှာ တစ်တပ်တစ်အား ပါဝင်ရမယ့် သူတွေဟာ နိုင်ငံတော်အချုပ်အခြာအာ ဏာ တည်တံ့ ခိုင်မြဲရေး အတွက် အသက် ပေး စတေး ခံလိုက် ကြရတယ်။ ဒီလိုနဲ့ပဲ မြန်မာ နိုင်ငံတော် ကြီးဟာ တစ်က နေပြီး ပြန်စကြရတဲ့ အခြေ အနေ မျိုး ကြုံ ခဲ့ကြ ရပြန် ပါတယ်။ အခြား နိုင်ငံ တွေက ရှေ့ကို ခြေ လှမ်း လေး၊ ငါးဆယ် ရောက်နေ ပေမဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကဖြင့် အကြိမ်ကြိမ်အခါခါ တစ်ကပြန် စနေရ လို့ ခရီးမတွင် နိုင်ဘဲ ဖြစ်ခဲ့ ရပါတယ်။
မျက်မှောက်ခေတ် ကမ္ဘာ ကြီးရဲ့ တောင်းဆို ချက်နဲ့ အတူ ပြည်သူ တစ်ရပ် လုံး ကလဲ ဒီမို ကရေစီ အလင်း ရောင် သစ်ကို မြင်တွေ့ လို လှပါပြီ။ ပြည်သူ တစ်ရပ်လုံး လျှောက်လှမ်း ကြရမယ့် ဒီမိုကရေ စီလမ်း မကြီး ပေါ်မှာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာတပ်မတော်က လက် တွဲညီညီ လိုက်ပါ နိုင်ကောင်း ရဲ့လို့ ခံစားမိ ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ကလည်း ဗိုလ်ချုပ် အောင်ဆန်း ရဲ့ ဆန္ဒနဲ့ တစ်ထပ် တည်း ကျတဲ့ မိန့်ခွန်း တစ်ရပ်ကို သူ့ရဲဘော် တွေကို ပြောပြခဲ့ ပါတယ်။
တကယ် တော့ စစ်သားကောင်း တစ်ယောက် ဟာ စစ်စည်း ကမ်းတွေကို တိတိကျကျ လိုက်နာပြီး လက်နက် အား ကိုး အနိုင်ကျင့် ဗိုလ်ကျ စိုးမိုး တာမျိုးတွေ သာ မလုပ်ဘူး ဆိုရင် သိကြား မင်းက လက်အုပ်ချီ ရှိခိုးရမယ့် ယောက်ျားကောင်း၊ ယောက်ျားမြတ် များသာ ဖြစ်ပါတယ်။ ဒီလို ယောက်ျား ကောင်း၊ ယောက်ျား မြတ် တွေ ဖြစ်လာ နိုင်အောင်လည်း တပ်မတော် ရဲ့ ဖခင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း အပါ အ၀င် တပ်မ တော်ခေါင်း ဆောင်တွေ ဟာ လေ့ကျင့် ပျိုးထောင် ပေးခဲ့ ကြဖူးပါ တယ်။
ဗိုလ်ချုပ် အောင်ဆန်း ကတော့ သူ့ရဲ ရဲဘော် တွေကို ပြစ်ပြစ် နှစ်နှစ် ဝေဖန်ပြီးတဲ့ နောက် ချောက်မြို့ကို ရောက်ရှိ လာပါ တော့တယ်။ ချောက်မြို့ကို ရောက်တယ် ဆိုရင်ပဲ ရေနံမြေ မန်နေဂျာ ဆိုတဲ့ သူတွေ နဲ့ အလိုတော် ရိတွေ၊ မြို့ မျက်နှာ ဖုံးတွေက ဗိုလ်ချုပ်ကို ထမင်း စားပွဲနဲ့ ဧည့်ခံဖျော် ဖြေဖို့ကြိုး စားပါတယ်။ ဒီနေရာမှာ ပို စတာ တိုက်ပွဲလေး တစ်ခု ဖြစ်သွား တယ်လို့ မှတ်သား ရပါတယ်။
ဒီလိုပါ။ ဈေး အနောက်ဖက် ခေတ် သစ် စတိုးပိုင်ရှင် ဦးခင်မောင်ဖြူ၊ ဒေါ်သန်း ရီတို့ရဲ့ ဆိုင်ရှေ့မှာ ““ဗိုလ်ချုပ်၊ အလိုတော် ရိတွေက ဗိုလ်ချုပ်ကို ညာ တော့မယ် သတိ ထားပါ”” ဆိုတဲ့ ပိုစတာကို ကပ်ပြီး တိုက်ပွဲဝင် ခဲ့သတဲ့။ ဗိုလ်ချုပ် အောင်ဆန်း ရဲ့အပါး တော်မြဲ ဗိုလ်ထွန်းလှက ဒီသတင်း ကို ဗိုလ်ချုပ်ကို အသိပေး လိုက်ပါတယ်။ ဗိုလ်ချုပ်လဲ မန်နေဂျာနဲ့ အလိုတော်ရိ တွေရဲ့ ဖိတ်ကြားချက်ကို လက်မခံတော့ ဘဲ (ယခု သာသနာ့ ဗိမာန်) ရှိတဲ့ မြေကွက် လပ်မှာ ရောက်နေကြတဲ့ ချောက် မြို့သူ/ မြို့သား တွေဆီကို တိုက်ရိုက် သွားပြီး မိန့်ခွန်း ပြောပါ တော့တယ်။ နံနက် (၁၀) နာရီလောက် ရှိပြီလို့ သိရပါတယ်။
အဲဒီ လူထု ဟောပြော ပွဲမှာ ဗိုလ်ချုပ် က ပုံပြင် တစ်ပုဒ်ကို ဥပမာဆောင်ပြီး ပြောသွား တယ်လို့ အဘ ဦးဝင်း မောင်က ပြောပြ ပါတယ်။ အဲဒီ ပုံပြင်ကတော့ ဘုရင် ဖြစ်ဖို့ ကံဇာ တာ ရှိတဲ့သူ တစ်ယောက်ကို ရွှေထီးဆောင်း ရလိမ့်မယ်လို့ ဗေဒင်က ဟောပေမဲ့ ဘုရင်ဖြစ် ထိုက်လောက်တဲ့ ကြိုးစား အားထုတ်မှု မရှိဘဲ ပေါ့ ပေါ့နေ၊ ပေါ့ပေါ့ စားမိလို့ နောက်ဆုံး သုသာန်မှာ အားပြတ်ပြီး လဲနေတုန်း ဘုရင်ကသနား လို့ ရွှေထီး ဆောင်း ပေးလိုက် ရတယ်ဆိုတဲ့ ပုံပြင်ကို ပြောပြီး ချောက်မြို့သူ /မြို့သား တွေလဲ လွတ်လပ်ရေး တော့ရမှာ ပဲဆိုပြီး ပေါ့ပေါ့နေ၊ ပေါ့ပေါ့ စားကြ ရင်တော့ လွတ်လပ်ရေး မရဘဲ သူ့ကျွန် ဘ၀နဲ့ သေ ကြရ လိမ့်မယ် လို့ ပြောခဲ့ တယ်ဆိုပဲ။ လူထု ဟောပြော ပွဲ အပြီး မှာတော့ အမျိုးသမီး ခေါင်းဆောင် သခင်မ ဒေါ်တင်ရွှေ (ရွာဟောင်း) က ဘူးသီး ငါးပေါင်း ကြော်နဲ့ ဧည့်ခံ လိုက်တယ် လို့လဲ ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ် အဖြစ် အဘဦးဝင်း မောင်က ပြန်ပြောင်းပြောပြတာကို မှတ် တမ်းတင်ရင်း ဒီမို ကရေစီ ခရီး လမ်းမှာ အပ္ပမာဒေန သမ္ပာဒေထလို့ပဲ နိုးဆော် လိုက်ပါ ရစေလား ခင်ဗျာ။
သိန်းမြင့်ညို(ချောက်)
From: Hot News
0 comments:
Post a Comment