ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ပြိုကျ ခဲ့တဲ့ အဆောက် အဦးကြားက အသက် ရှင်လျက် ပိတ်မိနေသူ လူပေါင်း ၄၀ ကို ကူညီ ကယ်ဆယ်ရေး သမားတွေက ကယ်တင်နိုင်ခဲ့ပေမယ့် ရာနဲ့ချီတဲ့လူတွေ ပျောက်ဆုံး နေဆဲ ဖြစ်ပါ တယ်။
ကယ်ဆယ် ရေး သမား တွေက ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်တာကို သွားရောက်ကြည့်ရှုသူတွေ များပြား (Credit: Reuters)
မြို့တော် ဒါကာ မြို့မှာ အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးပြိုကျပြီး အဲလို ပြိုကျတဲ့အတွက် ခုလော လောဆယ် လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၇၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။
ကူညီ ကယ်ဆယ်ရေး သမားတွေက လူတွေကို အသက်ရှင်လျက် ကယ်ထုတ်နေတဲ့ ပုံတွေကို ရုပ်မြင် သံကြား မှာ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အတွက် လူတစ်ယောက်ကို ကယ်တင်မိတိုင်း ဘေးမှာ စောင့်ကြည့် နေတဲ့ ထောင်နဲ့ချီတဲ့ လူတွေက လက်ခုတ်သြဘာပေး ဝမ်းမြောက်နေတဲ့ ပုံတွေကို မြင်ရပါတယ်။
အထပ် ၈ ထပ်ရှိတဲ့ အဆောက်အဦးဟာ အထည်ချုပ် စက်ရုံဖြစ်ပြီး အဲဒီထဲမှာ အလုပ်သမား ရာနဲ့ချီ အလုပ် လုပ်ကြ သလို အဆောက်အဦးအတွင်း ဈေးဆိုင်တွေနဲ့ ဘဏ်တစ်ခုပါ ရှိတဲ့အတွက် လူအတော်များများ သွားလာ နေတဲ့ အဆောက်အဦးဖြစ်ပါတယ်။
အဆောက် အဦး ပြိုကျမှု မဖြစ်ခင် ရက်ပိုင်း အတွင်း ကွဲ အက်မှု တွေဖြစ်ပြီး အဆောက် အဦး အတွင်း နေထိုင်ဖို့ မသင့်ဘူး ဆိုတဲ့ သတိပေးချက်ကို ပိုင်ရှင်ကို ပိုင်ရှင်က လစ်လျူရှုခဲ့ပြီး အလုပ်သမားတွေကို ဆက်ပြီး အလုပ် လုပ်ဖို့ ပြောခဲ့ပါတယ်။
ခုအခါမှာ အဆောက်အဦးပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်နေပြီး ပိုင်ရှင်ကို အမိအရဖမ်းဆီးပြီး ထိုက်တန် တဲ့ အပြစ် ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က ကတိပေးလိုက်ပါတယ်။
From: ABC Radio
0 comments:
Post a Comment