ဆော်ဒီ အရေး ဗီးယားနိုင်ငံမှာ ခိုရိုနာ ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ရော အသစ် အဆန်း တမျိုးကြောင့် လူနှစ်ဦး ထပ်မံ သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။
ဆေးရုံ မှာမြင်တွေ့ရ တဲ့ဓါတ် ခွဲခန်း တခု (Credit: ABC)
ခိုရိုနာဗိုင်းရပ်စ် ရောဂါသစ်ဟာ ဥရောပတိုက်တခွင်ကိုလည်း ပြန့်နှံ့နေပြီလို့ ဆိုပါတယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ သတိပေးချက်အရ အခုဖြစ်ပေါ်လာတဲ့ ခိုရိုနာဗိုင်းရပ်စ် ရောဂါသစ်ဟာ နီးနီး ကပ်ကပ် ဆက်ဆံတဲ့လူတွေကို ကူးစက်ပြန့်ပွားနိုင်တဲ့ လူလူချင်း ကူးစက်တဲ့ ရောဂါတမျိုး ဖြစ်တယ်လို့ ဥရောပ ဆိုင်ရာ အေဘီစီ သတင်းထောက် Mary Gearin က သတင်းပေးပို့ ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ခိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ လူ၃၃ယောက်ကို ဓါတ်ခွဲစမ်းသပ်မှုပြုခဲ့ပြီး အဲဒီ ထဲက ၁၈ယောက်ဟာ သေဆုံးခဲ့ပါတယ်။
ဒီရောဂါ သစ်ကို ပင်လယ်ကွေ့ဒေသမှာ စတင်တွေ့ရှိခဲ့ပြီး အဲဒီကနေစပြီး ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမဏီနိုင်ငံ တို့ကို ပြန့်ပွားခဲ့ ပါတယ်။
ဒီရောဂါ သစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ လူတွေကို ကူးစက် သလဲဆိုတာ အခုချိန် ထိ အာဏာပိုင်တွေက မသိ ရသေး ဘူး လို့လည်း ဆိုပါတယ်။
From: ABC
0 comments:
Post a Comment