Friday, May 03, 2013

အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ

Posted by drmyochit Friday, May 03, 2013, under | No comments


အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်း ဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသား ရဲ တပ် ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း လိုက်တယ်လို့ သတင်း ရရှိ ပါတယ်။ 

အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့မြင်ကွင်တခု ၊ ဓာတ်ပုံ- demotix.com


သူတို့ ဟာ မြန်မာ နိုင်ငံက ဘင်္ဂလီ မွတ်ဆလင်တွေ အပေါ် မြန်မာ အစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင် ဆောင် ရွက် မှုတွေကို မကြေ နပ်လို့ လက်စား ချေဖို့ အခုလို လုပ်ဖို့ဖြစ် တယ်လို့ ပြောဆိုတာကို ဂျာကာတာ ပို့စ် သတင်း တပုဒ်မှာ  ဖော်ပြထား ပါတယ်။  

ဒီကနေ့ သောကြာ နေ့ နံနက်စော စော ပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက် တံ ဖြုတ် နိုင် ခဲ့ တာဖြစ်တယ်လို့ အဆိုပါ သတင်း က ဆိုပါ တယ်။ 

ဒီလို ဗုံးခွဲဖို့ ကြံစဉ် တယ်လို့ သံသ ယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုး အိတ် ထဲမှာ ရေပိုက်ဗုံး အဖြစ် အသုံးပြု မယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ် အစားတွေ၊ ၀ါယာ ကြိုးနဲ့ပါ ဆိုင်ကယ် တစီးပေါ်မှာ  ဖမ်းဆီး ရမိလိုက် တာဖြစ် တယ်လို့ သိရပါတယ်။ 

အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။  

From: ဧရာဝတီ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်