သြဂုတ် ၂ ရက် ညနေ ၄ နာရီက လွိုင်ကော်မြို့၊ ရှမ်းစုရပ် ကွက်၊ လောပိတလမ်းရှိယိုးဒယား ပန်းတိမ် ဆိုင်တွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဆွဲကြိုးအပြတ်တစ်ခုရောင်းချ နေကြောင်း သတင်း အရ လွိုင်ကော် မြို့မရဲစခန်းစခန်းမှူးဒုရဲမှူး မောင်မောင်မြင်နှင့် အဖွဲ့တို့က သွားရောက်စုံစမ်းရာ လွိုင်ကော် မြို့မင်းစုရပ်ကွက်နေမြင့်ဦး (ခ) မဲလေး (၂၃)နှစ် အား ၁၂ ပဲတစ် ရွေးအလေး ချိန်ရှိရွှေ ဆွဲကြိုး အပြတ် တစ်ခုWave ၁၂၅ အဖြူရောင် မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့် အတူတွေ့ ရသည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏ပဏာမစစ်ကြော ချက်အရအဆိုပါရွှေဆွဲကြိုးအပြတ် သည်လွိုင်ကော်မြို့နယ်ချိကယ်ကျေး ရွာအုပ်စု နမ့်ကွတ်ကျေးရွာနေ ဦးလှရွှေ၏ နေအိမ်မှ သြဂုတ်လ ၁ ရက်တွင် ခိုးယူခဲ့သော ရွှေထည် ပစ္စည်း များ အနက် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသဖြင့် လွိုင်ကော် မြို့မရဲစခန်း (ပ) ၉၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ အရဆက်လက် စုံစမ်းရာရွှေအလေးချိန်နှစ်ကျပ် သား၊ ခုနှစ်ပဲနှင့် လေးရွေးကို ထပ်မံဖော် ထုတ်သိမ်း ဆည်းရ မိခဲ့ သည်ဟုဆိုသည်။ ထို့အပြင် မြင့်ဦး (ခ) မဲလေးနှင့် အတူတွေ့ ရှိရသည့်Wave-125 အမျိုး အစား အဖြူရောင်ဆိုင်ကယ်ကို ရှာဖွေ ရာဖင်ထိုင်ခုံအတွင်းWY စာတမ်းပါစိတ်ကြွဆေးပြားခြောက် ပြားကိုရှာဖွေတွေ့ရှိသဖြင့် လွိုင်ကော်ရဲစခန်း ကမယ (ပ) ၁၅/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၀ (က) ဖြင့် အမှုဖွင့်အရေး ယူခဲ့သည်။
ထပ်မံစုံစမ်းချက်အရအဆိုပါ စိတ်ကြွဆေးပြားများကို လွိုင်ကော် မြို့နယ်နွားလ၀ိုင်းကျေးရွာအုပ်စု ကယန်း သာယာ (မြောက်) ကျေးရွာနေအမိုး (ခ) ဒေါ်အန်းဂျလာ (၅၇) နှစ် ထံမှဝယ်ယူခဲ့ကြောင်း သိရသဖြင့်ဒေါ် အန်းဂျလာ(ခ)အမိုး ၏နေအိမ်အား သြဂုတ် ၃ ရက် ည ၇ နာရီ ၁၅မိနစ်တွင်ရှာဖွေရာ နေအိမ် အိပ်ခန်း အတွင်းရှိ အနက် ရောင်သားရေလက်ကိုင်အိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်ထား သော WY စာတမ်း ပါ ပန်းရောင် စိတ်ကြွဆေးပြား ၄၉၅ ပြားနှင့် ငွေကျပ် ၃၀၃၀၀၀၀ ကိုရှာဖွေတွေ့ ရှိသိမ်းဆည်း ရမိခဲ့သည်။ ထို့အပြင် ZTE တံဆိပ်ပါအထိုင်ဖုန်းတစ်လုံး၊ Peace-125 အမျိုးအစားအဖြူ ရောင်မော်တော် ဆိုင်ကယ် တစ်စီးSHENG BO-110 အမျိုးအစား အနက်ရောင်မော်တော်ဆိုင်ကယ် တစ်စီးတို့ကို ရှာဖွေသိမ်း ဆည်းရ မိခဲ့သည်။
လွိုင်ကော်ရဲစခန်းက အမိုး (ခ) ဒေါ်အန်းဂျလာနှင့် ယင်း၏ နေအိမ်သို့စိတ်ကြွဆေးပြားရောင်း ချရန်ရောက် ရှိနေသော လွိုင်ကော် မြို့နယ် နွားလ၀ိုင်းကျေးရွာအုပ်စု ကယန်းသာယာ (မြောက်) ကျေးရွာနေမားရ်ကို (၄၅ နှစ်)၊ ကျော်လေး (၂၆ နှစ်)နှင့် လွိုင်ကော် မြို့လောဓမ္မရပ်ကွက်၊ ကြည်သာ ယာတိုး ချဲ့နေစိုင်း နောင်နောင် (၁၉ နှစ်) တို့အား မယ (ပ) ၁၆/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/၂၀ (က)/၂၁ အရအမှု ဖွင့်လှစ်စစ်ဆေးသည်။
အထက်ဖော်ပြပါအမှုများတွင် စိတ်ကြွဆေးပြားစုစုပေါင်း ၅၁၁ ပြားသိမ်းဆည်းရမိပြီးအမျိုးသား လေးဦးနှင့် အမျိုး သမီး တစ်ဦးတို့ အားအရေးယူနိုင်ခဲ့ကြောင်း သိရ သည်။
ကြီးမြင့်နိုင် (လွိုင်ကော်)
From: Hot News Weekly
0 comments:
Post a Comment