မလေးရှားနိုင်ငံက တရားမဝင် အလုပ်အကိုင် ဝင်ရောက်လုပ်နေတဲ့ အလုပ်သမားတွေကို ဖမ်းဆီးတဲ့ ၃လ ကြာ အထူး စီမံကိန်းမှာ လူပေါင်း ၅သိန်းကို ဌါနေနိုင်ငံ ပြန်ပို့မယ်လို့ မလေးရှား အာ ဏာပိုင်တွေ က ကြေညာ ပြီးနောက် စက်တင်ဘာ လဆန်း (၁) ၇က်နေ့မှာ စတင် ဖမ်းဆီးမှုတွေ လုပ်ပြီး မြန်မာ နိုင်ငံသား ၂၀၀ နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေထဲမှာ အများစုဟာ ချင်းလူမျိုး တွေ ဖြစ်ပြီး တနင်္ဂနွေနေ့ ဘုရားကျောင်းကို အသွားမှာ အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။
မလေးရှား နိုင်ငံမှာ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသူတွေကို မှတ်ပုံတင်ဖို့ မလေးရှား အာဏာပိုင်တွေက တနှစ်အချိန်ပေးခဲ့ပြီး ဖြစ်တယ်လို့ လဝက အထွေထွေ ညွန်ကြားရေးမှူးချုပ် Datuk Alias Ahmad က The Star သတင်းစားကို ပြောပြခဲ့ပါတယ်။
မလေးရှားအစိုးရရဲ့ ကြော်ညာချက်အတိုင်း မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလမ်ပူမြို့ရှိ မြန်မာဆိုင်တန်းတွေမှာ ဖမ်းဆီင်္းမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။
တရားမဝင် နေထိုင်သူ ၊ အထောက်အထား မပြည့်စုံသူ အားလုံးကို ဆွဲခေါ် ပုံစံနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
တရားမဝင် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေထဲမှာ မြန်မာ နိုင်ငံသားတွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ နီပေါ နိုင်ငံက အလုပ်သမားတွေပါဝင်ပြီး၊ အဓိက ပစ်မှတ်ထား ဖမ်းဆီးတာကတော့ အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်တယ်လို့လဲ သိရပါတယ်။
စီမံချက်မှာ မလေးရှား၊ ရဲတွေ၊ လဝက ဝန်ထမ်းတွေ၊ စစ်တပ်၊ အရပ်ဖက် ဝန်ထမ်း တွေ မှတ်ပုံတင်ရုံးနဲ့ ရပ်ကွက် ကောင်စီ ဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီး မိသူအားလုံးကိုလဲ ချက်ချင်းပြန်ပို့ဖို့ စီစဉ်နေပြီး သက်ဆိုင် ရာသံရုံးတွေကိုလဲ ခရီးသွား လက်မှတ်တွေ အမြန်ဆုံးစီစဉ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ The star သတင်း ထဲမှာ ဖေါ်ပြထားပါတယ်။
မလေးရှား နိုင်ငံ လဝက ဆိုင်ရာ တည်မြဲ ဥပဒေအရ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူတွေကို ထောင်ဒါဏ်နဲ့ ဒါဏ်ငွေတွေ ချမှတ် အပြစ်ပေး နိုင်တယ်လို့လဲ သိရပါတယ်။
မလေးရှား နိုင်ငံမှာ တရားမဝင် အလုပ်ဝင်လုပ်နေသူပေါင်း ၇ သိန်းလောက် ရှိနေပြီး၊ အခုပြုလုပ်နေတဲ့ ၃လ ကြာ စီမံကိန်းအတွင်း လူပေါင်း ၅ သိန်းကို ဖမ်းဆီး ပြန်ပို့မှာ ဖြစ်တယ်လို့ သိရ ပါတယ်။
ABC Radio Australia
0 comments:
Post a Comment