တရားရုံးအတွင်း ရဲအရာရှိအစောင့်နှင့် အချုပ်ခံနေရသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား Ruslan Yakushev (စက်တင်ဘာ ၂၆၊ ၂၀၁၃) |
ရုရှားနိုင်ငံရဲ့ Arctic ရေနံတူးဖော်ရေးလုပ်ငန်းရှိရာနေရာကို အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Greenpeace သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ (၈) ဦးကို Murmansk မှာရှိတဲ့ ရုရှား တရားရုံး တရုံးကနေ ထောင်ဒဏ် နှစ်လစီ အမိန့်ချလိုက်ပါတယ်။
ပင်လယ်ရေကြောင်း ဆိုင်ရာ အကြမ်း ဖက်မှုနဲ့ စွပ်စွဲ ခံရပြီး အဲဒီ အမှုကို တာဝန် ရှိသူတွေ စုံစမ်းနေချိန် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ လှုပ်ရှားသူ ၂၂ ဦးလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ Greenpeace အဖွဲ့ရဲ့ Arctic Sunrise ဆိုတဲ့ သင်္ဘောမှာပါလာတဲ့ တက်ကြွ လှုပ်ရှား သူတွေ ဟာ ရုရှားနိုင်ငံပိုင် Gazprom ကုမ္ပဏီ လုပ်ငန်းနေ ရာပေါ်ကို လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အတင်း ဝင်ရောက်ဖို့ ကြိုးစား ခဲ့ကြပါတယ်။
ဒီလူတွေဟာ ပင်လယ်ပြင်အကြမ်းဖက်မှုကျူးလွန်သူ ပင်လယ်ဓားပြတွေလို့ ယူဆပြီး စစ်တပ် လုံခြုံရေးတွေ က သူတို့ကို တားဆီးခဲ့ပါတယ်။ ဒီလူ ၃၀ ဟာ ပင်လယ်ဓားပြတွေမဟုတ်ပေမယ်လို့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ရေနံတွင်းတူးလုပ်သားတွေအတွက် အန္တရာယ်ဖြစ်အောင် ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။
ဒီ ရေနံတွင်းတူးလုပ်ငန်းက ရေနံတွေယိုစိမ့်လာရင် ရုရှားနိုင်ငံ Artic ကမ်းရိုးတန်းကို အန္တရာယ်ဖြစ်စေ လိမ့်မယ် လို့ Greenpeace က ပြောထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
0 comments:
Post a Comment