အောက်တိုဘာ ၁၁ ရက်
မင်းဘခက်
ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ကဆင် ၆၃လမ်းတွင်ရှိသောစက္ကူသေတ္တာအလုပ်ရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသော မြန်မာအလုပ် သမား တစ်ဦး အလုပ်သမားအရေးကူညီသူများ၏ ကူညီ မှုကြောင့် နစ်နာ ကြေးဘတ် လေးသိန်းကျော် ယမန်နေ့ကရရှိသွားသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မကျည်း ကျွန်းကျေးရွာမှ ဦးအောင်တင်+ဒေါ်သန် တို့၏ သား အသက် ၂၇ နှစ်အရွယ် ကိုမင်းစိုးသည်၂၀၁၃ခု ဇန်န၀ါရီလ ၈ ရက်နေ့ည ၇နာရီခွဲအချိန် အလုပ် လုပ်နေ စဉ် မမျှော်လင့်ပဲ ဘယ်ဘက်လက်ဝါးပြင် အလယ်မှ ပြတ်ထွက်သွားခဲ့သည်။
ကိုမင်းစိုး က “ကျနော် ဆေးရုံက ဆင်လာပြီးတော့ ဘယ်မှာ အကူညီတောင်းလို့တောင်းရမှန်း မသိဖြစ် နေတာ။ ဖေဖေါ်ဝါရီလ မှာ ကူညီရေးဆရာတော် ဦးဇောတိက က MATအဖွဲ့ ဖုန်းနံပါတ်ကိုပေး တယ်။ စုစုပေါင်း ဘတ်ငွေ လေးသိန်းတိတိ တစ်ခါတည်းရရှိခဲ့ပါတယ်။ ကူညီပေးကြတဲ့သူတွေ အားလုံး ကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED မှ ရှေ့နေအဖွဲ့နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်း နိုင်ငံရောက်မြန် မာနိုင်ငံ သားများအဖွဲ့MAT တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။
MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ ကျနော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ အလုပ်လုပ် လာနိုင်တာ အလုပ်သမားတွေအတွက် ကံကောင်ြး ခင်းပေါ့နှော။ ဒီကိစ္စက အလုပ်သမားရုံးမှာရှင်းတာ သူဌေးက တစ်ပြားမှ မပေးဘူး။ တရားရုံးကြီးအထိရောက်သွားတာ။ ဒါကြောင့်လည်း အချိန်တွေ အများကြီးကြာ သွားခဲ့တယ်။ ဒီအလုပ်သမားမှာ ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိတယ်။ ပကာစာခွန်းလုပ်ထားတာမရှိသလို ဘဏ့် အကောင့်လုပ်ထားတာမရှိလို့ ဒီလောက်ပဲရတာပါ” ဟုပြောသည်။
တရားရုံးကို အောက်တိုဘလ ၁ ရက်နေ့က ၀မ်းလန်းဖုန်း လိုင်းငန်ကင်း တရားရုံးကြီးမှာ ဆုံးဖြတ်ချက် ချခဲ့ကြခြင်းဖြစ်သည်။
ရွှေလုပ်သား
0 comments:
Post a Comment