မေး- လူတွေဝလာခြင်းရဲ့အခြေခံအချက် အလက်က ဘာများလဲ။
ဖြေ- ဝတာက အဓိကအကြောင်းအရင်း နှစ်ခုပေါ့လေ။ နံပါတ်တစ်က ဗီဇ၊ နံပါတ် နှစ်က ပတ်ဝန်းကျင်ပါ။
မေး- ဗီဇအရ ဘယ်လိုဝပါသလဲ။
ဖြေ- ဗီဇက အဖေဝ၊ အမေဝ ညီအစ် ကိုမောင်နှမတွေဝ ဒါတွေက ဗီဇနဲ့ပတ် သက်ပြီးပြောတာပါ။ တစ်ခါတလေကျ တော့ ငြင်းစရာတော့ရှိတာပေါ့လေ။ အ ဖေအစားသောင်းကျန်းတယ်။ အမေ အ စားသောင်းကျန်းတယ်။
ကလေးက အတု ယူပြီးအစားသောင်းကျန်းလို့ ဝလာတာ မျိုးရောမဖြစ်နိုင်ဘူးလား။ ဗီဇကြောင့် မဟုတ်ဘဲ တစ်အိမ်လုံးကအစားသောင်း ကျန်းလို့ဝတာလည်းဖြစ်နိုင်ပါတယ်။ ဒါ ပေမဲ့ အမြွှာညီအစ်မတွေ အကြောင်းအ မျိုးမျိုးကြောင့် ကွဲကွာသွားကြတယ်။ အဲဒါကိုလိုက်လေ့ လာကြည့်တော့ နှစ်ယောက်စလုံး ဝတယ်။ ပိန်ရင်လည်း နှစ်ယောက်စလုံးပိန်တယ်။ အနေအထားက တော်တော် တူတယ်။ ဆိုလိုတာကတော့ ဗီဇကြောင့်ပေါ့။
မေး- နေထိုင်တဲ့ပတ်ဝန်းကျင်က လူတွေကိုဝဖြိုးအောင် ဘယ်လိုဖန်တီးနိုင်ပါသလဲ။
ဖြေ- အဓိကကတော့ ပတ်ဝန်းကျင်ပဲ။ အခုလူတွေ အဝ လွန်လာတယ်။ ဆီးချိုတွေဖြစ်ကြတယ်။ သွေးတိုးတွေဖြစ် ကြတယ်။ နှလုံးရောဂါတွေဖြစ်ကြတယ်။ အဓိကကတော့ ပတ်ဝန်းကျင်ပါပဲ။ နံပါတ်တစ်က အစားအသောက်ပဲ။ ဟိုတုန်းက ရိုးရာအစားအသောက်တွေဖြစ်တဲ့ ထမင်း လေးနဲ့၊ကောက်ညှင်းလေးနဲ့၊ မုန့်စိမ်းပေါင်းလေးနဲ့မြန်မာ တွေရဲ့ရိုးရာအစားအစာတွေစားကြတယ်။ အခုအချို များတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေ စားလာတယ်။ ဒါက မြန်မာတစ်နိုင်ငံတည်းတော့မဟုတ် ဘူး။ ဒိုးနတ်လိုမျိုး၊ ဟမ်ဘာဂါလိုမျိုးတွေက အဆီများ တယ်။ အချိုများတယ်။
အဲဒါတွေကိုစားကြတယ်။ အ ချိုရည်တွေသောက်ကြတယ်။ ဟိုတုန်းက သံပရာရည် ဖျော်သောက်ကြတယ်။ ဆားလေးနဲ့ သကြားလေးနဲ့ ဒါရိုး ရာသောက်တာ။ အခုကျတော့ အချိုရည်တွေပါလာ တယ်။ အချိုရည်မှာဘာမှမပါဘူး။ သကြားချည်းပဲ။
က လေးတွေက နွားနို့သောက်ရမယ့်အစား အချိုရည်တွေ သောက်ကြတယ်။ အဲဒါလည်းပါတယ်။ ပတ်ဝန်းကျင်ဆို တာ နံပါတ်တစ်က အစားအသောက်ပြောင်းသွားတယ်။
မေး- အရင်တုန်းက အစားအစာနဲ့အခုစားသောက်နေ တဲ့အစားအစာတွေဘာတွေကွာခြားသွားပါသလဲ။ အကျိုး ရရှိမှုတွေ ဘယ်လိုပြောင်းလဲသွားပါသလဲ။
ဖြေ- အရင်တုန်းက အစားအစာကိုအာဟာရပြည့် အစားအစာ၊ အခုခေတ်စားတဲ့ ဒိုးနတ်တို့ဘာတို့ကျတော့ ကယ်လိုရီများတဲ့အစားအစာဖြစ်သွားပြီ။ ကယ်လိုရီများ ပြီး အာဟာရဓာတ်ကျတော့နည်းတယ်။ ဘာတွေများ လဲဆိုတော့ သကြားနဲ့အဆီတွေပဲများနေတယ်။ နှစ်ခု စလုံးက ဝစေတဲ့ဟာတွေလေ။ ဗီတာမင်တို့ ဘာတို့ကျ တော့ မပါဘူး။ အရင်တုန်းက မြန်မာ့ရိုးရာမုန့်ပဲသရေ စာဆိုတာ ပြောတဲ့အတိုင်း ပဲတို့ ဘာတို့ ပါနေတယ်။ မုန့်ပါတယ်၊ ဆန်ပါတယ်။ ဘာတွေပါလဲဆိုတော့ ဗီတာ မင်တွေတချို့နဲ့ ပရိုတင်းတွေပါတယ်။ အခုအစာတွေက တော့ အချိုနဲ့အဆီပဲပါတယ်။ အဲဒီတော့ အစားအသောက် ပြောင်းသွားတာတွေပါတယ်။
မေး- မြန်မာနိုင်ငံမှာ ဘယ်တော့လောက်ကစတင်ပြီး အ စားအသောက်စားသောက်မှုတွေပြောင်းလဲလာပါသလဲ။
ဖြေ- အစာစားသုံးမှုကတော့ တစ် ကမ္ဘာလုံးမှာပြောင်းလဲလာပါတယ်။ ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ နှစ်ဆယ်ရာစုကစတင်တယ်။ တစ် နိုင်ငံနဲ့တစ်နိုင်ငံမတူဘူး။ ဆရာတို့ က နည်းနည်းနောက်ကျတယ်။ ဆရာ တို့က တစ်နိုင်ငံတည်းမှာ နေတာ ကြာတာကိုး။ အိမ်နီးနားချင်းနိုင်ငံ တွေကတော့ တံခါးဖွင့်ပြီး အခုပြော ကြတာ ဂလိုဘယ်လိုက်ဇေးရှင်းယဉ် ကျေးမှုပေါ့။ ယဉ်ကျေးမှုထဲမှာ အစားအသောက်လည်း ပါတာပေါ့။ အဲဒီအစားအသောက်တွေက တစ်နိုင်ငံနဲ့တစ် နိုင်ငံ ကူးလူးဆက်ဆံနေတယ်။ ဟမ်ဘာဂါဆို သူများ နိုင်ငံတွေမှာဆို ကြာလှပြီ။ ဆရာတို့နိုင်ငံမှာ ခုမှရောက် လာတယ်။ ဆရာတို့က နောက်ကျတယ်ဆိုတာတောင် စဖြစ်နေပြီ။ သူများနိုင်ငံတွေက လွန်ခဲ့တဲ့နှစ်၃ဝ၊ ၄ဝ က တည်းက ဒါတွေက ခေတ်စားနေပြီ။ ဆရာတို့နိုင်ငံက ခုမှစတယ်။ ဒါအစားအသောက်ပြောင်းတာ။ ဒုတိယက တော့ အနေအထိုင်ပြောင်းတာပါ။
မေး- မြန်မာနိုင်ငံသားတွေအခုအချိန်မှာ ဘယ်လိုမျိုး နေထိုင်မှုပုံစံတွေပြောင်းလဲလာပါသလဲ။
ဖြေ- အနေအထိုင်ပြောင်းတယ်ဆိုတာ ဟိုတုန်းက လူ တွေကဘာလုပ်လဲ။ လမ်းလျှောက်တယ်။ သွားစရာရှိ တာကို လမ်းလျှောက်သွားတာ။ တောမှာ ဒီလိုပဲနှစ်မိုင်၊ သုံးမိုင်လမ်းလျှောက်သွားတယ်။ အခုကျတော့ ဘာဖြစ် သွားလဲဆိုရင် ဟိုနားဒီနားကို ဘတ်စ်ကားပဲစီးသွားတယ်။ ဆိုက်ကားစီးတယ်။ တက္ကစီစီးတယ်။ တောက်လျှောက် ကြီး အဲလိုဖြစ်သွားတယ်။ နောက် ဓာတ်လှေကားတွေ ပေါ်လာတယ်။ ဟိုးတုန်းက ရွှေတိဂုံဘုရားကို လူတိုင်း ကုန်းကြောင်းတက်ဖြစ်တယ်။ အခုကျတော့ ဓာတ်လှေ ကားနဲ့မှ တက်ကြတယ်။
စက်လှေကားပေါ်လာတော့ စက် လှေကားနဲ့တက်တယ်။ အခုလာတော့မယ်၊ ဇွဲကပင် တောင်ကို ဓာတ်လှေကားနဲ့တက်ကြမယ်။ ဟိုတုန်းက ပုပ္ပားတောင်ပဲသွားသွား၊ ဘယ်ပဲသွားသွား ကုန်းကြောင်း တက်တာပဲ။ အထူးသဖြင့်တော့ မြို့ကလူတွေပါ။ ဘုရား ဖူးသွားတာကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ နေ့စဉ် အလုပ်လုပ်တဲ့အခါ အတက်လည်းဓာတ်လှေကားနဲ့တက် တယ်။ အဆင်းလည်း ဓာတ်လှေကားနဲ့ဆင်းတယ်။ ကိုယ် ကဒူးမကောင်းလို့ဆိုရင်တော့ အတက်မှာ ဓာတ်လှေကား နဲ့တက်ပြီး အဆင်းမှာ ရိုးရိုးလှေကားနဲ့ဆင်းပါ။
ဒါလေး တွေပေါ့။ နောက်တစ်ခုက တီဗွီပေါ့။ နောက်ပိုင်းတီဗွီ ပေါ်လာတော့ လူတွေက တီဗွီရှေ့မှာပဲ ထိုင်ကြတယ်။ ရီမု တွေဘာတွေပေါ်လာတော့ ခလုတ်တောင် ထမဖွင့်တော့ ဘူး။ တချို့အိမ်တွေဆိုရင် ကားကိုဂိုထောင်ထဲသွင်းတာ ကားရပ်တယ်။ ခြံတံခါးဖွင့်ပြီးသွင်းတယ်။ အခုကျတော့ ကားပေါ်ကနေ ခလုတ်လေး နှိပ်လိုက်တယ်။ ဂိုထောင် တံခါးကပွင့်ပြီးဝင်သွားတယ်။ ဘယ်မှာလဲ လမ်းလျှောက် မှု။ အဲလိုလှုပ်ရှားမှုနည်းခြင်းသည် ဝစေတာပဲ။ ဟိုတုန်း ကအဝတ်လျှော်တာ လှုပ်ရှားမှုရှိတယ်။ အခုအဝတ်လျှော် စက်ထဲကိုထည့်လိုက်တယ်။ အရင်က ရွှေတိဂုံဘုရားမှာ တံမြက်စည်းလှဲအသင်းတွေရှိတယ်။ အခုကျတော့ ဖုန် စုပ်စက်တွေဘာတွေ ဖြစ်သွားရော။ အစစအရာရာ ရုပ် အားဖြင့် တိုးတက်လာတယ်။ လူတွေကတော့ လှုပ်ရှားမှု အားနည်းလာတယ်။
မေး- မျိုးဆက်သစ်ကလေးငယ်တွေ ဘာကြောင့် အဝ လွန်လာတာလဲ သိချင်ပါတယ်။
ဖြေ - ကလေးတွေဝရင် နံပါတ်တစ်က ရောဂါကြောင့် လား စဉ်းစားရတယ်။ ကလေးတွေဝတဲ့ရောဂါတွေရှိ တယ်။ ကလေးတစ်ယောက်ဝတယ်ဆိုရင် ရောဂါကြောင့် ဝတာလား။ အစားအသောက်သောင်းကျန်းလို့ဝတာ လား။ ဟိုတုန်းက အသက်ကြီးမှပဲဝတယ်။ အခုကျတော့ ကလေးတွေက အဝတွေလွန်လာကြတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီအတိုင်းပဲ အစားအသောက်တွေကြောင့်ပဲ။ အခုခေတ်ပေါ်အစားအစာတွေကို ဆရာတို့လူကြီးတွေ ထက် ကလေးတွေက ပိုစားကြတယ်။ သူတို့ဘဝနေထိုင် မှုဘယ်လိုဖြစ်လာလဲဆိုတော့။ ဟိုတုန်းက ဆရာတို့ငယ် ငယ်ကဆိုရင် ကျောင်းလွှတ်တာနဲ့အိမ်ပေါ်တောင်မတက် ဘူး။ လွယ်အိတ်ကိုချပြီး ဆော့တဲ့ဆီကိုပြေးတာပဲ။
အခု ခေတ်ကလေးတွေက ကျောင်းသွားတယ် မနက်ဖယ်ရီ နဲ့၊ ပြန်လာတော့ ဖယ်ရီနဲ့ပြန်ရောက်တော့ ကျူရှင်ဆရာမ က ကြိုနေတယ်။ တောက်လျှောက်စာသင်တယ်။ ဘယ် မှာလဲသူတို့ဆော့တဲ့အချိန်ဆော့စရာနေရာလည်း သိပ် မရှိပါဘူး။ ခုခေတ်ကလေးတွေ။ ဖက်တီးလေးတွေ တော မှာမရှိပါဘူး။ မြို့ပေါ်မှာပဲရှိတယ်။ ကျောင်းတက်၊ ကျူ ရှင်၊ ဝိုင်းသုံးခါတောင် တက်ရတယ်။ သူတို့ခမျာ စာပဲလုပ်နေရတယ်။ ပြီးလည်း ပြီးရော မှောင်နေပြီ။ ထွက်မဆော့နိုင် တော့ဘူး။ ဘာလုပ်လဲဆိုတော့ တီဗွီဂိမ်း ထိုင်ဆော့ကြတယ်။ အခုပိုဆိုးသေးတယ်။ ကြည့်လိုက်ရင် ဂိမ်းပဲ။ အဲဒါပဲ ကလေး တွေဝတယ်ဆိုတာ။ သူတို့ခေတ်ကျ ပိုဝ ကြဦးမယ်။
မေး- ကလေးတွေဝလာတာ ဘယ်သူ တွေမှာတာဝန်ရှိလဲ။
ဖြေ- အားလုံးမှာတာဝန်ရှိတယ်။ မိဘရော၊ ဆရာရော၊ ပတ်ဝန်းကျင်ရော၊ အစိုးရရော အကုန်လုံးပေါ့။ မိဘ ဆိုတာ အခြားနိုင်ငံမှာထက်ပိုပြီးတော့ လောဘကြီးကြ တယ်။ ကိုယ့်ကလေးကို တယ်ပထမရစေချင်တာကိုး။အချို့ဆရာတွေ သူတို့က ကလေးကိုစေတနာနဲ့လုပ်တာ လားတော့ မသိဘူး။ ဆေးလက်မှတ်တဲ့။ ဘယ်နှစ်တန်း လဲဆိုတော့ သူငယ်တန်း၊ ပထမတန်း။ ကလေးသူငယ် တန်းကို ဘာလို့ဆေးလက်မှတ်တောင်းရတာလဲ။ သဘော ကတော့ ဒီလိုစနစ်ကြီးဖြစ်နေတာ တာဝန်မကင်းတာတော့ ပညာရေးဌာနလည်းပါတာပေါ့။ ကလေးတွေကို စာ၊ စာပဲဖြစ်နေတယ်။ ပညာရေးစနစ်က အမှတ်များတဲ့က လေးကတော်တယ်။ ကျန်တဲ့ကလေးတွေက မတော်သလို အထင်ခံရတော့ စိတ်ခံစားရတာမျိုး ရှိမှာပေါ့။ အဲဒါတွေ ကိုပြုပြင်ဖို့လိုတယ်။
မေး- ပတ်ဝန်းကျင်ကကော အဝလွန်အောင် ပြုလုပ် နိုင်ပါသလား။ အဝလွန်တာကို ဘယ်လိုကုသနိုင်ပါသလဲ။
ဖြေ- အဝလွန်မှုကိုလှုံဆော်ပေးတဲ့ပတ်ဝန်းကျင်ရှိပါတယ်။ အဲဒါကို Obesogenic environment လို့ခေါ် ပါတယ်။ ကလေးရဲ့အိမ်မှာရော ကျောင်းမှာရော ဘယ် မှာကြည့်လိုက် ကြည့်လိုက် ကလေးတွေဝမယ့်ဟာတွေ ချည်းပဲ။ ကျူရှင်ရော၊ ကစားကွင်းမရှိတာတွေရော ဒါ တွေအားလုံး ကလေးကိုဝစေတာချည်းပဲ။ ပညာရေးအ ပြိုင်အဆိုင်ဖြစ်တာက ကလေးတွေကိုဝစေဖို့ဖြစ်တာ။ ဝတာကိုပိန်အောင်လုပ်ဖို့ သဘာဝအတိုင်းပဲ ကောင်း တယ်။ နည်းလမ်းငါးနည်းရှိတယ်။
နံပါတ်-၁ က အ စားအသောက်၊
၂-က လှုပ်ရှားမှု၊
၃-က အမူအကျင့်၊
၎- သောက်ဆေးနဲ့ကုသမှု။
နံပါတ်-၅ကတော့ ခွဲစိတ် ကုသတာတွေပဲဖြစ်ပါတယ်။
အစားအသောက်ကတော့ အဆီနဲ့အချိုနည်းတာ စားရမယ်။ လှုပ်ရှားမှုက လမ်း လျှောက်ပေးရမယ်။ အမူအကျင့်ကတော့ ထမင်းကို ဖြည်း ဖြည်းစားရမယ်။ အစာကို တစ်စွတ်စွတ်မစားမိအောင် အစာကို ကိုယ်နဲ့ဝေးရာမှာထားရမယ်။ ဆေး က စားချင်စိတ်မရှိစေတဲ့ဆေး၊ အဆီမစုပ်တဲ့ ဆေး၊ လောင်ကျွမ်းမှုအားကောင်းစေတဲ့ဆေး တွေရှိတယ်။ ဝတာအခြေအနေဆိုးပြီး လမ်း မလျှောက်နိုင်တော့တဲ့အထိဆိုရင် ခွဲစိတ်ပြီး အစာအိမ်ကို စည်းတာမျိုးတွေလုပ်ကြတယ်။ ကိုယ်အလေးချိန်လျှော့ချင်ရင် စနစ်တကျ ဖြည်းဖြည်းဝိတ်ချသင့်တယ်။ တစ်ပတ်ကို တစ်ပေါင်ကျရင်အတော်ပဲ။ အလွန်ဆုံး နှစ် ပေါင်ပေါ့။
ကိုယ်အလေးချိန်လျှော့တယ်ဆို တာ အဆီလျှော့ချင်တာ။ အဲဒီလို အများ ကြီး ကျသွားတယ်ဆိုတာ အဆီတင်မကဘူး။ ဏမသအနငည နဲ့ ရေတွေပါသွားတယ်။ ကျန်းမာ ရေးကို အန္တရာယ်ဖြစ်တယ်။
မေး- ကိုယ်အလေးချိန်လျှော့နိုင်ဖို့ ဘာတွေ ကိုစားသင့်ပါသလဲ။
အန္တရာယ်ကင်းအောင် ဘယ်လိုမျိုးစားသောက်ရပါသလဲ။
ဖြေ- လုံးတီးဆန်၊ မောင်းထောင်းဆန်တွေ စားသင့်ပါတယ်။ နုလွန်းဖြူလွန်းတဲ့ဆန်က မကောင်းပါဘူး။ ဟင်းသီးဟင်းရွက်စားပါ။ သစ်သီးဝလံကို မဖြစ်မနေစားပါ။ ဝတဲ့သူတွေ က အသီးအနှံစားရမယ်။ ဆန်၊ ဟင်းသီးဟင်း ရွက်၊ သစ်သီးတွေကိုပိုးသတ်ဆေးပါတယ်လို့ ပြောတယ်။ ပိုးသတ်ဆေးပါတာမစားချင်ရင် အကောင်းဆုံးကတော့ ကိုယ်တိုင်စိုက်ပျိုး တဲ့ကိုယ့်အိမ်က အသီးကိုစားပါ။
ပိုးသတ် ဆေးပါတယ်လို့ထင်ရင် ရေဆေးပြီးစားပါ။ င်္ှီု တို့၊ စိုက်ပျိုးရေးတို့က ဒါတွေကိုထိန်း ဖို့ လိုအပ်ပါတယ်။ သူများနိုင်ငံတွေမှာအော် ဂဲနစ် ပိုးသတ်ဆေးမသုံးတဲ့သီးနှံတွေကို စိုက် ပျိုးထုတ်လုပ်နေတာတွေရှိပါတယ်။
မေး- ဝဖြိုးတာနဲ့အဝလွန်တာက မြန်မာ နိုင်ငံမှာ စတင်နေပြီလား။ ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်ရှိနေပါသလဲ။ ဘယ်လောက် မြင့်တက်လာပါသလဲ။
ဖြေ- ဝတာက ဆရာတို့နိုင်ငံမှာစနေပြီ။ ဆရာ ကျန်းမာရေးဝန်ကြီးဌာနမှာ လုပ်တုန်း က ပြုစုထားတဲ့စာရင်းအရ ၂ဝဝ၃ ခုနှစ်မှာ အဝလွန်အမျိုးသားက မြန်မာနိုင်ငံလူဦးရေ ရဲ့ ၁ဒသမ၄ရာခိုင်နှုန်း၊ ကိုယ်အလေးချိန် များတဲ့ အမျိုးသားက ၇ ဒသမ ၂ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အမျိုးသမီးက အဝလွန် ၃ ဒသမ၇ ရာခိုင်နှုန်း၊ ကိုယ်အလေးချိန်များ တာ ၁၄ ဒသမ ၅ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အခု ၂ဝဝ၉-၂ဝ၁ဝမှာ သူတို့ပြုစုထားတဲ့ စာရင်းအရဆို တစ်နိုင်ငံလုံးမှာ အဝလွန်တဲ့ အမျိုးသား အမျိုးသမီးစုစုပေါင်း ၆ ဒသမ ၈ရာခိုင်နှုန်း၊ အရင်က အဝလွန်တာ ၅ ဒသမ ၁ရာခိုင်နှုန်းကနေ ခြောက်နှစ်အတွင်း ၆ဒသမ၈အထိ တက်လာပါတယ်။ ဒါက ခန့်မှန်းခြေတွေပါ။ ၂ဝ၁၃-၂ဝ၁၄ အတွက် တော့ စာရင်းတွေ မရှိသေးပါဘူး။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
*********************
The Flower News Journal
0 comments:
Post a Comment