Tuesday, September 18, 2012
ယနေ့ည မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ (ဓာတ်ပုံ)
Posted by drmyochit
Tuesday, September 18, 2012, under ဓါတ်ပုံသတင်း | No comments
ပိုဆိုးလာတဲ့ကချင်ပြည်နယ
Posted by drmyochit
Tuesday, September 18, 2012, under ပြည်တွင်းသတင်းများ | No comments
From :ဝေယံမိုး
KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာဖော်ပြနေတဲ့ လူပြော သူပြောများတဲ့ ကချင်ပြည်နယ်ဘက်ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာကျောက်လုပ်နေတဲ့ ကျွန်တော့် ဦးလေးေ တွနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေကြည့်ရင်း ဒုက္ခသည်တွေကို လှူရင်း တန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေးအခြေအနေမကောင်းလို့ ခဏရပ် ထားရတယ်။ ဟိုရောက်မှပဲ ကြောက်ရကောင်းမှန်း သိတော့တယ်ဗျာ။ လက်နက်ကြီးသံတွေ ဖားကန့်ကနေ မကြာခဏ ကြားနေရတယ်။ ဒေသခံတွေမေးကြည့်တော့ KIA က တော်တော်လေးနယ်ချဲ့လာပုံရတယ်။ အရင်တုန်းက ဖားကန့်နယ်မြေမှာ ကေအိုင်ကေက အခုလောက်မများဘူးလို့ သိရတယ်။ သူတို့ရဲ့ အဓိကဆက်ကြေးကောက်တဲ့နေရာဆိုတော့ ဒီဒေသကို လက်မလွှတ်နိုင်ဘူးနဲ့ တူပါ တယ်။ နှစ်စ ပိုင်းတုန်းကလည်း ကုမ္ပဏီတစ်ခုကို KIA က သိန်း ၂၀၀၀ တောင်းတယ်။ မပေးရင် Back Hole တို့ Loader တို့ မြေသယ်ယာဉ်တို့ကို မိုင်းခွဲပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ ဈေးဆိုင်တွေနဲ့ လုပ်ငန်း အသေးလေးတွေအပါအ၀င် ဆက်ကြေးအတင်းအဓမ္မ ကောက်ခဲ့ကြ တယ်။ ဓားပြတွေလိုပဲ။ အခြေ အနေမကောင်းတော့ ကုမ္ပဏီတွေ အိမ်ပြန်ခေါက်ကြတယ်။ သူတို့အကြိုက်ဖြစ်သွားတယ်။ သူတို့လူေ တွနဲ့ပေါင်းပြီး ခိုးထုတ်နေကြတယ်။ ရသမျှဟာ သူတို့ အတွက်ပဲလေ။ အချို့ကုမ္ပဏီတွေက မိုးကျလာတော့ ပစ္စည်းတွေပြန်မသယ်နိုင်ဘဲ Site ထဲမှာ ပဲထားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့က ဆို ရင် ရွှေဂေါင်ဂေါင် ကျောက်စိမ်းကုမ္ပဏီထဲဝင်ပြီး ဆက်ကြေးတောင်းတာမရလို့ ကုမ္ပဏီက မိုးကျလို့ မသယ်နိုင်ဘဲ ထားခဲ့တဲ့ ယန္တရားတွေနဲ့ မြေသယ်ကားတွေ၊ ဂိုဒေါင်တွေ၊ အဆောက်အအုံတွေအကုန်လုံး မီး ရှို့လိုက်တယ်လို့ သိရတယ်။
အခုလည်း အခြေအနေမကောင်းလို့ ရွာကနေ ဖားကန့်ဘက်ကို ပြောင်းလာကြတာ အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ရှိတယ်။ လူဦးရေကတော့ ၇၀၀၀ ကျော်လောက် ရှိမယ် ထင်တယ်။ ကျွန်တော့် ဦးလေးတွေကလည်း သူတို့ရဲ့အလုပ်သမားအသိတွေများတော့ လိုတာ တွေ လိုက်ကူညီပေးခဲ့ကြတယ်။ သူတို့တွေ ပြောပြချက်အရတော့ တပ်ရော၊ KIA ရော နေရာအတော်များများမှာ သူချကိုယ်ချ တိုက်ပွဲဖြစ်နေကြတယ်လို့ သိရတယ်။ နှစ်ဖက်စလုံး ကတော့ အထိအခိုက်ရှိတယ်လို့ ပြောတယ်။ သူတို့တွေ ဖားကန့်ကိုတက်လာတော့ KIA နဲ့ မနည်းရှောင်ပြေးလာခဲ့ရတယ်။ ရွာသားတွေမရှိရင် KIA က အေ ထာက်အပံ့မရမှာစိုးလို့ ရွာသား တွေကို ပေးမသွားဘူး။ ရွာသားတွေမရှိရင် KIA က ဒီနယ်မြေမှာ ကြာကြာမခံပါဘူးလို့ ရွာသား တစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြတယ်။ စစ်တပ်လို သူတို့မှာ ရိက္ခာမရှိဘူးလေ။ ရွာသားတွေဆီကပဲ တောင်းစားရတာ။ မြစ်ကြီးနားက ကြက်ခြေနီအဖွဲ့က ဒုက္ခ သည် တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ဖားကန့်ကိုထွက်လာတဲ့ကားတွေကို KIA က မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ရွာနားမှာ လမ်းပိတ်ပြီး ပြန်မောင်းထုတ်တယ်လို့ သိရတယ်။ သူတို့ တွေ နေရာအတော်များများမှာ မိုင်းတွေထောင်ထားတယ်။ စစ်တပ်တွေဝင်လာရင် ထိအောင်လို့ပေါ့။ ဒါပေ မယ့်လောလောဆယ် ရွာသားတွေပဲ ခံရတယ်။ မြစ်ကြီးနားဆေးရုံမှာ ဆိုရင် မိုင်းထိ လို့ဆေး ရုံတက်နေတာ တော်တော်များတယ်လို့သိရတယ်။
ကျွန်တော့်ဦးလေးတွေနဲ့ ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကိုလည်း ရောက်ခဲ့သေးတယ်။ အဲ့ဒီဘက်ကလည်း အခြေအနေသိပ်မဟန်ပါဘူး။ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းပေါ် အချို့ နေရာတွေမှာတော့ စစ်သားေ တွတွေ့ရတယ်။ လမ်းကြောင်းလုံခြုံရေးအဖွဲ့တွေဖြစ်ဟန် တူတယ်။ ကားတွေ၊ ဆိုင်ကယ်တွေတော့ သွားလာနေကြတယ်။ ဒီဘက်မှာလည်း ကားလမ်း ပေါ်မှာ တိုက်ပွဲတွေမကြာမကြာဖြစ်တယ်လို့ သိရတယ်။ လွယ်ဂျယ်ရောက်တော့ လီဆူးဘုရား ကျောင်းမှာ ဒုက္ခသည်တွေကို သွားလှူကြတယ်။ သူတို့တွေက အရင်က တရုတ်နိုင်ငံဘက် လားရင်ဒုက္ခသည်စခန်းမှာနေရင်း တရုတ်ကလက်မခံလို့ ဒီကြို ပန်ရောက်လာကြတာ။ သူတို့တွေရဲ့ အဖြစ်ကြားရတာလည်း စိတ်မကောင်းစရာပါပဲ။ အရင်က သူတို့ ခရိန်မုဒန်း၊ ဟန်ယော (ယောယုံ)ဗျင်ဝိုင်ရွာသားတွေပါ၊ KIA အစီအစဉ်နဲ့ ဒုက္ခသည်အမည်ခံပြီး တရုတ် နယ်စပ်မှာနေတယ်။ ကြုံရာကျပန်း လုပ်ကိုင်စားရတယ်။ အလှူရှင်တွေက ရတဲ့ ငွေ/ပစ္စည်း တွေက ဒုက္ခသည်တွေဆီကို ရောက်မလာဘူး။ KIA ရန်ပုံငွေဖြစ်သွားတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောပြတာကို ကြားခဲ့ရတယ်။ အောက်ခြေမှာ ဒီလိုဖြစ်ပျက်နေတာ KIA ကိုကြောက်တော့ ဘယ်သူမှ မပြောရဲကြဘူး။ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ပေးတဲ့ငွေတွေက KIA စစ်သား တွေကို ထောက်ပံ့ပေးတာနဲ့ အတူတူပါပဲလေ။
တကယ်တမ်း နက်နက်နဲနဲတွေးကြည့်ရင် KIA ဟာ အကြမ်းဖက်သမားလိုဖြစ်နေပြီ။ ကျွန်တော်တို့တွေ၊ အဖွဲ့အစည်းတွေက ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ လူထုလှုံ့ဆော်တာ တစ်မျိုး၊ မီဒီယာတွေကနေ တွန်းအားပေးတာကတစ်မျိုး နည်းမျိုးစုံနဲ့ KIA ဘက်ကနေပြီး ရပ်တည်ခဲ့ကြတယ်။ သမ္မတကြီးနဲ့ နအဖမျိုးဆက်ဖြစ်တဲ့ စစ်တပ်ကို တစ်ဖက်သတ် အပြစ်တင် ခဲ့ကြတယ်။ တကယ်တမ်း ကိုယ်တိုင်သွားကြည့်တော့ On Ground မှာ ဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။ KIA အပေါ်မှာ ဒေသခံတွေအနေနဲ့ အတော်လေးကြောက်ရွံ့ နေကြတယ်။ ဒေသခံတွေ ခံစားနေရတဲ့ ခါးသီးမှုတွေဟာ အကြောက်တရားက လွှမ်းမိုး ထားတာကြောင့် ပပျောက်ကုန်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မဝေဖန် လိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲဆိုတာ အောင်နိုင်သူရဲ့ မှတ်ကျောက်ပဲလို့ စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမယ့် ကိုယ့်တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀တွေကိုတော့ ထောက်ထားသင့်ပါတယ်။ ဒီမိုကရေစီအသီးအပွင့်ဖြစ်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုဆိုတာ လူတိုင်းလိုချင်နေကြတာပါ၊ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာလည်း တိုင်းရင်းသား ပြည်သူ ထဲက ပဲ ပေါက်ဖွားလာခဲ့တာပါ။ ပြည်သူ့အရေးဟာ သူတို့အရေးကိစ္စဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား အချင်းချင်း တန်းတူ အခွင့်အရေးရရေးအတွက် စားပွဲပေါ်မှာ ငြိမ်းချမ်းစွာနဲ့ တိုက်ပွဲဝ င်နေကြပြီ လေ။ နိုင်ငံရေး ရေစီးကြောင်းနှင့်အတူ နောက်ကျန်မနေဘဲ KIA/KIO အနေနှင့်လည်း ကချင် လူမျိုးရေး၊ ကချင်ပြည်နယ်အရေးကိစ္စအတွက် စားပွဲပေါ်မှာပဲ တိုက်ပွဲဝင်သင့်ပြီလို့ ထင်တယ်။ ဟိုနေရာမှာ ဆွေးနွေးမယ်၊ ဒီနေရာမှာ ဆွေးနွေးမယ်ဆိုတာထက် မိမိပြည်တွင်းမှာ ပြည်သူ့ရှေ့ မှာပဲ ဆွေးနွေးသင့်ပါတယ်။ ဒီထက်ပိုပြီး ခေါင်းမာနေရင်တော့

အကြမ်းဖက်သမားတို့၏အနာဂတ်
Posted by drmyochit
Tuesday, September 18, 2012, under ပြည်တွင်းသတင်းများ | No comments
From : မနောမောင်
မျက်မှောက်ကာလတွင် အကြမ်းဖက်မှုသည် တစ်ကမ္ဘ္ဘာလုံးပျံ့နှံ့လာလျက်ရှိရာ အမေရိကန်နှင့် ရု ရှားနိုင်ငံများတွင်ပင် သြဂုတ်လအတွင်း အကြမ်းဖက်မှုများစွာနှင့် ရင်ဆိုင်ရ လျက်ရှိသည်။ အကြမ်း ဖက်မှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်တည်လာလျက်ရှိရာ အများ အားဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တို့၏အကြမ်းဖက်မှုများ၊ နိုင်ငံခွဲထွက်လို၍ အကြမ်းဖက်မှုများ စသည်ဖြင့်တွေ့လာရသည်။ အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် နိုင်ငံတိုင်း တွင် ဥပဒေများပြဋ္ဌာန်း၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာကြသည်ကို တွေ့ရသည်။ အကြမ်းဖက်နှိမ်နင်းရေးဆိုသည်မှာ ကြိုတင်လက် ဦးမှုရ ယူ၍ တားဆီးနှိမ်နင်းခြင်း၊ စစ်ဆင်ရေး များပြုလုပ်၍တိုက်ခိုက်နှိမ်နင်းခြင်းဟု အမေရိကန်တို့မှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ အာဖဂန် နစ္စတန်တွင် တာလီဘန်တို့၏အကြမ်းဖက်မှုမြင့်မားလာသဖြင့် အမေရိကန်တို့မှ ကျူးကျော်စစ် ဆင်နွှဲခဲ့ကြသည်။ ချေချင်းညှာသို့ ရုရှားတို့ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ အကြမ်းဖက် မှုအတွက် တရားသောစစ်ဆင်နွှဲခဲ့ခြင်းဟု မှတ်ယူခဲ့ကြသည်။ အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခများ၊ ကိုလံဘီယာပြည်တွင်းစစ်၊ ဗြိတိန်၏အိုင်ယာလန်သူပုန်နှိမ်နင်းခြင်းနှင့် သီရိလင်္ကာပြည်တွင်း စစ်တို့သည် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲများပင်ဖြစ်သည်။
သီရိလင်္ကာမြောက်ပိုင်းရှိ တမီးလ်ကျားသူပုန်တို့သည် လွတ်လပ်သော တမီးလ်နိုင်ငံ ခွဲထွက်ရန်အတွက် အစိုး ရအားဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည်။ တမီးလ်သူပုန် တို့သည် အာရှ၏ အရှည်ကြာဆုံးသောင်းကျန်းသူအဖွဲ့အစည်းတစ်ဖွဲ့ပင်ဖြစ်သည်။ မိမိတို့နိုင်ငံ မြောက်ပိုင်းရှိ ပြည်ထောင်စုခွဲထွက်လိုသည့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အလားသဏ္ဍာန်ခပ်ဆင်ဆင်တူလေသည်။ တမီးလ်ကျားသူပုန်များသည်သီရိလင်္ကာ မြောက်ပိုင်းကိုသိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့အင်အားမှာ ၇၀,၀၀၀ ခန့်ရှိပြီး အစိုးရတပ် အင်အားမှာ ၁၅၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် ပြည်သူအားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ စီးနင်းတိုက်ခိုက်ခြင်း၊ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယနိုင် ငံရှိတမီးလ်များနှင့် ဥရောပ၊ အာဖရိကရှိ တမီးလ်များက ထောက်ခံအားပေးခဲ့ ကြသည်။ ၎င်းအပြင် အိန္ဒိယနိုင်ငံကပါ အကူအညီများပေးခဲ့သည်ကို တွေ့ရသည်။ အစိုးရနှင့် (၆)ကြိမ်ဆွေးနွေးမှုပြုလုပ်ပြီး ၂၀၀၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ကြ သည်။ သို့သော်လည်း ၂၀၀၅ခုနှစ် ဒီဇင် ဘာလတွင် တမီးလ်ကျားတို့သည် သီရိလင်္ကာ ရွေးကောက်ပွဲမှနုတ်ထွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကတွေ့ဆုံ ဆွေးနွေးရန်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့ကလက်မခံခဲ့ဘဲ တစ် ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲမှုများပြုလုပ်ခဲ့ကာ ၂၀၀၈ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ၎င်းနောက်ပိုင်းအစိုးရတပ်များနှင့် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အစိုးရ အပေါ်တွင် နိုင်ငံတကာမှဖိအားပေးရန်တောင်းဆိုခဲ့သည်။ ၂၀၀၉ခုနှစ်တွင် တမီးလ်ကျားသူပုန်တို့မှ အထိအ ခိုက်များလာသဖြင့် အပစ်အခတ်ရပ်စဲရန် အစိုးရသို့ကမ်းလှမ်းခဲ့သော်လည်း အစိုးရမှပယ်ချခဲ့သည်။ ၎င်းနောက်တမီးလ်သူပုန်များကို လေကြောင်းအပါအ၀င် အစိုးရတပ်များက အပြီးသတ် တိုက်ခိုက်နှိမ် နင်းခဲ့သည်။ စစ်ဆင်ရေးအတွင်း နှစ်ဖက်အကျအဆုံး ၂၅၀၀၀ ကျော် ခန့်ရှိပြီး ၇၀၀၀ ခန့်ဒဏ် ရာရရှိခဲ့ကာ ပြည်သူ ၃၅၀၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း စေခဲ့ရသည်။မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် KIA ၏ လုပ်ဆောင်မှုများကိုလေ့လာကြည့်ပါက ရထားလမ်းနှင့် ကားလမ်းတံတားများဖောက်ခွဲ ဖျက်ဆီးခြင်း၊ မြစ်ကြီးနားမြို့ပေါ်လူနေရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ တာပိန် ရေအားလျှပ်စစ်လမ်းကြောင်းတွင် အပြစ်မဲ့ပြည်သူ ၇ ဦးအားသတ်ဖြတ်ခဲ့ခြင်း၊ ကျေးရွာလူကြီးအချို့နှင့် ပြည်သူအချို့အားသတ်ဖြတ်ခဲ့ခြင်းများ၊ နေရာအနှံ့မိုင်းထောင်ခြင်းများမှာ ကချင် ပြည်နယ်လွတ်မြောက်ရေးနှင့် မည်သို့မျှမသက်ဆိုင်ဘဲ အကြမ်းဖက် လုပ်ရပ်များ သာ ဖြစ်ြေ ကာင်းတွေ့ရသည်။ ကချင်အမျိုးသား၊ အမျိုးသမီးများနှင့် ရှမ်းလူငယ်/မိန်းကလေး များအား အတင်း အဓမ္မစစ်သားစုဆောင်းခြင်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများပင် ဖြစ်သည်။ ပြန်ကြားရေးဌာန၏မှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ရထားလမ်း၊ ကားလမ်း များအား KIA မှမိုင်းခွဲဖျက်ဆီးမှု ၁၅၁ ကြိမ်၊ မော်တော်ယာဉ်များနှင့် အဆောက် အအုံများအား ဖောက်ခွဲဖျက်ဆီးမှု ၂၃ ကြိမ်၊ ကျေးရွာများအားမီးရှို့မှု ၁၃ ကြိမ်၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်သားစုဆောင်းမှုအကြိမ် ၅၀၀ ကျော်နှင့် KIA မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ရာဂ ဏန်း ကျော်ရှိကြောင်းသိရသည်။ ကချင်ပြည်နယ်လူထုအနေဖြင့် ရထားလမ်း၊ ကားလမ်း၊ တံတား များဖျက်ဆီးခံထားရသဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ကာ စိတ်သွားတိုင်း ကိုယ်မပါ ဘဲ၊ နေ့စဉ်နှင့်အမျှမိသားစုဘ၀လုံခြုံရေးအား ခြိမ်းခြောက်ခံနေရသည်။ နိုင်ငံတော်အစိုးရမှ တိုင်းရင်း သားညီအစ်ကိုများ ရင်ကြားစေ့ရေးနှင့် ထာဝရငြိမ်းချမ်းစွာတည်ဆောက်နိုင်ရေး အတွက် စိတ်ရှည် သည်းခံစွာဖြင့် အကြိမ်ကြိမ်ကမ်းလှမ်း၍ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်အတူ စေ့စပ်ဆွေးနွေးခဲ့မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော်လည်း သဘောထားမမှန်သဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်ပြီး အကြောင်းအမျိုးမျိုးပြကာ အချိန် ဆွဲ၍သွေးသစ်လောင်းခြင်းနှင့် အင်အားဖြည့်တင်းခြင်းကိုသာ ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲမှ မည်သည့်အကျိုးရ လဒ်မျှထွက်ပေါ် လာခြင်းမရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရမှ ပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်မြှင့်တင် ဆောင် ရွက်နေစဉ်အလိုက်သင့်ပါမလာဘဲ နောက်ကျန်နေသူ၊ နောက်ပြန်သွားလိုသူများကို လက်တွဲဖြုတ် ခဲ့မည်ဟု နိုင်ငံတော်အစိုးရမှ ပြောကြားခဲ့ပြီးဖြစ်သည်။
KIA ၏လုပ်ရပ်များသည် သီရိလင်္ကာနိုင်ငံရှိ တမီးလ်ကျားသူပုန်တို့၏ အကြမ်းဖက် လုပ်ရပ်များနှင့် ထပ်တူနီးပါးတူညီနေသည်ကို တွေ့ရှိရသည်။ KIA အနေဖြင့်ယခုကဲ့သို့သာ အကြမ်းဖက် လုပ်ရပ်များအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဆိုလျှင် ပြည်သူလူထု၏အကျိုး စီးပွားကိုကာ ကွယ်ရန် အတွက် သီရိလင်္ကာနိုင်ငံမှ တမီးလ်ကျားသူပုန်များအား ပြတ်ပြတ် သားသားနှိမ်နင်းသကဲ့သို့ အစိုးရမှပြတ် သားစွာဆောင်ရွက်သင့်ပြီဖြစ်ကြောင်း မနောမြေမှ အတိဒုက္ခရောက်နေ သည့် ပြည်သူများ ကိုယ်စား ဆန္ဒပြုလိုက်သည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ အမေရိကန်နိုင်ငံသို့ သွားရောက်
Posted by drmyochit
Tuesday, September 18, 2012, under ပြည်တွင်းသတင်းများ | No comments
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်အချို့သည် စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"အဓိကကတော့ သမ္မတခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အတွက်သွား တာ။ နောက် အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်းပါတယ်" ဟုအဆိုပါခရီးစဉ်တွင် လိုက်ပါမည့် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များသို့ သွားရောက် မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှာ စက်တင်ဘာ ၂၂ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီိမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်
Posted by drmyochit
Tuesday, September 18, 2012, under ပြည်တွင်းသတင်းများ | No comments
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက် မည့် ကိုယ်စားလှယ်များစာရင်းတွင် ဦးခွန်ထွန်းဦးအား အမည်စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''လောလောဆယ်မှာတော့ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) က ပေးတဲ့ဆုလက်ခံဖို့ အမေရိကန်နိုင်ငံကို ရောက်နေပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ ဆက်သွယ်ပြီး ညီလာခံကို တက်ရောက်ပါမယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ကို နိုင်ငံတော်သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့တာပါ။ ကမ်းလှမ်းချက်ကို လက်ခံလိုက်တော့ သံတမန် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကူညီပေးခဲ့ပါတယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ပြောကြားခဲ့သည်။
''နိုင်ငံတော်သမ္မတရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ တစ်ထောင့်၊ တစ်နေရာကနေ ပါဝင်ချင်လို့ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ဒီကိစ္စဟာလည်း အရမ်းအရေးကြီး တယ်ထင်လို့ သူ့အနေနဲ့ ပါဝင်ခဲ့တာပါ'' ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် အဆိုပါညီလာခံသို့ တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်းသိရပြီး အဆိုပါ ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီတည်ထောင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ အွန်လိုင်းစနစ်ဖြင့် စတင်ဝန်ဆောင်မှုပေး
Posted by drmyochit
Tuesday, September 18, 2012, under သတင်းများ | No comments
From : ခေတ်လူငယ်
စက်တင်ဘာ ၁၀ ရက်၌ စတင်အကောင်အထည် ဖော်ထားသည့် ကုမ္ပဏီဖွဲ့စည်းခြင်းများနှင့် သက် တမ်းတိုးခြင်း ကိစ္စများအတွက် အွန်လိုင်းစနစ်ဖြင့် စတင်ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပြီး လက်ရှိတွင် ယာယီမှတ်ပုံတင်ကတ်သာ ထုတ်ပေးနိုင်သေးသော်လည်း ကုမ္ပဏီများ အဆင်ပြေနိုင်သည့်အတွက် စိတ်ကျေနပ်မှု ရှိကြောင်း၊ သက်တမ်းတိုးရန် ပြင်ဆင်နေသည့် ပြည်တွင်းအိုင်တီ ကုမ္ပဏီ ပိုင်ရှင် တစ်ဦးက ပြောပြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အဆိုပါအွန်လိုင်း ဝန်ဆောင် မှုများကို စက်တင်ဘာ ၁၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ယခင်ကာ လများကကဲ့သို့ ကုမ္ပဏီများဘက်မျ ပုံစံဝယ်ယူကာ ဖြည့်တင်းရခြင်းမျိုး မဟုတ်ဘဲ နေပြည်တော်ရှိ အဆို ပါဌာနသို့ အချက်အလက်များ တင်ပြခြင်းဖြင့် ဌာနမှ ဖြည့်တင်းပြီးသား ပုံစံများကို ပြန် လည်ထုတ်ပေးမည် ဖြစ်သည်။ ကုမ္ပဏီအကြီးအကဲ ရာထူးနှင့် ဒါရိုက်တာများမှ အပ်သည့် လက်မှတ် ထိုးခြင်းနှင့် အထောက်အထားများ ပူးတွဲတင်ပြကာ လျှောက်လွှာတင်ရန် လိုအပ်ပြီး ဌာနမှ ယာယီမှတ် ပုံတင်ကတ်နှင့် သက်တမ်းတိုးခြင်းများကို one stop service ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “အချက်အလက်နဲ့ အထောက်အထားခိုင်လုံတယ်ဆိုရင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ အခုအချိန်က အစဆိုတော့ လိုအပ်ချက်တွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ယာယီကတ်ပြားတွေကို အရင် ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာ ဌာနရဲ့ လုပ်ငန်းစဉ်တွေအားလုံးကို အွန်လိုင်းစ နစ်နဲ့ ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်ပေးမှာပါ” ဟု နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေးမြန်းချက်အား ပြန်လည်ရှင်းပြသည်။ အခုလို လွယ်ကူ လာတာ ကောင်းပါတယ်။ ဌာနတွေမှာ ဝင်ရတဲ့အခါ အရင်ကလိုမျိုး ခက်ခဲတာ၊ ကြန့်ကြာတာနဲ့ လာဘ်ပေး ယူမှု ရှိတာတွေ နည်းပါးလာတာကို တွေ့ရတယ်။ အမှန်က ဝန်ထမ်းတွေကို ပျက်စီးအောင်လုပ်တာက ကုမ္ပဏီဝန်ထမ်းတွေရဲ့ အပြစ်လည်း မကင်းဘူးလေ။ ကျွန်မတို့ဆိုရင် ကိုယ့်အလုပ် မြန်မြန်ပြီးချင်လို့ ဝန်ထမ်းက မတောင်းရင်တောင် လာဘ်ထိုးတတ်တာ အကျင့်ပါနေသလို ဖြစ်နေတယ်။ အခုနောက် ပိုင်းမှာတော့ ဝန်ထမ်းတွေက ပေးရင်တောင် လက်မခံရဲကြတာကို တွေ့လာရတယ်။ အရင်ကထက် ဌာနဆိုင်ရာတွေကို ဝင်ရထွက်ရတာ လွယ်ကူပြီး မြန်ဆန်လာတယ်” ဟု နေပြည်တော်ရှိ အစိုးရဌာနများသို့ Documentation ဝန်ဆောင်မှု တာဝန်ယူရသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

ဗြိတိန် နိုင်ငံ၏ နျူကလီးယားဒဏ် ခံနိုင်သည့် ဘန်ကာ မြေအောက် အနက်ပေ ၁ဝဝတွင် တည်ဆောက်ထား
Posted by drmyochit
Tuesday, September 18, 2012, under နိုင်ငံတကာသတင်းများ | No comments
(နော့သ်ဝုဒ်
စက်တင်ဘာ ၁၆)
ဗြိတိန်နိုင်ငံရှိ
အမှတ် ၃၄၅ ပူး ပေါင်းတပ်ဖွဲ့၏ နျူကလီးယား ဒဏ်ခံနိုင် သည့် ဘန်ကာ တစ်ခုကို
လန်ဒန်မြို့ ဆင်ခြေဖုံး ရှိ နော့သ်ဝုဒ်အရပ်ရှိ တောင်စောင်းအောက် ပေ ၁ဝဝ အနက်တွင်
တည်ဆောက် ထားကြောင်း သိရသည်။
အဆိုပါ
အခန်းမှနေ၍ နျူကလီးယား လက်နက်များ သယ်ဆောင်ထားသည့် ရေငုပ်သင်္ဘောများကို ထိန်းချုပ် လျက်ရှိကြောင်း
သိရသည်။ အဆိုပါနျူကလီးယား လက်နက် တပ်ဆင်ထားသည့် Vanguard အမျိုး အစားရေငုပ် သင်္ဘော လေးစင်းအနက်မှ တစ်စင်း
သည် Trident IID-5 ဒုံးကျည်များကို သယ်ဆောင်ထား ပြီး စဉ်ဆက်မပြတ် ကင်းလှည့်
လျက် ရှိသည်။ ၄င်းဒုံးကျည်များသည် ထိပ်ဖူး ၁၂ ခုထိ သယ်ဆောင်နိုင်ပြီး ထိပ်ဖူး တစ်ခုစီ
သည် ဟီရိုရှီးမားတွင် အသုံးပြု ခဲ့သည့် ဗုံးထက် ၈ ဆပိုမို အစွမ်းထက်ကြောင်း
သိရသည်။
၎င်းဘန်ကာ၏
အပူချိန်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားပြီး အဆောက် အအုံအတွင်းရှိ လေကိုပိုမို
ဖိအားပေး ထားသည့်အတွက် ဓာတုလက်နက် များဖြင့် တိုက်ခိုက်ခံရပါက ထိခိုက်မည် မဟုတ်ကြောင်း
သိရသည်။ ဗြိတိန် ဝန်ကြီးချုပ်က Whitehall အောက်ရှိ ၄င်း၏ ဘန်ကာမှနေ၍ နျူကလီးယား လက်နက်ဖြင့်
တိုက်ခိုက်မှု ပြုလုပ်ရန် အတွက် အဆိုပါ ဘန်ကာသို့ အမိန့်ပေးနိုင်
ကြောင်း သိရသည်။
လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဟောပြော
Posted by drmyochit
Tuesday, September 18, 2012, under | No comments
တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောက်တလုံးကြီး မြို့နယ်ခွဲ နောင်ကားကျေးရွာ အုပ်စု၌ စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီက လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲကို တောင်ကျောင်းကြီး ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ဦးစီးအရာရှိ (စီမံ) ဦးရဲတင်ကျော်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ မြို့နယ် လျှပ်စစ်မှူး ဦးအောင်မြင့်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးအောင်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဦးစီးအရာရှိ (စီမံ) ဦးရဲတင်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး ကျောက်တလုံးကြီး မြို့နယ်ခွဲ မြို့နယ်လျှပ်စစ်မှူး ဦးအောင်မြင့်နှင့် ကျောက်တလုံးကြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးအောင်တို့က လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပြီးနောက် အခမ်းအနား တက်ရောက် လာသူများကို လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာ ပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်း ရရှိသည်။
""အကျဉ်းသား (၅၁၄)ဦးတို့ အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း""
Posted by drmyochit
Tuesday, September 18, 2012, under သတင်းများ | No comments
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ
ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို
အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင်
တစ်ဖက် တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံ သားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန်
အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့
အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ
အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့်နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦး တို့အား
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း
(၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းကို ပြန်ကြားရေ သတင်းဝတ်စ်ဆိုဒ် တွင်ဖော်ပြထားသည်။

""မလေးသို့ တရားမ၀င် ထွက်ခွာသူဘင်္ဂလီလူမျိုး ၁၂၀ ဦးကို ထပ်မံဖမ်းမိပြန်ပြီ""
Posted by drmyochit
Tuesday, September 18, 2012, under သတင်းများ | No comments
ဇော်ဇော်( ရွှေမြန်မာမီဒီယာဂရု)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော်စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့ တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို
ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။
သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ တရားမ၀င်လမ်းမှ တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံလိုက်ရသည်ဟု သိရသည်။
“သူတို့ကို မနက်အာရုဏ် ၃နာရီလောက်မှာ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ဘင်္ဂခါးလီ ရဲဌာနမှ အရာရှိတဦးဖြစ် သည့် Akter Hossain က bdnews24 သို့ပြောကြားသည်။
ယမန်နေ့ကလည်း မလေးရှားသို့
ထွက်ခွာရန် ကြိုးစားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးတို့အဖမ်းအခံခဲ့ရသည်။
၎င်းတို့မှာ ဘင်္ဂခါးလီမြို့နယ် ရှာနူ ကမ်းခြေမှတဆင့် မလေးရှားသို့ ဘုတ်တစီးဖြင့် ထွက်ခွာရန် ကြိုးစားချိန်တွင် ရဲတပ် ဖွဲ့မှ သွားရောက် ဖမ်းဆီးခြင်းဖြစ် ဟု ဆိုသည်။
ရွှေမြန်မာမီဒီယာဂရု
မူရင်းလင့်

120 held for 'illegal' migration
Mon, Sep 17th, 2012 11:53 am BdST
Chittagong, Sep 17 (bdnews24.com) — Police have detained 120 people, who were trying to 'illegally' migrate to Malaysia crossing the Bay of Bengal through Chittagong's Banshkhali area.
Officer-in-Charge of the Banshkhali Police Station Akter Hossain told bdnews24.com, "We arrested them around 3am on Monday with the assistance of the local Union Parishad Chairman."
They were detained from the coastal area adjacent to Banshkhali upazila's Chhanua Union.
He said the detainees were trying to migrate to Malaysia in an engine-run boat.
The law enforcers are looking into the identity of the detainees.
Legal actions would be taken against them if proof of illegal migration attempts were found, the police officer said.
မီးရထားရဲက ရိုက်နှက်သဖြင့် လူ ၁ ဦး သေဆုံး
Posted by drmyochit
Tuesday, September 18, 2012, under သတင်းများ | No comments
ကချင်ပြည်နယ်
ဟိုပင်မြို့နယ်မှာ မီးရထားရဲက ရိုက်နှက်တဲ့အတွက် အရပ်သား ၁ ဦး သေဆုံးခဲ့ ပါတယ်။ ဟိုပင်မြို့နယ်
ရွာသစ်ကြီးကျေးရွာက ကိုမောင်ဦးဟာ
တောင်ပြုန်းဘူတာရှိ မီးရထားများနှင့်
ပွဲတော်လာ
ဧည့်သည်များ တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်

နန်းခမ်းချိုတောင်ကနေ
အလုပ်လုပ်ပြီး ပြန်လာစဉ် ဟိုပင် ဘူတာမှာ ငှက်ဖျားရောဂါ ပြန်ထလာလို့ ဖျားပြီး အိပ်နေတုန်း
အဲဒီဘူတာက တာဝန်ကျ မီးရထားရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ကျော်စိုးလွင်က စက်တင်ဘာ
၉ ရက်နေ့က ရိုက်နှက်ခဲ့တယ်လို့ သေဆုံးသူ ကိုမောင်ဦးရဲ့ ဇနီးဖြစ်သူ မဝင်းကြည်က ပြောပါတယ်။
ကိုမောင်ဦးဟာ စက်တာလ ၁၃ ရက်နေ့ မိုးညှင်းဆေးရုံမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတြွေကာင့် သေဆုံးခဲ့ ပါတယ်။ဟိုပင်မြို့ ဒသခံ ဦးကျော်ငြိမ်းက “တပ်ကြပ်ကြီး ကျော်စိုးလွင်၊ သူက မူးလာပြီးတော့ ဒီကေလးကို ရန်ရှာတော့တာပဲ။
မောင်ဦးက အသက် ၂၉ နှစ်ပဲရှိပါသေးတယ်။ ထခိုင်းတယ် မောင်ဦးက မထနိုင်ဘူး၊ ဒီကောင်ကလည်း သေနတ်ကြီးနဲ့ ဘေးမှာလူတွေကလည်း မရှိကြဘူး။ ၁၁ နာရီဆိုတော့ လူခြေကလည်းတိတ်နေတယ်။ ဟိုပင် ဘူတာက ရုံပိုင်ကလည်း အဲဘူတာထဲမှာပဲ သူလည်းမြင်တယ်တဲ့။ ထခိုင်းတယ်၊ ဟိုကလည်း မထနိုင်၊ မထနိုင်ခြေထာက်နဲ့ကန်၊ ငါ့ဘာကောင်မှတ်လဲ ငါ့လက်ညှိုးကွေးလိုက်ရင် မင်းဘာဖြစ်သွားမလဲ သိလား ဆိုပြီး ဇွတ်ကန်နှိုး၊ ခြေထာက်နဲ့ ကန်လိုက် လဲသွားလိုက်၊ အဲလို ထခိုင်းလိုက်၊ မှောက်ခိုင်းလိုက်၊ ရိုက်နေတာဟာ ဘေးက ကောင်မေလးပြောတာ ၈၂ ချက်ရှိတယ်” လို့ ပြောပါတယ်။
ကိုမောင်ဦး သေဆုံးရတဲ့အတွက် ဟိုပင်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းတာကို လက်ခံ လိုက်တယ်လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။ ဇနီးဖြစ်သူ မဝင်းကြည်ကေတာ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်တာမျိုးကိုမှ လက်သင့်
မခံဘူးလို့ ဆိုပါတယ်။
လင်ယောကျာ်းဖြစ်သူ သေဆုံးတဲ့အတွက် အမှန်တရားပေါ်ပေါက်ဖို့ တရားဥပေဒအရ ရင်ဆိုင်သွားမယ်လို့ ကိုမောင်ဦးရဲ့ ဇနီး မဝင်းကြည်က ဒီဗွီဘီကို ပြောဆိုသွားပါတယ်။
“ကျမယောကျာ်းက သေသွားပြီဆိုတော့ သူတို့ ဘယ်လိုပဲညှိညှိလက်သင့်မခံဘူး။ အမှန်တရားအတိုင်း တရားဥပေဒနဲ့ ရင်ဆိုင်ဖို့ပဲ လိုချင်တယ်။ လျော်ကြေးတွေဘာတွေလည်း ဘာမှ မလိုချင်ဘူး။”ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဖြူမြို့ နယ်မှာလည်း အရပ်သား တဦးကို ရဲစခန်းအတွင်း ခေါ်
ယူစစ်ဆေးမေးမြန်းစဉ် မှာ သေဆုံးခဲ့ဖူးပါတယ်။

SSA နှင့် အစိုးရတပ် တပါတ်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့
Posted by drmyochit
Tuesday, September 18, 2012, under သတင်းများ | No comments
စံခလပူရီ (မဇ္ဈိမ) ။ ။ အပစ်အခတ် ရပ်စဲထားသည့် ၎င်းတို့၏
တပ်စခန်းကို အစိုးရတပ်များက တပတ်အတွင်းလေးကြိမ် လာရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်
စစ်တပ်အပေါ် အစိုးရ၏ သြဇာ သက်ရောက်မှု မရှိသည်မှာ ပိုမို ထင်ရှားသွားပြီ ဖြစ်ကြောင်း
ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) RCSS/SSA-S က ပြောသည်။
“ကျနော်တို့ မြင်တာက တပ်နဲ့ အစိုးရ တခြားစီ ဖြစ်နေပါပြီ။ ဦးအောင်မင်းကလည်း သတင်းစဉ် အင်တာဗျူးတခုမှာ တပ်ကိစ္စကို သူပါဝင် စွက်ဖက်လို့ မရဘူး ဆိုတဲ့အကြောင်း ပြောတာ ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ ရှမ်းပြည်နယ် အစိုးရကလည်း တပ်ကို အမိန့်ပေးလို့ မရဘူးဆိုတာ ပိုပြီး ထင်ရှားနေပါပြီ” ဟု SSA ပြောခွင့်ရ စိုင်းလောင်းဆိုင် က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ဆားတောကျေးရွာအနီး၊ မောက်မိုင်မြို့နယ် ဝမ့်မိုင်ညူကျေးရွာအနီး၊ မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ဒေသနှင့် မိုင်းတုံမြို့နယ်အတွင်းတွင် နှစ်ဖက် တိုက်ဖွဲ့ကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားသည့်နေရာမှ တပ်စခန်းများသည် အပစ်အခတ် မရပ်စဲမီကပင် မိမိတို့ အခြေချခဲ့သည့် တပ်စခန်းများ ဖြစ်သည်ဟု SSA က ပြောသည်။
တိုက်ပွဲလေးခုအတွင်း အစိုးရတပ်မှ ၁ဝ ဦးထက်မနည်း ကျဆုံးပြီး၊ ၃ဝ ကျော် ဒဏ်ရာ ရရှိကြောင်း၊ မိမိတို့ဘက်မှ ထိခိုက် ကျဆုံးမှု မရှိကြောင်း SSA ဘက်က ပြောသော်လည်း၊ ဒေသခံများကမူ တိုက်ပွဲကြောင့် နှစ်ဖက်လုံးမှ ထိခိုက် ကျဆုံးမှု ရှိကြောင်း ပြောသည်။
၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၂ ရက်နေ့တွင် ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် RCSS/SSA သည် အပစ်အခတ် ရပ်စဲချိန်မှ စ၍ နှစ်ဘက်ကြား တိုက်ပွဲပေါင်း ၃၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
အလားတူ အခြား အပစ်ရပ် ရှမ်းတပ် တခုဖြစ်သည့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA-N သည်လည်း ဇန်နဝါရီလ ၁၇ ရက်နေ့ အပစ်အခတ် ရပ်စဲချိန်မှ စ၍ အစိုးရတပ်နှင့် အကြိမ် ၃ဝ ခန့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ၈၈ နှင့် ဖားကန့်ပြည်သူများ လက်မှတ်ထိုးတောင်းဆို
Posted by drmyochit
Tuesday, September 18, 2012, under သတင်းများ | No comments
ချင်းမိုင်(မဇ္စျိမ) ။
။ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဖားကန့်မြို့မှ
မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ၊ ခရစ်ယာန်ဂိုဏ်း ပေါင်းစုံမှ ဘုန်းတော်ကြီး၊ သင်းအုပ်
ဆရာများ၊ ဗုဒ္ဓဘာသာကျောင်းထိုင် ဆရာတော်ကြီးများက ဖားကန့် မြို့မ ဘုန်းကြီးကျောင်းတွင်
စုပေါင်း၍ လက်မှတ်ရေးထိုး၍ တောင်းဆို လိုက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
ကိုဌေးကြွယ်က ပြောသည်။
ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များသည် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းတွင် စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပသည့် ဟောပြောပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအား သွားရောက်တွေ့ဆုံ၍ ယခုကဲ့သို့ စုပေါင်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ဖားကန့်ဒေသမှာ လက်ရှိ ဖြစ်နေတဲ့ နှစ်ဖက် တပ်ကြားမှာ ကြောက်နေတဲ့ ပြည်သူတွေ စိုးရိမ်နေကြတယ်။ စစ်ပွဲနဲ့ ဖြေရှင်းမယ့်အစား တွေ့ဆုံဆွေးနွေးနိုင်ဖို့ကို ဖြေရှင်းကြဖို့ ပြည်သူတွေကနေ လိုလား တောင်းဆို နေပါတယ်။ ပြီးတော့ ကချင်တခုလုံး ငြိမ်းချမ်းဖို့၊ ဖားကန့်ဒေသ ငြိမ်းချမ်းဖို့၊ ပြည်ထောင်စုကြီး တခုလုံး ငြိမ်းချမ်းဖို့ အတွက်ကို အားလုံးက ဆန္ဒပြုကြတယ်” ဟု ကိုဌေးကြွယ် က ပြောသည်။
အဆိုပါ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး အဆိုပြုလွှာကို သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးထံသို့ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့ပေါ် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၄၁ နေရာရှိပြီး ဒုက္ခသည်လူပေါင်း ၈,၇ဝဝ ကျော်ရှိရာ ၎င်းတို့အား အားပေး နှစ့်သိမ့်စကားပြောဆိုခဲ့ပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များအတွက် အကူအညီများ လိုအပ်နေသည် ဟု ကိုဌေးကြွယ်က ပြောသည်။
မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား အပစ်အခတ် ရပ်စဲ၍ လမ်းပန်းဆက်သွယ်ရေးများ အမြန်ဆုံး ပြန်ဖွင့်ဖို့လိုကြောင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းထားသဖြင့် အချိန်ကြာမြင့်လာပါက အစား အသောက်များ အကြပ်အတည်း ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။
မေလ ၃၁ ရက်နေ့မှစတင်၍ အစိုးရက စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းစေလိုက်သဖြင့် ကျောက်ကုန်သည် လုပ်ငန်းရှင် များ အားလုံး ရပ်ဆိုင်းခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုမှာ ယခုဆိုလျှင် သုံးလကျော် ကြာမြင့်သွားပြီ ဖြစ်သည်။
၈၈ ကျောင်းသားများက မြစ်ကြီးနားမြို့ပေါ်ရှိ ဒုက္ခသည်များအတွက် ကျပ် ၁၇၅ သိန်း လှူဒါန်းခဲ့ပြီး ပူတာအိုမြို့နယ် တွင် ဆန် ပြတ်လတ်မှုများ ရှိနေသဖြင့် ကျပ် ၂၅ သိန်း လှူဒါန်းခဲ့ကာ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအတွက်မူ ကျပ် သိန်း ၅ဝ ကျော် လှူဒါန်းခဲ့သော်လည်း လိုအပ်ချက် အများအပြား ရှိနေသေးကြောင်း ကိုဌေးကြွယ်က ပြောသည်။
“လိုအပ်ချက်နဲ့ ကျနော်တို့ လှူဒါန်းငွေက အရမ်းကို ကွာဟလွန်းပါတယ်။ လိုအပ်ချက်က အများကြီး ရှိနေတယ်။ နေရာ ထိုင်ခင်းက ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းစားဆောင်တွေကစ မကျန်တော့ဘူး။ ဘုရားကျောင်းတွေမှာ ဆိုရင်လည်း ဘုရားဝတ်ပြုတဲ့ ခန်းမတွေကစ မကျန်တော့ဘူး။ အားလုံးဖြစ်အောင် စီစဉ်နေရတဲ့ သဘော ရှိတာပေါ့။ ရေလျှံနေတော့ ပိုဆိုးတာပေါ့” ဟု ပြောသည်။
၈၈ ကျောင်းသား ခေါင်းဆောင်များသည် ဖားကန့်မြို့ နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၊ အေးမြသာယာ ရပ်ကွက် မှ ရဝမ်ကုန်း ဧဝံဂေလိ ဘုရားကျောင်း၊ မှော်မုန် ကျေးရွာမှ နှစ်ခြင်းဘုရားကျောင်းနှင့် ဇေယျဝတီ ကျောင်းတိုက်နှင့် သန်းကြွယ် မစိုးရိမ် ကျောင်းများ အပါအဝင် ငါးနေရာမှ စစ်ပြေး ဒုက္ခသည်များအား တနင်္လာနေ့တွင် သွားရောက် တွေ့ဆုံ၍ အားပေး စကားပြောဆိုခဲ့ကြသည်။
တနင်္ဂနွေနေ့ကလည်း ဖားကန့်လှောန်ခန်၊ မှော်စီဆာ၊ နမ်းမဖြစ်ရပ်ကွက်ရှိ ကက်သလစ် ဘုရားကျောင်းနှင့် ငှက်ပျော်တော ရပ်ကွက်ရှိ စိတ်ပတ်ထရစ် ဘုရားကျောင်းများရှိ စစ်ပြေးဒုက္ခသည်များအား အားပေးစကား ပြောကြားခဲ့ကြောင်း ကက်သလစ် အသင်းတော်မှ ဆရာနော်ဂျာက ပြောသည်။
“စစ်ပြေး ဒုက္ခသည်တွေကို အားမငယ်ဖို့ အားလုံး စည်းလုံးညီညွတ်ကြဖို့ရယ်။ နောက်ပြီး ကျောင်းသူတယောက် ပစ်သတ်ခံရတဲ့ ကိစ္စတွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖို့နဲ့ အကြောက်တရား ကင်းဖို့ကို ဟောပြောပါတယ်” ဟု မဇ္စျိမကို ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့က အစိုးရတပ်ဘက်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသူ ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန် ၏ မိဘနှစ်ပါးနှင့်လည်း တွေ့ဆုံ၍ အားပေးစကား ပြောဆိုခဲ့ကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံး သွားလာခဲ့ရာ ခရီးစဉ်တခုလုံးထဲတွင် ဖားကန့်လမ်း သည်အခြေအနေ အဆိုးရွားဆုံး ဖြစ်ကြောင်း ၈၈ ကျောင်းသားများက မှတ်ချက်ပြုကြသည်။
ဖားကန့်မြို့ပေါ်တွင် လူမျိုးချင်း သွေးခွဲနေမှုများအား လက်မခံကြောင်း ၈၈ တို့က ဟောပြောခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးဒရှီလဆိုင်းက ပြောသည်။
“ကျနော်တို့ လူမျိုးအချင်းချင်းကို သွေးကွဲတာတွေ လုပ်ဆောင်နေတဲ့ လူတွေကို လက်မခံဘူး။ ဒါမျိုးတွေ မလုပ်ကြဖို့ ပြောတယ်။ နောက် ကိုယ့်စီးပွားရေး လုပ်ချင်တယ်ဆိုရင် ကိုယ့်ဖာသာကို စီးပွားရေးလုပ်ပါ။ ဒီမှာရှိတဲ့ တရုတ်တွေက ကျနော်တို့ ကချင်နဲ့ ဗမာတွေကို သွေးခွဲအောင် လုပ်ဆောင်နေတာတွေ ရှိတယ်ဆိုတာ သူတို့ သိထားတယ်လို့ ထင်တာပဲ” ဟု မဇ္စျိမကို ပြောသည်။
လက်ရှိ ဖားကန့်မြို့နယ်အတွင်းရှိ KIO တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ နှစ်ဘက် သတိဖြင့် စောင့်ကြည့်နေကြသည်ဟု သိရသည်။
မြရည်နန္ဒာ ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်း
Posted by drmyochit
Tuesday, September 18, 2012, under ပြည်တွင်းသတင်းများ | No comments
မြရည်နန္ဒာရပ်ကွက် ကျူးကျော်တဲများကို
ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်းနေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာ ဝတီ)မန္တလေးမြို့
မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ကို မန္တလေး စည်ပင် သာယာက
ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဘူဒိုဇာများနှင့် ၀င်ရောက်ထိုးကော် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း
သိရသည်။
ယင်းမြေကွက်တွင် ကျူးကျော်နေထိုင်သည့်
အိမ်ခြေ ၄၄၀ ကျော်ရှိပြီး နေထိုင်သည့် လူဦးရေ တထောင်ကျော် ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက
စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ယင်း မြေကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို
ရွှေ့ပြောင်းပေးရန် ထုတ်ပြန် ခဲ့သော်လည်း နေထိုင်သူများက ရွှေ့ပြောင်း မပေးသည့်အတွက်
ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ရဲများနှင့် စည်ပင်သာယာအဖွဲ့တို့ ဦးဆောင်ပြီး ဘူဒိုဇာ
ကားများနှင့် ၀င်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ရှင်းလင်းနေစဉ်အတွင်း အနီးအနားရှိ
ကျေးရွာများမှ ဒေသခံများ ရောက်လာကာ ဖျက်သိမ်းနေသည့် အိမ်များမှ သစ်သားများ၊ သွပ်များနှင့်
မျှောတိုင်များကို အလုအယက် ၀င်ရောက် ယူဆောင်ခြင်းများ ပြုလုပ်လျှက် ရှိသည်။
‘‘ကျနော်တို့က လူတွေ မ၀င်ရ ဆိုပြီး
ပိတ်ပြီး လုပ်ရင် အပြောခံရမှာစိုးလို့ ဖျက်သိမ်းနေချိန်မှာ ပစ္စည်း လိုချင်တဲ့ လူတွေ
ဝင်ရောက် ယူဆောင်တာကို တစုံတရာ ဟန့်တားခြင်း မရှိပါဘူး” ဟု အိမ်ယာများ ဖျက်သိမ်းရေးကို
တာဝန်ယူ လုပ်ဆောင်နေသည့် စည်ပင်သာယာ မြေယာစီမံခန့်ခွဲရေး ဌာနမှ ဦးတင်ထွဋ်ကျော်က ဧရာဝတီကို
ပြောသည်။
ကျူးကျော်တဲများကို တနေ့တည်းနှင့် နေ့မကူးမီ
အပြီး ဖျက်သိမ်းသွားမည် ဖြစ်ပြီး ညပိုင်းတွင် ကွင်းအတွင်း လုံခြုံရေးများ ချထားမည်
ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ကျူးကျော် နေထိုင်သူများ အနေဖြင့် အိမ်ခြေများကို
မဖျက်သိမ်းရသည့် အကြောင်းရင်းမှာ သက်ဆိုင်ရာ အာဏာပိုင်များက ယခုကဲ့သို့ မစာမနာ လုပ်ကိုင်လိမ့်မည်ဟု
မထင်သောကြောင့် ဖြစ်ကြောင်း၊ ဖျက်သိမ်း လိုက်သည့် အိမ်များမှ ပစ္စည်းများ ကိုလည်း မည်သည့်နေရာသို့
ပြောင်းရွှေ့ သယ်ဆောင်ရမည်ကို မသိရှိ ရကြောင်း၊ သယ်ဆောင်ရန် အတွက် စားရိတ် မတတ်နိုင်ခြင်းကြောင့်
ပစ္စည်းများ မယူတော့ဘဲ လူလွတ် ထွက်လာကြောင်း ယင်းကျူးကျော်တဲတွင် နေထိုင်သည့် အမျိုးသမီးတဦးက
ပြောသည်။
စားအုန်းဆီစားသုံးရန် သင့်မသင့် နယ်စပ်မှာ စစ်ဆေးပြီ
Posted by drmyochit
Tuesday, September 18, 2012, under ပြည်တွင်းသတင်းများ | No comments
ယနေ့နံနက်ပိုင်း ထိုင်းဘက်ခြမ်း
အမှတ် (၁) လှေဆိပ်မှာ စားအုန်းဆီပုံးများကို ဒီလို တွေ့ရပါတယ် (ဓာတ်ပုံများ -
ဧရာဝတီ) မဲဆောက်မြ၀တီ
နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် မြန်မာ ဘက်သို့ တရက်ခြား တင်ပို့နေသော
စားအုန်းဆီတံဆိပ်မျိုးစုံကို စားသုံးရန် သင့်မသင့် စစ်ဆေးတော့မည်ဟု သိရသည်။
မြန်မာဘက်သို့ တရက်ခြား တင်ပို့သည့် ၁၈ လီတာဝင် စားအုန်းဆီပုံးရေ ၁၀,၀၀၀ ကျော်ကို မြန်မာဘက်က တင်သွင်းခွင့်ကို ယမန်နေ့က စတင်ကာ ပိတ်ပင်လိုက်သည်။
မြန်မာကုန်သည်ကြီးများအသင်းဝင် ကိုအောင်က “စီးပွားနဲ့ကူးသန်းဝန်ကြီးဌာနရဲ့ အမိန့်နဲ့ မနေ့ကစပြီး ပိတ်လိုက်တာဖြစ်တယ်။ ထိုင်းဘက်က အရည်အသွေးမမီတဲ့စားအုန်းဆီတွေ တင်ပို့တဲ့အတွက်လို့ ပြောတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“မြ၀တီ ကုန်သွယ်ရေးဇုန်မှာ ဒီနေ့ ထိုင်းဘက်က ၀င်တဲ့ အစားအစာနဲ့ ဆေးဝါးတွေကို ပုံမှန် စစ်ဆေးဘို့ အတွက် ကျန်းမာရေးဝန်ကြီးဌာနက FDA ရုံးခွဲ ဒီနေ့ ဖွင့်ပွဲလုပ်ဘို့ ရှိတယ်။ နောက်ကိုဆိုရင် အဲဒီအဖွဲ့က ထိုင်းကုန်တွေကို နေ့တိုင်း စစ်ဆေးသွားမယ်လို့ သိရတယ်။ သူတို့အဓိက စစ်ဆေးမှာက စားအုန်းဆီလို့ ပြောတယ်”
မြန်မာတွေ ခံနေရတယ်
စားအုန်းဆီ အရည်အသွေးစနစ်တကျ စစ်ဆေး နိုင်မည့် (FDA)ကဲ့သို့ အဖွဲ့များ မြ၀တီကုန်သွယ်ရေးဇုန်တွင် မရှိခဲ့သဖြင့် ထိုင်းဘက်မှဆီများ အတားအဆီးမရှိ အလုံးအရင်းဖြင့် မြန်မာဘက်သို့ ၀င်ရောက်ခဲ့သည်မှာ ဆယ်စုနှစ် ၂ ခုကျော်ပြီဟု သိရသည်။
မြန်မာကုန်သည်တဦးက “ကိုယ့်ဘက်က နယ်စပ်ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ မူဝါဒတွေကို အတိအလင်း စနစ်တကျ ဘာမှ လုပ်ခဲ့တာမရှိလို့ ရေရှည်မှာ မြန်မာတွေ ခံနေရတာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာဘက်က တင်သွင်းခွင့် ပိတ်ထားတဲ့ ဆီလေးမျိုးကို တဘက် ကုန်သည်တွေက အခြားတံဆိပ်တွေ ပြောင်းကပ်ပြီး မြန်မာဘက် ပို့နေတာကို သိရဲ့နဲ့ ခံနေကြရတယ်။ ဒါတောင် ဆီတမျိုးပဲရှိသေးတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွက်ကဲမှုဌာန(FDA) က စားသုံးရန် မသင့်ဟု သတ်မှတ်ထားသည့် အမှတ်တံဆိပ် ၄ မျိုးရှိသည်။

ပိတ်ပင်ထားသဖြင့် တခြားတံဆိပ် ပြောင်းကပ်နေသည်ဆိုသော
ဆီ ၄ မျိုး
- ကျောက်ပုစွန်နှစ်ကောင် (မလေးရှား)
- ကျောက်ပုစွန်တကောင် (မလေးရှား)
- ရေနဂါး (မလေးရှား)
- ငါးကြော် (ထိုင်း)
လက်ရှိ ထိုင်းဘက်မှမြ၀တီဘက်သို့ တင်ပို့နေသည့်စားအုန်းဆီများ၏ ပမာဏအများစုမှာ မှောင်ခို လမ်းကြောင်း ဖြင့် တင်ပို့နေခြင်း ဖြစ်သည်။ ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် ထုတ်လုပ်သည့်ဆီများဖြစ်ပြီး အမျိုးအစားနှင့်တံဆိပ် ၁၀ မျိုးကျော် ရှိသည်ဟု ကုန်သည်များက ပြောသည်။
နယ်စပ် ကုန်သွယ်ရေးတွင် ထိုင်းကုန်စည်များ မြန်မာဘက် တရားဝင်တင်ပို့သည့် ပမာဏမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,၀၀၀ ခန့် ရှိသည်ဟု တာ့ခ်ခရိုင် ထိုင်းကုန်သည်ကြီးများအသင်းက ပြောသည်။
ထိုင်းဘက်မှမြန်မာဘက်သို့ လူသုံးကုန် စားသုံးကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ အဓိက တင်ပို့ပြီး၊ မြန်မာဘက်မှထိုင်း ဘက်သို့ လယ်ယာထွက်ကုန်များ၊ သစ်တောထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် ချည်ထည်မျိုးစုံ တင်ပို့လျက်ရှိသည်။
နောက်ဆက်တွဲ
မြ၀တီမှအစိုးရ၀န်ထမ်းတဦးထံမှ နောက်ဆုံးရရှိသည့်သတင်းအရ မြ၀တီကုန်သွယ်ရေးဇုန်တွင် ယနေ့ပြု လုပ်မည့်(FDA) ရုံးခွဲ ဖွင့်လှစ်မည့် အခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
၎င်းက “ဒီနေ့ မဖွင့်ဖြစ်ဘူး ၀န်ထမ်းတွေကတော့ ရောက်ပြီး လုပ်ငန်းအတွက် သုံးမယ့် ဓာတ်ခွဲခန်းဆိုင်ရာ ကရိယာတွေ အချိန်မီ မရောက်လာတာလည်း ပါတယ်။ ကုန်သွယ်ရေးဇုန်က ညွန်မှူးပြောတာကတော့ ဒီနေ့ မဖွင့်ဖြစ်ဘူး။ ဖွင့်မယ့်ရက်ကိုလည်း အတိအကျ မပြောနိုင်သေးဘူးလို့ ပြောတယ်” ဟု ဆိုသည်။
ဤအတောအတွင်း ထိုင်းဘက်တွင် စားအုန်းဆီများ
သောင်တင်နေပြီး နှစ်ဘက်ကုန်သည်များ လုပ်ငန်းရပ်နားထားရသည်ဟု ကုန်သည်များက ပြောသည်။
မြန်မာအာဏာပိုင်တို့က ကျပ်ကျပ်မတ်မတ် မပြတ် စစ်ဆေးမှသာ မြန်မာပြည်မှ စားသုံးသူများ စိတ်အေးရမည်ဖြစ်သည်။
စားအုန်းဆီသည် ကျန်းမာရေးထိခိုက်နို်င်သဖြင့် ဆင်းရဲသည့်နိုင်ငံတို့တွင်သာ အသုံးပြုကြသည်။ ဤအခြေအနေ တွင် အရည်အသွေး လွန်စွာညံ့ဖျင်းပြီး သုံးစွဲရန် မသင့်လျော်သော ဆီများကို မှောင်ခိုလမ်းကြောင်း (တရားမ၀င် လမ်းကြောင်း) မှ ကုန်သွယ်နေကြခြင်းဖြစ်သည်။
From -ဧရာဝတီ