Friday, April 12, 2013

ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည် ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ အမှောင်ထွန်းဒေသ အချို့တွင် တည်မည်

Posted by drmyochit Friday, April 12, 2013, under | No comments



ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ တည်ဆောက်၍ မီးမရ သေးသည့် ဒေသ အချို့ကို ပေးသွားရန် နယ်စပ်ရေးရာ ဝန်ကြီး ဌာနက စီစဉ်နေပြီဟု သိရသည်။ မဟာ ဓာတ်အား လိုင်းများနှင့် ဝေးကွာပြီး လျှပ်စစ်မီး မရသေးသော နေရာတို့ကို ထိုစက်ရုံငယ်များဖြင့် ပထမဦးဆုံး စီစဉ်ခြင်း ဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုတို့ တွင်ဖြစ်သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ကြူကြူခင်က ပြောသည်။

”စက်ရုံ တစ်ခုကို ကျပ် ခြောက်သန်း ခန့်မှန်း တွက်ချက် ထားပြီး ဒီဘဏ္ဍာနှစ် ထဲမှာ အပြီး ဆောင်ရွက်ပေးဖို့ လျာထား လိုက်ပါပြီ” ဟု ၄င်းက ဆိုသည်။ လက်ရှိ နိုင်ငံတွင် ကျေးရွာ ပေါင်း ၆ဝ,ဝဝဝ ကျော်ရှိရာ ၂ဝ,ဝဝဝ သာလျှင် လျှပ်စစ်မီး ရရှိနေကြောင်း၊ ထို့အတွက် ကြောင့် စီမံချက် ထားကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပအိုဝ်း၊ ပလောင်၊ ဓနုတို့တွင် ရှစ်ခုစီ၊ ကိုးကန့်နှင့် ဝ တို့၌ ၇ ခုစီ၊ နာဂ ၌ ၉ ခုနှင့် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ရန်ကုန်တို့တွင် စုစု ပေါင်း ၁၇ ခုဖြင့် ရေအားလျှပ်စစ် စက်ရုံငယ်များ အသီးသီး တည်ဆောက် သွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန စာရင်းများအရ သိရသည်။ နယ်မြေဒေသ၏ တောင်းဆိုချက်၊ ရေအရင်းအမြစ်များဖြစ်သည့် ချောင်း၊ မြောင်း၊ စမ်းရေများရှိရာ အဆိုပါ ဒေသတို့၌ ရေအားလျှပ်စစ် စက်ရုံငယ်များ တည်ဆောက်သွား မည့်လုပ်ငန်းအပြင် အိမ်ခြေပေါင်း ၁၃,၆၃၁ ခုကို ဆိုလာ မီးပေးစနစ်များ တပ်ဆင်ပေး သွားမည်ဟုလည်း ညွှန်ကြားရေးမှူး ဒေါ်ကြူကြူခင်ထံမှ ထပ်မံသိရ သည်။

ရေအားလျှပ်စစ် စက်ရုံငယ် ၈ဝ နှင့် ဆိုလာ မီးပေးစနစ် ၁၃,၆၃၁ ခုတို့ အတွက် လျာထားငွေ ကျပ် ၃,၂ဝ၆.၂ သန်း သတ်မှတ်ထားပြီး ယခင် ဘဏ္ဍာနှစ်ကကဲ့သို့ တင်ဒါ စနစ်ဖြင့် ကုမ္ပဏီတို့အား ဆောင်ရွက် ခိုင်းဖွယ် ရှိသည်ဟု သိရသည်။

ကျေးလက် မီးလင်းရေးအတွက် ဆိုလာဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စ၍ ဆောင်ရွက်ပေးခဲ့ရာ ကျေးရွာပေါင်း ၁၆,ဝဝဝ ခန့်တွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်သည်။




From:yoyarlay

ချောက်ကမ်းပါးထိပ်မှ ရတနာ

Posted by drmyochit Friday, April 12, 2013, under | No comments



ယခုပင် ရောက်လာတော့မည့် ၁၃၇၄ ခုနှစ် တန်ခူး လဆန်း ၃ ရက်နေ့ဆို မြန်မာ့ နှစ်သစ်ကူး သင်္ကြန် အခါတော်သို့ ရောက်ပေ ဦးတော့မည်။ အတိတ် အခါ ခေတ်အဆက်ဆက် တုန်းကဖြင့် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ဆိုသည်က ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ်ကို လူမရွေး စတမ်း တန်းညှိ ပစ်နိုင်သည့် သင်္ကြန်။ အသက်အရွယ် တွေကို မေ့လျော့သွားစေနိုင်သည့် သင်္ကြန်ဖြစ်လေသည်။

သင်္ကြန်အခါသို့ ရောက်လျှင် အဘိုး အဘွားတွေက ဘုရားကျောင်းကန်သို့ သွားရောက်ကာ ဥပုသ်သီလ ဆောက်တည်ကြသည်ဆိုသည့်တိုင် သင်္ကြန်ထဲတွင်တော့ မနော ကံက ကျန်နေခဲ့တတ်သေးသည်။ သင်္ကြန်ရေ အစိုခံလိုစိတ် မရှိကြတော့ဘူး ဆိုလျှင်တောင်မှ သင်္ကြန်ကို စောင်းငဲ့၍မျှ မကြည့်ဘဲ နေနိုင်စွမ်းမရှိကြ။ သင်္ကြန်အသံ သင်္ကြန်ရနံ့ ရရုံနှင့်ပင် ရင်ထဲ စိမ့်ခနဲ အေးခနဲလေးတော့ လှုပ်လှုပ်ခတ်ခတ် ရှိတတ်ကြမြဲဖြစ်သည်။ မြန်မာတို့၏ နှစ်သစ်ကူး အတာသင်္ကြန်ဆိုသည်က အဲ့သည်လောက် အစွမ်းသြဇာထက်လေသည်။

အသက် ၆၀ ကျော် ၄ နှစ်နီးပါး စွန်းလာပြီဖြစ်သည့် အဘိုးကြီးပေါက်စ ကိုယ်သည်ပင် သင်္ကြန်ဆို အူက ယားတုန်း။ တူးပို့ တူးပို့ဆို ခြေက နန့်နန့် လက်က နန့်နန့် ဖြစ်မိတုန်း။ ဟိုအတိတ် အနှစ် ၅၀ ကျော် ကိုယ်လူ မဖြစ်တဖြစ် ဆယ့်သုံးလေးနှစ် အရွယ်ရဲ့ သင်္ကြန် အခါတော်ထဲက ကိုယ့် ပထမဆုံး ဂီတ မိတ်ဆွေ ဖြစ်ခဲ့သော စည်တိုလေးကို တမ်းတမိတုန်း။ အဲဒီကမှ တစ်ဆင့်..ဂီတနှင့် ရင်းနှီးလာခဲ့သည့် ဟိုးအတိတ် နှစ် ၃၀ ကျော်လောက်ဆီက ကိုယ်တိုင်မြတ်နိုးစွာ ကိုင်တွယ် တီးခတ်ခဲ့သည့် ကိုယ့်ရင်ဘတ်ထဲ တွဲလွဲခို နေခဲ့ဖူးသော အကော်ဒီယံ ကျောက်စိမ်းရောင်လေးကိုလည်း သတိရမိတုန်း။ ပြည်သူ့ အသံကို ပဲ့တင်ထပ် နိုင်ဖို့ ရည်ရွယ်သည့် ကိုယ်တို့ရဲ့ “ ပဲ့တင်သံ” ဒိုး အဖွဲ့အတွက် ကိုယ်ရေးခဲ့သည့် သီချင်းတွေ သံချပ်တွေ ကလည်း ယခုတိုင် ကိုယ့်နှုတ်ဖျားမှာ နှုတ်တက် ရွရွ ရှိနေမိတုန်း။ ရေးချင် တီးချင်၊ ဆိုချင်၊ ကချင် ရှိမိတုန်း။ သင်္ကြန် ရနံ့နှင့် အတူ ငယ်ပေါင်း ဂီတ သူငယ်ချင်းတွေကိုလည်း လွမ်းမိနေရတုန်း။

ပြန်တွေးမိတော့ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး သင်္ကြန်တိုင်းမှာ တူးပို့ တူးပို့နှင့် ကိုယ်တို့ နွှဲခဲ့ကြသည်က မနေ့ တစ်နေ့က လောက်ပဲ ရှိနေသေးသလို ထင်မှတ်နေမိဆဲ ဖြစ်ရသည်။ သင်္ကြန်ဒိုး တူးပို့ တူးပို့နှင့် ကွေးနေအောင် ကခဲ့ကြသူ ငယ်သူငယ်ချင်း မတွေလည်း အခုတော့ ခါးကိုင်း သွားကြွေရှိကြပြီ ထင်၏။ ဘာပဲဖြစ်ဖြစ် သူတို့သည်လည်း ကိုယ်တို့ငယ်တုန်းအခါက မွေးရပ်မြေ မြို့ကလေး၏ အတာ သင်္ကြန်ကို မေ့နိုင်ကြလေမည် မထင်။

တကယ်တော့ ကိုယ်တို့ ဖြတ်သန်းခဲ့ကြသည့် မြန်မာ့ ရိုးရာ အတာ သင်္ကြန်ဆိုသည်က တစ်ဦးကို တစ်ဦး ရေပက်ကြရုံ ဆိုကြ တီးကြ ကခုန် ပျော်ကြ ပါးကြရုံမျှသော အဓိပ္ပာယ် မဟုတ်ခဲ့။ ကောင်းမှု ကုသိုလ်များကို ကိုယ်စီ ပြုကြရင်း မကြာမတင် ရောက်ရှိလာတော့မည့် နှစ်သစ်တွင် ကောင်းကျိုးအထွေထွေနှင့် ပြည့်စုံပါ စေကြောင်း၊ နှစ်ဟောင်းမှ အဆိုးအညစ် မှန်သမျှ နှစ်ဟောင်းတွင်သာ ကျန်ခဲ့ပါစေကြောင်း ဆုမွန် တောင်းလျက် တရော် ကင်ပွန်းဖြင့် ခေါင်းဆေး မင်္ဂလာလည်းပြုကြ။ နှစ်သစ်အခါတွင် စိမ့်ရေ စမ်းရေ တမျှ အေးမြပါစေကြောင်းရည်လျက် ရေရှားပါးရာ ဘုန်းတော်ကြီး ကျောင်းများသို့ ရေအိုး ကိုယ်စီရွက်ကာ ရေအလှူလည်းလှူခဲ့ကြ။

ဘေးဘယာတွေ ဝေးကွာပါစေကြောင်းရည်လျက် သတ္တ၀ါတွေကို ဘေးမဲ့တွေလည်း လွှတ်ခဲ့ကြ။ ဟိုရပ်ကွက် သည်ရပ်ကွက်တွေက စတုဒီသာ အကျွေးအမွေးတွေလည်း လှိုင်ပေါလည်အောင် လှူကြ တန်းကြ။ သက်တော်ရှည် အဘိုးအဘွားတွေကို ပူဇော်ကန်တော့ကြ။ ခြေသည်း လက်သည်းတွေ လှီးဖြတ် ပေးကြ။ ရေချိုးခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူကြ။ ထို့အပြင် လူတိုင်းစေ့ ခေါင်းဆေးမင်္ဂလာ ပြုနိုင်ကြဖို့ ရပ်ကွက်တွေထဲအနှံ့တ ရော်ကင်ပွန်းရည်များလည်း လိုက်လံဝေငှ ဒါနပြုကြသေးသည်။

မှတ်မှတ်ရရ အဲ့သည်တုန်းအခါက တရော်ကို ဈေးမှ အလွယ်တကူ ၀ယ်လိုက်ကြသည် မဟုတ်။ လူငယ် သိုက်က ပဲခူးရိုးမ ခြေရင်းသို့ ရက်ကြို၍ တက်ကာ တရော်ပင်တွေ ခုတ်ကြသည်။ သိပ်ဝေးဝေး သွားခဲ့ကြ ရသည်မဟုတ်။ မနက်အစော ကြက်ဦးတွန် ၄ နာ ရီလောက်မှထပြီး နံနက်အစောစာ အဆာပြေစားနိုင်ဖို့ ကိုယ့်အိမ်က ထမင်းထုပ်ကလေး ကိုယ့်ဘာသာထုပ်၍ ရိုးမခြေရင်းသို့ တက်ခဲ့ကြလျှင် တစ်မြို့လုံးစာ ဝေငှဖို့လုံလောက်သည့် တရော်ကို နံနက် ၈ နာရီလောက်ဆို ပြည့်ပြည့်တင်းတင်းရကြပြီ။ သည်တော့မှ ၀ိုင်းဖွဲ့ပြီး ပါလာသည့် ထမင်းထုပ်တွေ အတူဖြေ ဝေငှစားသောက်ခဲ့ကြ ဆိုတာတွေကလည်း သည်နေ့ထိ မမေ့နိုင်သေး။ ပြန်တွေးတော့ လွမ်းစရာတွေချည်း။

အခုတော့ နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ အဲ့သည် မြန်မာ့သင်္ကြန်ရိုးရာယဉ်ကျေးမှု အရသာတွေ ပျောက်ဆုံး သွားသလို ခံစားလာရသည်။ လောလောဆယ် ရေကြည်ရာ မြက်နုရာအဖြစ် ကိုယ်ရောက်နေမိရသည့် ရန်ကုန် ရွှေမြို့တော်ကြီးတွင်တော့ သင်္ကြန်ပုံရိပ်က ရုပ်ပျက် ဆင်းပျက်နှင့်ပင် ပိုဆိုးသလားထင်သည်။ မြန်မာ့သင်္ကြန်သင်္ကေတ တူးပို့သံဆိုသည်က မြန်မာ့ ရုပ်မြင်သံကြားက လွှင့်တာလောက် ထီရောင်းသည့် ထီလှည်းက ဖွင့်တာလောက်၊ ရှင်လောင်းလှည့် အလှူပွဲ စည်တိုဝိုင်းက ဖြတ်သွားဖြတ်လာ တီးသွားတာ လောက်သာရှိတော့သည်။ တူးပို့က သင်္ကြန်ထဲမှာ မရှိတော့။ သင်္ကြန်ထဲကို ဒူးချပ် ဒူးချပ်ပဲ ကျယ်ကျယ် လောင်လောင် မြည်သည့် သံစဉ်ဘာမှန်းမသိသော အသံတွေက ပုံပြင်ထဲက ကုလားအုပ်လို တိုးဝင် လာသည်။ သင်္ကြန်ပန်းကုံးလေးတွေ လည်ပင်းမှာ တ၀ဲဝဲနှင့်ကကြသည့် သင်္ကြန်အကလည်း ပျောက်လာ သည်။

“၀သ၀တ္တီ နတ်ပြည်က နတ်သမီးလေးလို လှပါတယ်၊ သင်္ကြန်မယ်လေးတွေလှပါတယ်” ဆိုသည့် သင်္ကြန် သီချင်းထဲမှ နတ်သမီးလေးတွေလို လှသည့် ယဉ်ယဉ်ကျေးကျေး မြန်မာ့သမီးပျိုတို့ ရဲ့ အလှတွေလည်း ဘယ်ရောက်ကုန်ကြပြီမသိတော့။ လုံလုံခြုံခြုံ လုံချည်အကျ အ၀တ်အစားကို သင်္ကြန်ရေ စိုသဖြင့် ပေါ်လာသည့် မပေါ်၏ သို့ ပေါ်၏သို့ ရေစို အလှလောက်မျှကို မရောင့်ရဲနိုင်ကြတော့တာလားလည်း မသိ တော့။ သင်္ကြန် ဆိုသည်မှာ မြန်မာ့ သမီးပျိုလေးတွေ အရှက်အကြောက် မရှိစတမ်း ဖော်ခွင့် ချွတ်ခွင့်ရှိသည့် လိုင်စင်ရ ဖော်ပွဲ ချွတ်ပွဲကြီးလိုဖြစ်လာသည်။

အတိုအပြတ်ဆိုသည်က ပျင်းတောင် ပျင်းသေး အဆင့်ဖြစ်သွားသည်။ ပါးပေ့ လွှာပေ့ဆိုသော အဖြူပြောင် ဖျင်စလိုမျိုးကို ၀တ်စုံချုပ်၍ အပေါ်အောက် အောက်ခံ ဘာမျှမပါဘဲ ၀တ်လာပြီး စင်ပေါ်သို့ တက်ပြီဆို ကတည်းက မူလကပင် ရှင်းရှင်း လင်းလင်း မြင်စေကြည့်စေလိုသည့် သဘော ဆန္ဒပါသည်။ သင်္ကြန်ရေ စိုလိုက်သည့်အခါ သူ့ဆန္ဒလည်း အလိုလို ပြည့်သွားသည်။ သင်္ကြန်ရေလည်း အလိုလို ကျက်သရေယုတ် သွားတော့သည်။

ဖွင့်ထားသည့် ဒူးချပ် ဒူးချပ် တီးလုံးနှင့်အတူ ကော့ကော်ကန်ကား အကကိုရော စွက်လိုက်သည့် အခါ တွင်တော့ အဖုံးအကွယ် အကြိုအကြား မကျန်တော့သဖြင့် ကမ္ဘာမှာ မြန်မာကွဟု ရှက်ကြောပြတ် အလံကို မြင့်မြင့် မားမား ထူနိုင်သည့် ယဉ်ကျေးမှု အစုတ်အပဲ့လည်း ရှေ့တန်းသို့ ရောက်လာတော့သည်။ ထိုသို့ အရှက်အကြောက်မဲ့စွာဖြင့် စင်မြင့်ပေါ် တက်ကာ ရိုင်းစိုင်းပြနေကြသည့် အမျိုးသမီးလေးတွေဆိုသည်က ခြေကြိုခြေကြား အုတ်ကြားမြက်ပေါက်ဆိုသည့် အနှိမ်ခံ အောက်ခြေလူတန်းစားတွေထဲမှ ပညာမဲ့ သူလေးတွေ မဟုတ်ကြ။ သူတို့ကိုယ် သူတို့ တကယ့် အဆင့်အတန်း ရှိသူတွေ ဟု သတ်မှတ်နေကြသည့် ကြေးရတတ်တွေထဲမှ ပညာတတ် ဆိုသူတွေဖြစ်သည်။ အချို့ဆို ဆင်စွယ်နန်းပေါ်က။

မနှစ်ကဆို သူ့ကိုယ်သူ အနုပညာရှင် တစ်ယောက် သရုပ်ဆောင် တစ်ယောက်အဖြစ် အမည်ခံထားသည့် အမျိုးသမီး တစ်ဦး၏ ဖော်ပုံချွတ်ပုံက အတော်ပင် သတင်းမွှေးခဲ့သေးသည်။ ထိုသို့ နာမည်ကျော် သတင်း မွှေးချင်သဖြင့် တမင်ထွင်၍ ချွတ်သည်လားတော့လည်း မသိ။ အပုပ်နံ့ နံခြင်းလား ရနံ့သင်း မွှေးခြင်း လားလောက်ပင်လည်း ခွဲခွဲ ခြားခြား သိပုံမရ။ မိမိ၏ ခန္ဓာကိုယ်ကို ကြော်ငြာခြင်းတော့ အောင်မြင် လိုက်ပုံရသည်။

တကယ်တော့လည်း သည်စင်ပေါ်တက်ဖို့ အခငွေကြေးဆိုသည်က တော်ရုံလူ တတ်နိုင်သည်မဟုတ်။ ပြီး စင်ပေါ်မှာ ရက်ရက် ရောရော ပျော်နိုင်ဖို့အတွက် ယမကာ ဆေးဝါးက လိုသေးသည်။ သည်တော့ သည်စင် ပေါ်မှာ သောင်းကျန်းခွင့်ရှိသူတွေဆိုသည်က သူတို့ကိုယ် သူတို့ အထက်တန်းစားတွေဟု သတ်မှတ်ထားကြ သူတွေသာ ဖြစ်နေတော့သည်။

သို့နှင့်ပင် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်ကြီးဆိုသည်က ကိုယ့်ကိုယ်ကိုယ် လူ့ကုံထံတွေဟု သတ်မှတ်ထားကြသော မြန်မာ အမျိုးသမီးလေးတွေ လွတ်လပ်စွာ ဖော်ခွင့် ချွတ်ခွင့်ရှိသော အရက်နှင့် အခြား မူးယစ်ဆေးဝါးများကို တရားဝင် သုံးစွဲပိုင်ခွင့် ရှိသော၊ မူးယစ် ဖော်ချွတ်ခြင်းနှင့် တစ်ဆက်တည်း ပါလာသည့် စည်းကမ်းပျက် လိင်ဆက်ဆံမှုကိစ္စကို တရားဝင် ခွင့်ပြုသော ပွဲတော်ကြီး အဖြစ်သို့ ပြောင်ပြောင်တင်းတင်း ပြောင်းလဲသွားလေတော့သည်။ ကောင်းမှုပြုခြင်း ကိစ္စကိုသာ အတုယူ နှေးတတ်ကြသော်လည်း မကောင်းမှု အတတ်ကား အကူးစက်မြန်လေသည်။

ယမန်နှစ်ကပင် ရန်ကုန်ဆင်ခြေဖုံး သာမန်လူနေမှု အဆင့်အတန်းမျှရှိသည့် ရပ်ကွက်လေး တစ်ခုတွင် ဖြစ်ပျက်ခဲ့သော သင်္ကြန် သရုပ်ပျက် ဖြစ်စဉ်လေးက အထက်လွှာ စရိုက်ပျက်မှသည် အောက်ခြေသို့ စီးဆင်း လာခဲ့ပြီဖြစ်ကြောင်း ပြဆိုနေသလိုရှိသည်။ သင်္ကြန် အကြတ်နေ့ဖြစ်သော ထိုနေ့က အသက်အရွယ်အားဖြင့် တစ်ဆယ့်ခြောက် တစ်ဆယ့်ခွန်မျှသာ ရှိသေးသော မြန်မာအမျိုးသမီးလေး နှစ်ဦး အတိုအပြတ်တွေ ကိုယ်စီ ၀တ်ကာ အရက်ပုလင်း တစ်ပုလင်းနှင့် ရေသန့်ဘူးကို တစ်ယောက် တစ်လက် ကိုင်ထားပုံက မြင်သူတိုင်းကို အံ့အားတသင့်ဖြစ်စေသည်။ သို့သော် ထို အမျိုးသမီးငယ် နှစ်ဦးကမူ သူတို့နှစ်ဦးမှအပ လမ်းမပေါ်မှာ မည်သူမျှမရှိဟု ထင်နေကြသည်လားလည်း မသိ။

သို့မဟုတ်လည်း မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဟု ထင်ရာစိုင်းလာခဲ့ကြတာလားလည်း မသိ။ အရက် ပုလင်းကို ခွက်မလိုတမ်း ပုလင်းလိုက် တစ်ယောက် တစ်ပြန် လှည့်မော့နေလိုက်ကြပုံကလည်း ပီဘိယောက်ျား အရက်သမားတွေကပင် အလေးပြုရတော့မည့်ပုံ။ တားမည့် ဟန့်မည့်သူလည်း တစ်ဦး တလေမျှ မတွေ့ရ။ သည်ရပ်ကွက်ထဲမှ ဟုတ်လေပုံလည်းမရ။ ရွာကျော်ရပ်ကျော် ရမ်းကား လာကြပုံရသည်။ သူတို့နှစ်ယောက်ကို ကြည့်မြင်နေရသူ မိခင်စိတ်ရှိသည့် အဒေါ်ကြီးသုံးလေးဦးက မပြောသာ မဆိုသာမို့ တက်တခေါက်ခေါက် အံတကြိတ်ကြိတ်။

ခဏအကြာတွင်တော့ ပိုမူးပြီး ပိုရမ်းကားနိုင်ပုံရသည့် ကလေးမလေးက အောက်ခံဘာမျှမပါဘဲ ၀တ်လာသည့် အင်္ကျီပါးကိုသူ့ဘာသာသူ ဆွဲဖြဲပစ်လိုက်သည့်အခါ အပေါ်ပိုင်းဗလာဖြင့် မြင်ရဲ ကြည့်ရဲစရာ မရှိတော့။

ထိုအချိန်မှာပင် အညှီအပုပ် ရှိသဖြင့် ချက်ချင်းအုံလာလိုက်သည့် ယင်မမဲရိုင်းတွေလို ဘယ်ကမှန်းမ သိရောက်လာလိုက်ကြသည့် အရွယ်ရောက်ပြီး ယောက်ျားလေး လေးငါးယောက်က ထိုမိန်းကလေး နှစ်ယောက်ကို ဘယ်ကိုမှန်းမသိ ချော့မော့ခေါ်သွားလိုက်ကြပုံက တားမည့် ဆီးမည့်သူလည်း မရှိ။ ဘယ်ကမ်း ဘယ်သောင်ဆိုက်လေမည်လည်းမသိ။ ထန်းသီးကြွေခိုက်ဆိုသလို ပက်ပင်းမြင်ခွင့်ကြုံနေသည့် ကိုယ့်ရင်ထဲတွင်လည်း ဖြစ်ရလေတယ် မြန်မာ့သင်္ကြန်ရယ်ဟု ရင်ထဲမှာမချိ။

သည်လိုဖြစ်ပျက်နေသည့် စရိုက်ပျက်တွေက ရန်ကုန်မြို့လယ်မှတစ်ဆင့် ဆင်ခြေဖုံးသို့ ရွေ့လာခဲ့ပြီ။ ဆင်ခြေဖုံးမှ တစ်ဆင့် အရပ်ရပ် နယ်မြို့တွေအထိပါ ကူးစက်လာမှာကိုဖြင့် မြန်မာတိုင်း ၀မ်းနည်းတတ်ကြဖို့ ကောင်းသည်။

သည်အဖြစ်တွေက မနှစ်တနှစ် သင်္ကြန်တွင်ကမှ အစပျိုးလာခဲ့သည်တော့ မဟုတ်။ အစပျိုးလာခဲ့သည်က ကြာပြီ။ ထိထိရောက်ရောက် တားဆီး ပိတ်ပင် မရှိကြတော့ စရိုက်ပျက် နယ်ပယ်တွေက ကျယ်ဝန်းလာပြီ။ ဘယ်လို လုပ်ကြမည်လဲ မြန်မာကို တကယ်ချစ်ရင် ဒါကို အလေးအနက်ထား မစဉ်းစားလို့မရ။

သင်္ကြန်ကာလတွင်သာမက သင်္ကြန်ပြင်ပတွင်ပါ စရိုက်ပျက် ၀တ်စားဆင်ယင် နေထိုင်ပုံတွေက နယ်ပယ် ချဲ့ထွင်လာနေသလား ကြားနေ၊ တွေ့နေရသည်။

အခုပင်စ၍မှ ပြင်ကြ ဆင်ကြ တားကြ ဆီးကြဖို့ ဆောင်ပုံ မကိုင်ကြလျှင် မြန်မာ့ ယဉ်ကျေးမှု ဆိုသည်က ချောက်ကမ်းပါးမှာ တကယ့်ကို မေးတင်နေသလားဟု စိုးရိမ်နေမိကြောင်းပါ။ ။



From:yoyarlay

လှည်းတန်း စင်တာကို ကန့်ကွက်သူများ ပေါ်လာ

Posted by drmyochit Friday, April 12, 2013, under | No comments



တည်ဆောက် ပြီးစီးနေပြီဖြစ်သော လှည်းတန်း စင်တာ ဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ အငြင်း ပွားနေကြောင်း သတင်းရရှိသည်။

နိုင်ငံတော် အကြီးအကဲများ၏ တိုက်တွန်းမှုဖြင့် ၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုစဉ်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လှည်းတန်း လမ်းဆုံအား Land Mark အဆောက်အအုံများ ဆောက်လုပ်ရန် ညွှန်ကြားသဖြင့် ၂၀၀၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မိမိတို့ နေထိုင်သော အိမ်များမှ ဖယ်ရှားပေးခဲ့ရကြောင်း ဘိုးဘွားမြေ ပိုင်ရှင် တစ်ဦးဖြစ်သူဟု ဆိုသော ဒေါ်ချိုချိုမာကပြောသည်။

“အဲဒီတုန်းက ကျွန်မတို့တွေကို တစ်လတောင် အချိန် မပေးဘဲ ဖယ်ခိုင်းတယ်။ ၂၈ ထပ် ဆောက်မယ် ပြောတယ်။ သုံးနှစ် အတွင်းပြီးမယ် ပြောတယ်။ မြေပိုင်ရှင်တွေကို ရှစ်ဆယ် ရာခိုင်နှုန်း ပေးမယ်ပြောတယ်။ ဒီနေရာမှာ နေတဲ့သူတွေ အတွက် ထိုက်ထိုက် တန်တန် ပြန်ပေးမယ်။ မြေတန်ဖိုးကိုလည်း ကာလ ပေါက်ဈေးအတိုင်း တွက်ချက်ပြီး ဈေးသင့်ပေးမယ်။ ကန်ထရိုက် အနေနဲ့ ရှုံးရင် ရှုံးပါစေ”ဟု ထိုစဉ်က စစ်တိုင်းမှူးက ကတိပေးခဲ့ကြောင်း ဘိုးဘွားမြေ ပိုင်ရှင် တစ်ဦးဖြစ်သည်ဟု ဆိုသော ဒေါ်မင်းမင်းစောက ပြောသည်။

အဆိုပါမြေနေရာတွင် ၂၈ ထပ် တည်ဆောက်ရန် စီစဉ်ထားသော်လည်း အမှန်တကယ် တည်ဆောက်ပြီးစီး သောအခါ ရှစ်ထပ်ဖြစ်နေသောကြောင့် မြေပိုင်ရှင်များ ခွဲဝေရရှိမည့် အခန်းများ လျော့နည်းလာနိုင်ခြင်းနှင့် သုံးနှစ်အကြာတွင် အဆောက်အအုံပြီးစီးမည်ဆိုသော်လည်း ၁၀ နှစ်အထိ ကြာသွားခြင်းတို့ကြောင့် ၎င်းတို့ အားလုံးက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် ၁ ဒသမ ၅၂၂ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ ၃၄ လုံးပေါ်တွင် မြေပိုင်ရှင် ၂၃ ဦးမှ အိမ်ထောင်စု ၆၈ စု နေထိုင်သော ဘိုးဘွားပိုင်မြေဖြစ်ကြောင်း မြေပိုင်ရှင်ဟုဆိုသူများက ပြောသည်။

ထို့အပြင် မြေကွက်အကျယ် ၀ ဒသမ ၅၆၇ ဧကရှိသည့် မြေကွက်အမှတ် 3C ကို ပိုင်ဆိုင်သည်ဆိုသော ဒေါ်ချိုချိုမာနှင့် မြေကွက်အကျယ် ၀ ဒသမ ၉၅၅ ဧကရှိသော မြေကွက်အမှတ် 3D ပိုင်ဆိုင်သူ မြေပိုင်ရှင် ၂၃ ဦးက ၎င်းတို့မိသားစုအားလုံးကို တစ်ပြေးညီ တစ်ခါတည်း အခန်းများ မပေးသေး၍ မည်သူ့ကိုမျှ အဆောက်အအုံပေါ် တက်ရောက် နေထိုင်ခြင်းမပြုရန် ကန့်ကွက်ထားကြောင်း ပြောကြသည်။

ထိုစဉ်က အိမ်များအား ဖယ်ရှားစေခဲ့ရာတွင် ပါဝင်ခဲ့သော မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် အေးရှားဝေါလ် ဆောက်လုပ်ရေး ကုမ္ပဏီတို့က ၎င်းတို့အား ညှိနှိုင်းခြင်း မရှိဟု ဆိုသည်။ ထို့အပြင် တည်ဆောက်ပြီး အခန်းများနှင့် ပတ်သက်၍ မြေပိုင်ရှင်များအား မည်ကဲ့သို့ ပြန်လည် ပေးအပ်မည်ကိုလည်း အသိပေး အကြောင်းကြားခြင်း မရှိဘဲ လှည်းတန်းစင်တာ ဖွင့်လှစ်ရန် စီစဉ်နေမှုအား နည်းလမ်းပေါင်းစုံဖြင့် တားဆီးမည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။

“ကျွန်မတို့က ဆောက်ချင်ပါတယ်ဆိုပြီး ကန်ထရိုက်ကို အပ်တာ မဟုတ်ဘူး။ ကျွန်မတို့ကို အတင်း မောင်းချ တာ။ ကိုယ့်အိမ် ကိုယ့်ရာ ကိုယ့်စီးပွားနဲ့ လုပ်ကိုင် စားသောက် နေထိုင်လို့ရတဲ့ ဘ၀က လမ်းဘေးကို ရောက်လို့ မိဘ ဘိုးဘွားတွေ ခမျာ စိတ်သောကရောက်ပြီး သေတဲ့လူတွေ များလာပြီ။ အခု ဘယ်သူကမှ ဘာမှ လာညှိနှိုင်းတာ မရှိသေးလို့ ကျွန်မတို့တစ်တွေ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်”ဟု ၀င်းဆံသမှ ဒေါ်နီနီအောင်ကလည်း ပြောသည်။

“ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ဘယ်အခန်းမှ ရောင်းထားတာ မရှိသေးဘူး။ အခု လောလောဆယ် မှာတော့ အိုးအိမ် ဌာနနဲ့ လွှဲပြောင်းမှုတွေ လုပ်နေပါတယ်။ တစ်ခုပြီး တစ်ခု လုပ်စရာရှိတာ ဆက်လုပ်ပေး မှာပါ။ လှည်းတန်း စင်တာ ဘယ်တော့ ဖွင့်မယ် ဆိုတာကတော့ ကုမ္ပဏီက လူကြီးတွေကပဲ တရားဝင် ကြေညာတာတွေ လုပ်ဆောင်ပေးပါလိမ့်မယ်”ဟု အေးရှားဝေါလ် ကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်ငန်းခွင် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့သော အဆင်မပြေမှုများ ကြုံတွေ့နေရပါက အဆိုပါ ကိစ္စတွင် ပါဝင် ပတ်သက်သူတိုင်း တွေ့ဆုံ ညှိနှိုင်းကြပါက ပြေလည်သွားဖွယ်ရှိကြောင်း အထပ်မြင့် အဆောက်အအုံများ အရည်အသွေး စိစစ် ကြပ်မတ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။




From:yoyarlay

ပိုးသားခြုံသော ကြက် - Silkie

Posted by drmyochit Friday, April 12, 2013, under | No comments



Silkie အမည်ရ ကြက်များကို အရှေ့ တောင် အာရှနိုင်ငံများ မှာ တွေ့နိုင်တယ် လို့ ဆိုပါတယ်။

သာမန် ကြက်များနဲ့ မတူပဲ ပိုးသားလို နူးညံ့သော အမွေးများ ပိုင်ဆိုင်ထားပါတယ်။ အနက်ရောင်၊ အညိုရောင်၊ အဖြူရောင် အစရှိသဖြင့် ရောင်စုံ ရှိတတ်ပါတယ်။ သာမန် ကြက်တစ်ကောင် အရွယ် အစား အတိုင်း ၄ ပေါင်နှင့် ၃ ပေါင်အရွယ်များ ဖြစ်ပါတယ်။ သို့ပေမယ့် သာမန်ကြက်များထက် ယဉ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိမ်မွေး တိရစ္ဆာန် အဖြစ် သတ်မှတ်ပြီး မွေးမြူတတ်ကြပါတယ်။ တရုတ်ပြည်မှာ ပိုအတွေ့များတယ်လို့ ဆိုပါတယ်။

ပိုးသားလို နူးညံ့သော အမွေးများပိုင်ဆိုင်ထားပြီး လှပတဲ့အတွက် အနောက်တိုင်းကလည်း အမြတ်တနိုးထား မွေးမြူတတ်ကြပါတယ်။ Silkie အမည်ရ ပိုးသားကြက်များဟာ ရှားပါး ကြက်မျိုးစိတ် စာရင်းထဲ ပါဝင်လာ တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 



From:yoyarlay

အမျိုးသားနှင့် အမျိုးသမီး စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်အချို့ 

Posted by drmyochit Friday, April 12, 2013, under | No comments



အမျိုးသားနဲ့ အမျိုးသမီးများကြား စိတ်ပိုင်းဆိုင်ရာ ကွာခြားချက်များကို သိပ္ပံပညာရှင်တို့ ယခုလို တွက်ချက် အဖြေထုတ်ထားပါတယ်။

၁။ အမျိုးသားတို့သည် အမျိုးသမီးများထက် နှစ်ဆမှ သုံးဆအထိ စိတ်အပြောင်းအလဲ ဖြစ်သည်။

၂။ အမျိုးသမီးများသည် မျက်နှာသွင်ပြင်များကို ပိုမို မှတ်သားနိုင်ပြီး အထူး သဖြင့် အမျိုးသမီးအချင်းချင်း မျက်နှာများကို ပိုမို အလွတ်ရ မှတ်သားနိုင်သည်။

၃။ မိမိလုပ်ဆောင်ချက်များအပေါ် မကျေမနပ်ဖြစ်ခြင်း/ အကောင်း မမြင်နိုင်ခြင်း၊ စိတ်တိုင်းမကျခြင်းတို့မှာ အမျိုးသမီးတို့တွင် ပိုအဖြစ်များသည်။

၎။ အမျိုးသမီးအများစုက တစ်ခုခုကိုသာ ထူးချွန်ကျွမ်းကျင်ပြီး ကျန်သည့် အရာ၊ လုပ်ငန်းဆောင်တာ များအား မလုပ်ဆောင်နိုင်ဟု ထင်မြင်ယူဆနေကြသည်။

၅။ အမျိုးသားများက ၇ စက္ကန့်တွင် တစ်ခါ Sex နှင့်ပက်သက်၍ စဉ်းစား တွေးခေါ်သည်။ (ပျှမ်းမျှအားဖြင့်)

၆။ အမျိုးသမီးများက အမျိုးသားများထက် နှစ်ဆခန့် စကားပိုပြောသည်။ အမျိုးသား တစ်ဦးက တစ်ရက်ကို စကား အလုံးရေ ၁၂၅၀၀ မျှပြောလျှင် အမျိုးသမီးတစ်ဦးက ၂၅၅၀၀ မျှပြောသည်။ ( ယင်းအချက်ကို ယခု နောက်ပိုင်း လက်မခံကြတော့ပဲ အမျိုးသားများက ပိုမို စကားများကြောင်း သက်သေပြမှုများ ရှိလာခဲ့သည်။)




From:yoyarlay

မန္တလေးမြို့ ညအချိန် မီး(၂)ခါလောင် မှု သံသယဖြစ်ဖွယ်ရှိ

Posted by drmyochit Friday, April 12, 2013, under | No comments




မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်းရပ်ကွက် ၅၁×၅၂လမ်းကြား သမိန်ဗရမ်းနှင့် ဗညားဒလ လမ်းကြားမှာ၁၂-၄-၂၀၁၃ရက်နေ့ နံနက် ၆ နာရီ မထိုးခင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ နာရီဝက် အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အိမ်ခြေ (၉)လုံး မီးလောင်းကျွမ်းသွားခဲ့ပါတယ်။ မီးလောင်ရခြင်း အကြောင်းကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္မဝတီရပ် ချီပါရပ်ကွက် အရှေ့ဘက်ခြမ်းမှာ မနက် ၁နာရီကျော်က မီးလောင်ကျွမ်းခဲ့ပါတယ်။ပန်းပုလုပ်တဲ့အိမ်တစ်အိမ်က စတင်လောင်ကျွှမ်းခဲ့တယ်လို့ဆိုပါတယ်။မနက် ၃နာရီကျော်မှာ မီးကို ထိန်းသိမ်းနိင်ခဲ့ပါတယ်။ မနက်၎နာရီ ကျော်မှာတော့ မီးကိုငြိမ်းသတ် နိင်ခဲ့ကြ ပါတယ်။မန္တလေးမြို့မှ မီးသတ်ကားများ တင်မဟုတ်ပဲ စစ်ကိုင်းမြို့မှ မီးသတ်ကား ၂စီးပါ လာရောက် ငြိမ်းသတ်ပေးရတယ်လို့ သိရပါတယ်။အိမ်ခြေပေါင်း ၁၅၀ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။ မီးလောင် ရခြင်း အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။တမ္မဝတီရပ်ကွက်မှာ အခုလိုမီးလောင်မှုကြီးကြီးမားမား အရင်က မဖြစ်ခဲ့ဘူးကြောင်းလည်း ရပ်ကွက်နေပြည်သူများက ပြောကြပါတယ်။ ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုများတော့ လတ်တလော မသိရသေးကြောင်းလည်း ရပ်ကွက်နေပြည်သူများက ပြောကြပါတယ်။ အလားတူ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်း မြို့သစ်ကွက် ၅၁ x ၅၂ လမ်းကြားမှာ နံနက် ၅ နာရီ ၄၅ မိနစ် နာရီခန့် အချိန်က မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ ပါတယ်။ မီးလောင်မှုတွင် နေအိမ် ကိုးအိမ်ခန့် ပျက်ဆီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
 
တစ်နာရီကျော်ကစတင်ပြီးလောင်ကျွမ်းတဲ့မီးဟာ ၃ နာရီအထိမီးညွန်.မကျိုးသေးဘဲ အိမ်ခြေ ၁၅၀ ကျော် လောင်ကျွမ်း



From:myanmar express

သင်္ကြန်မတိုင်ခင် တစ်ရက်အလို မန္တလေးမြို့ တမ္ပဝတီရပ်ကွက် မီးလောင်မှု အိမ်ခြေ တစ်ရာနှစ်ဆယ်ခန့် ဆုံးရှုံး

Posted by drmyochit Friday, April 12, 2013, under | No comments



မန္တလေးမြို့ တမ္ပဝတီရပ်ကွက် ချီပါရပ်မှာ ဧပြီလ (၁၂) ရက် မနက် (၂) နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ တစ်ရာနှစ်ဆယ်ခန့် ဆုံးရှုံး သွားခဲ့တယ်လို့ သိရပါတယ်။

မနက် (၆) နာရီလောက်မှာလည်း မန္တလေးမြို့ (၅၂) လမ်း သင်္ဃန်းကုန်းမှာ မီးလောင်ခဲ့ပြန်တယ်လို့ သိရ ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ မန္တလေးမြို့က ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အမှုဆောင်တဦးဖြစ်သူ ကိုရဲရင့်ကျော်က RFA ကို အခုလို ပြောပါ တယ်။

" ည ၂ နာရီက စလောင်တာ တမ္ပဝတီ ချီပါရပ်မှာ ခန့်မှန်းအိမ်ခြေက ၂၀၀ လောက်ရှိတယ် အိမ်သေး တွေရော၊ အိမ်ကြီးတွေရော၊ နောက်ထရန်ကာအိမ်တွေများတယ်၊ ပျဉ်ထောင်အိမ်တွေများတယ်"

တမ္ပဝတီ ချီပါရပ် မီးဘေးဒုက္ခသည်တွေကို မှန်ကင်းဘုန်းကြီးကျောင်းဝင်းထဲမှာ ခေတ္တနေရာချထားတယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မီးဘေးဒုက္ခသည်တွေကို အာဏာပိုင်များက မနက်စာကျွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။




From:myanmar express

စီအင်န်အင်န်ကပြောသော မြန်မာပြည်မလာမီ သင်သိထားရန်များ

Posted by drmyochit Friday, April 12, 2013, under | No comments



မြန်မာ နိုင်ငံသို့ မလာ ရောက်မီ သိထားသင့်သော အချက်(၁၁) ချက် ဟူ၍ နိုင်ငံ တကာ သတင်း ဌာန စီအင်န် အင်န်က တင်ပြထားပုံမှာ ဆန်းသစ် သွက်လက်လှသည်။ မြန်မာနိုင်ငံမှ ပန့်လူငယ်များ သူတို့ ဆံပင်အမောက် ထောင်နေအောင် မည်သို့ လုပ်ဆောင်ခဲ့သနည်း အစချီကာ ၂၀၁၃ ခုနှစ်တွင် ခရီးသွားများ အနေဖြင့် မြန်မာနိုင်ငံသို့ အမြန် သွားရောက် သင့်သည်ဟုဆိုကာ မြန်မာနိုင်ငံ အကြောင်း ပေါ့ပေါ့ပါးပါး မိတ်ဆက်သည်။
 
ပထမတစ်ချက်တွင် မြန်မာနှစ်သစ်ကူး ရေသဘင်သင်္ကြန်ပွဲတော် ဧပြီ ၁၃ မှ ၁၆ ရက်အထိ လေးရက် ကြာမြင့် ပုံပြောသည်။ နှစ်သစ်ကူးလေးရက်တွင် ဘဏ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်များအားလုံးပိတ်သည်။ အစည် ကား ဆုံးမှာ ရန်ကုန်နှင့် မန္တလေး။ လူတိုင်းရေပက်ကစားကြ၍ ခြောက်သွေ့နေရန် လုံးဝမဖြစ်နိုင်။ သင်္ကြန် ရေမှာ နှစ်ဟောင်းက အညစ်အကြေးများ ဆေးကြောခြင်းအထိမ်းအမှတ်။ နှစ်ဆန်းတစ်ရက်နေ့တွင် ငါး၊ ငှက်လွှတ်၍ဇီဝိတဒါန၊ အလှူဒါနပြုကြသည်။ မကြာမီနှစ်များအတွင်း ဆံပင်ကိုပန့်ထောင်ခြင်း ခေတ်စား လာရာ သားရေလုပ်ငန်းသုံး ကော်များအသုံးပြု၍ သင်္ကြန်ပြီးလျှင် ခေါင်းတုံးရိတ်ပစ်သည်။ ယခုတော့ ပန့်များက Hairspray အသုံးပြုနေကြပြီဖြစ်သည်။

ဒုတိယတစ်ချက်တွင် အပန်းဖြေစရာကမ်းခြေသာများရှိကြောင်းပြောသည်။ မြန်မာနိုင်ငံမှာ ပင်လယ် ကမ်းရိုးတန်း မိုင်ပေါင်း ၁၂၅၀ ပိုင်ဆိုင်သည်။ ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကမ္ဘာလှည့် ခရီးသွားများ မသိသေးသော ဖွံ့ဖြိုးမှုကြောင့် ပျက်စီးခြင်းမရှိသေးသည့် ကမ်းခြေ များ ရှိသည်။ ကမ်းခြေအများစုမှာ အနောက်အရပ်သို့ မျက်နှာမူနေ၍ နေ၀င်ချိန်များမှာ အဖိုးမဖြတ်နိုင်။ လူသိအ များဆုံးမှာ ငပလီ။ ရန်ကုန်မှ ၄၅ မိနစ်လေယာဉ်ခရီး။ သဲဖြူလွသောင်ပြင် အရှည်နှစ်မိုင်ကျော်နှင့် အုန်းပင်များ အန်ဒါမန်ပင်လယ်ကို လှမ်းမျှော်ကြည့်နေ။ အပန်းဖြေစရာ စခန်းသာကြီးများစွာ။

အလွန်မဖွံ့ဖြိုးသေးသည်က ငွေဆောင်။ ရန်ကုန်မှကားဖြင့်သွားလျှင် ငါးနာရီခရီး။ လှလှပပ မပျက် စီးသေးသော၊ ကမ်းခြေ။ Silver Beach ဟု ခေါ်ဆိုပြီး ၁၃မိုင်ရှည်သော ငွေဆောင်မှာ အာရှမှ အရှည် လျားဆုံး ပင်လယ်ကမ်းခြေတစ်ခု။

တတိယ တစ်ချက်တွင် အင်တာနက်ဆင်ဆာမရှိတော့သော်လည်း နှေးကွေးကြောင်းပြောသည်။

၂၀၀၀ ပြည့်နှစ်တွင် အင်တာနက်မြန်မာနိုင်ငံသို့ ဆိုက်ရောက်။ ဈေးနှုန်းမြင့်၊ ဆက်သွယ်မှုနှေး၍ အသုံးမ တွင်ကျယ်။အစိုးရဟောင်းလက်ထက် You Tube နှင့် Gmail ကြားဖြတ်ပိတ်ဆို့ထားခဲ့။ ကန့်သတ်မှုများ အများအားဖြင့် ဖယ်ရှားပြီးဖြစ်ကာ ပြီးခဲ့သည့်လက ဂူးဂဲလ်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လည်ပတ်ခဲ့။

စီအင်န်အင်န်သတင်း ထောက်က စတုတ္ထအချက်တွင် ငွေသားများများ ဆောင်လာပါ။ သန့်သန့် လေးဖြစ်ပါ စေဟု ဆိုထားသည်။ မြန်မာနိုင်ငံမှာ ATM (ငွေထုတ်စက်)ရှားပါး။ အလည်အပတ်လာသူများ အမေရိကန် ဒေါ်လာများ တစ်ပွေ့တစ်ပိုက် သယ်လာပါ။ အရွက်ကြီးလေ လဲလှယ်နှုန်းကောင်းလေ။ ဒေါ်လာစိမ်းစိမ်းများ သန့်ရှင်း ပါစေ။ တွန့်ကြေ၊ စွန်းထင်း၊ အမှတ်အသား၊ ပြဲရာစုတ်ရာ မရှိရ။ ခေါက်ထားလျှင်ဖြစ်စေ၊ နွမ်းနေ လျှင်ဖြစ်စေ မြန်မာနိုင်ငံတွင် သုံးမရ။

ခရက်ဒစ်ကတ်(ကြွေးဝယ်ကတ်) များကို လောလောဆယ်တွင် ကြယ်ငါးပွင့်ဟိုတယ်များ၊ အဆင့်မြင့်စား သောက် ဆိုင်များ၊ ဈေးဆိုင်များတွင်သာ လက်ခံသည်။ ထုံးစံအားဖြင့် ကျသင့်ငွေထက် ၂-၃ ရာခိုင်နှုန်း အပို ဆောင်း ပါဝင်။ သို့သော် ပြောင်းလဲလာတော့မည်။ နှစ်ကုန်ပိုင်းတွင် ကြွေးဝယ်ကတ်များ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ လာလိမ့်မည်။

မြန်မာနိုင်ငံတွင် သုံးသောငွေကြေး ကျပ်(Chat ဟု အသံထွက်) ကန်ဒေါ်လာ တစ်ဒေါ်လာလဲလျှင် ၈၈၂ ကျပ်။ ငွေသားများများ သယ်ဆောင်ရခြင်းအတွက် စိတ်ပူစရာမရှိ။ နိုင်ငံခြားသားအပေါ် ကျူးလွန်သော ပြစ်မှု ရှားပါး။ ဗုဒ္ဓဘာသာအများစုဖြစ်သော မြန်မာနိုင်ငံသားများမှာ အများအားဖြင့် ရိုးသား။ နောက် တစ်ချက် တွင် မြန်မာနိုင်ငံ၌ အနမ်းခြွေသံဖြင့် ဘီယာမှာနိုင်ပုံကို စီအင်န်အင်န် သတင်းထောက်က ဆက်လက် တင်ပြသည်။ မြန်မာလူမျိုးတစ်ဦး စားပွဲထိုးခေါ်လိုပါက အနမ်းခြွေသံပြုသည်။

ထုံးစံအားဖြင့် အနမ်းခြွေသံ နှစ်ချက် သုံးချက်။ ကြောင်လေးတစ်ကောင်ကို ခေါ်သောအသံမျိုး။ ရန်ကုန်က တရုတ်တန်း ၁၉ လမ်းမှာ အနမ်းခြွေသံ တပြွတ်ပြွတ်။ လမ်းလျှောက်သူများအတွက် သီးသန့်လမ်းမှာ မြန်မာလူများများ သောက်စားရာနေရာ။ ဒေသကုတ်မှာ မြန်မာဘီယာတစ်ခွက် ၆၀ ဆင့် ဆိုတော့ ဈေးပေါသည်။ ဖြတ်သွား ဖြတ်လာသူများကြည့်ဖို့ရာ အကောင်းဆုံးနေရာ။ နား၊ မျက်စိ ဖွင့်ထားလျှင် ရန်ကုန်ကဟစ်ဟော့ပ်သစ္စာခံတွေကိုတွေ့ရလိမ့်မည်။

ညပိုင်းအမျိုးသမီးများ တွေ့ရဖို့မမျှော်လင့်ပါနှင့်။ မြန်မာအမျိုးသမီးအများစု အိမ်ထောင်သည် ဖြစ်ဖြစ်၊ အပျိုဖြစ်ဖြစ် ညပိုင်းအိမ် မှာနေတာများသည်။ အနောက် တိုင်းအမျိုးသမီးများကို မကြိုဆိုဟု မဆိုလိုပါ။ နိုင်ငံခြားသားများတွင် မတူညီသော ဓလေ့ထုံးတမ်းရှိ သည်ကို နားလည်သည်။

နောက်တစ်ချက်မှာ ဟိုတယ်များ ဈေးကြီးခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဟိုတယ်အခန်းခများ ၃၅ ရာခိုင်နှုန်းထိုးတက်သွားသည်။ ယင်းမှာ ၂၀၁၁ ခုနှစ်က တစ်ည ၂၅ ဒေါ်လာအခန်း မှာ ယခုအခါ ဒေါ်လာ ၁၀၀ ကျသင့်သည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ရောင်းလို အားနှင့် ၀ယ်လိုအားသဘောပင်ဖြစ်သည်။ နိုင်ငံပွင့်လင်းလာကတည်းက စီးပွားရေး ခရီးသွားများနှင့် ကမ္ဘာ လှည့် ခရီး သည်များ မြန်မာနိုင်ငံသို့ လေယာဉ်စင်းလုံးပြည့် လာရောက်နေကြသည်။လည်ပတ်သူများ အဆမတန် များလာသည်။ ယမန်နှစ်က လူပေါင်းတစ်သန်းကျော် လည်ကြသည်။ သို့သော် ဟိုတယ် အရေအ တွက်က အကြမ်းအားဖြင့်မူလအတိုင်း။

ဟိုတယ်များ ပိုများလာပါမည်။ သို့သော် အချိန်ယူတည်ဆောက်ရမည်ဖြစ်ရာ ဟိုတယ်မလုံလောက်မှုမှာ နောက် ထပ် ငါးနှစ်တန်သည်၊ ဆယ်နှစ်တန်သည် ကြာမြင့်နေဦးမည်။ နေစရာအတွက် ကြိုတင် စီစဉ်ဘွတ်ခ်ကင် ယူလာပါ။ ခရီးသွားများ တစ်ဟုန်ထိုး တိုးတက်လာရခြင်းကို လက်မလွှတ်လို၍ ဟိုတယ် အများစုမှာ ပြင်ဆင်မွမ်းမံနေသည်။ ထိုအတောအတွင်း ဟိုတယ်များကို ဖွင့်ထားသည်။အခန်းကြိုတင်မှာ ယူလျှင် ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများ ရှိ၊ မရှိ စူးစမ်းသင့်သည်။ ရှိလျှင် ဆူညံမှုများနှင့် ဝေးရာမှ အခန်းကို တောင်း ဆိုပါ။

သတ္တမအချက်မှာ ယောက်ျားများ စကတ်ဝတ်ခြင်းကိစ္စ။ မြန်မာရိုးရာအ၀တ်အစားမှာ လုံချည်။ ယောက်ျား များက ရှေ့တွင် ထုံး၍မိန်းမများက ပတ်ချာလည်ခေါက်ကာ နံဘေးတွင် စည်းသည်။ NLD ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်မှာ လှလှပပ လုံချည်များနှင့် ချုပ်ထည်အပေါ်အင်္ကျီများ ၀တ်ဆင်ကြောင်း လူသိ များသည်။ ရပ်တည်ချက်မြင့်မားသော ၎င်းကြောင့်ပင် မြန်မာ အမျိုးသမီးငယ်များအကြား ရိုးရာ ၀တ်စား ဆင်ယင်မှု လူကြိုက်များလာစေသည်။

မြို့ကြီးများတွင် မြန်မာအမျိုးသားများမှာ အပြင်ထွက်လျှင် လုံချည်အောက်တွင် အတွင်းခံများ ၀တ်ဆင် ကြသည်။ အိမ်မှာ ဆိုလျှင်မူ စကော့လူမျိုးများ ဒူးတိုက်ဝတ်စုံများ ၀တ်သလို ၀တ်ဆင်ကြသည်။ ကျေးလက် တွင်မူ အမျိုးသားရော အမျိုးသမီးများ အတွက်ပါ အတွင်းခံအ၀တ်အစား ပို၍အသုံးပြုမှုနည်းပါသည်။ အမျိုးသား တစ်ဦး နောက်နောက်ပြောင်ပြောင်ပြောသလိုပင် “လုံချည်ဝတ်ရတာ မိုက်တယ် လေအေး ပေးစက် အလကားတပ်ထားသလိုပဲ” ။

ဒါလည်း ကောင်းကွက်ပင်ဖြစ်သည်။ အထူးသဖြင့် နွေရာသီအပူ ချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ရောက်ချိန် မျိုး၌ဖြစ် သည်။ နိုင်ငံခြားသားတစ်ဦး လုံချည်ဝတ်သွားမည်ဆိုလျှင် စကားမမြည်ပြောဖို့အခွင့်အလမ်းတစ်ခု ဖြစ်သွား နိုင်သည်။

အဋ္ဌမအချက်မှာ အစားအသောက်ထူးထူးခြားခြားကောင်းခြင်း ဖြစ်သည်။ ဘယ်ဘက်လက်ဖြင့် စားသောက် ခြင်း မှာ ရိုင်းသည်ဟု မှတ်ယူကြသည်။ အကြောင်းမှာ ဘယ်ဘက်လက်မှာ တစ်ကိုယ်ရေသန့်စင်မှုအတွက် သုံးသော လက်ဖြစ်သည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဘယ်ဘက်လက်က ရေအိမ်သုံးစက္ကူအလုပ်ကို လုပ်သည်။

မြန်မာ ထမင်းဟင်းတစ်ပွဲတွင် ထုံးစံအားဖြင့် ထမင်းပူပူနွေး နွေး၊ ငါး၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းချိုတို့ ပါဝင်ပြီး ထမင်းဟင်းပွဲများ တစ်ပြိုင်နက်တည်း ရောက်လာသည်။ ထုံးစံဖြစ်၍ ဗုဒ္ဓဘာသာများက အမဲသား ကိုရှောင်ကြဉ်ပြီး အစ္စလာမ်ဘာသာဝင်များက ၀က်သားမစား။ ထမင်း ဟင်းကို ချိုမြသော အရသာမှာ ဟင်းခတ် အမွှေးအကြိုင် များများအထိ အမျိုးမျိုး အဖုံဖုံ စားသုံးပြီး လူတိုင်းက မိမိကြိုက် နှစ်သက် သလို ချက်ပြုတ် စားသုံးကြသည်။

န၀မအချက်တွင် ခုန်ဆွ ခုန်ဆွ ရထားများ အကြောင်းပြောသည်။

ရထား လမ်းများ ညံ့ဖျင်း၍ ရထားတွဲများမှာ ယိမ်းထိုးလှုပ်ရမ်း နေတတ်သည်။ ဖင်တကြွကြွ စီးရသော်လည်း ရထားများမှာနိုင်ငံကို ကြည့်ရှုရန် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံမှ ရထားများမှာ နှေးကွေးပြီး နောက်ကျတတ်သည်ဟု နာမည်ကြီးသည်။ စိတ်အချဆုံးလမ်း ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ၁၆ နာရီကြာပြီ။ နောက်ကျမှု မရှိဟု ယူဆလျင်ပေါ့။

ဘတ်စ်ကားများမှာ ပိုမြန်သောလည်း မကြာခဏဆိုသလို လူများပြည့်ကျပ်နေတတ်သည်။

ပြည်တွင်း လေကြောင်း ခရီးစဉ်များမှာ ခရီးဝေးအတွက် သက်သောင့်သက်သာ အရှိဆုံးဖြစ်ပြီး အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ဈေးချိုသည်။

ဒသမအချက်တွင် စီအင်န်အင်န်သတင်းထောက်က သတင်းမီဒီယာအကြောင်း ပြောသည်။

ဖိနှိပ်ချုပ် ချယ်သော စစ်အစိုးရအောက် နှစ်ပေါင်း ၅၀ ကြာနေခဲ့ရပြီးနောက် မြန်မာလူမျိုးမှာ သတင်း လွတ်လပ်ခွင့် အရသာ သစ်ကို မြိန်ယှက်စွာ ခံစားရင် သတင်းများ အတွက် အာသီသ ပြင်းပြနေကြသည်။ ယခင် ကဆိုလျှင် ပုံနှိပ်စာစောင်မှန်သမျှ ၎င်းတို့ သတင်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်သွင်း အတည်ပြုချက်ရ ယူရသည်။ ၂၀၁၂ ခုနှစ်အတွင်း ဆင်ဆာဖြတ်ခြင်းကို တဖြည်းဖြည်းချင်း ဖြေလျှော့ လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ယင်းဌာနကို တရားဝင်ဖျက်သိမ်းလိုက်သည်။

၂၀၁၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်နောက်ပိုင်း ဂျာနယ်လစ်များ ထောင်ချမခံရသည့် ပထမဆုံးနှစ်ဖြစ်သည်။ နိုင်ငံမှ ထွက်ပြေး သွားပြီး ပြည်ပတွင် နေထိုင်ခဲ့ရသော မြန်မာဂျာနယ်လစ်များလည်း တဖြည်းဖြည်း နိုင်ငံသို့ ပြန်လာနေကြသည်။

ဧပြီလ ၁ ရက်နေ့မှာ မြန်မာမီဒီယာလောကအတွက် အထင်ကရနေ့ဖြစ်သည်။ ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမ ဦးဆုံး အကြိမ်အဖြစ် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သည်။ သတင်းလွတ်လပ်ခွင့်အတွက် ကြီးမား သောခြေလှမ်းဖြစ်သော်လည်း လူကြိုက်များသော အပတ်စဉ်ထုတ် စာစောင်များမှာ နေ့စဉ် သတင်း စာသို့ ကူးပြောင်းရာတွင် ရုန်းကန်ရလိမ့်မည်ဟူသော စိုးရိမ်မှုများ ရှိနေပါသည်။

ဧကဒသမနှင့်နောက်ဆုံးအချက်တွင် စီအင်န်အင်န်သတင်းထောက်က “သွားများနီရဲနေသူများမှာ သွေးစုတ် ဖုပ်ကောင်များ မဟုတ်ပါ” ဟု ခပ်သောသောလေး ဆေးရောင်ခြယ်သည်။

ကွမ်းစားခြင်းမှာ တစ်မျိုးသားလုံးအကြိုက် ဖြစ်သည်။ လက်ဝါးအရွယ် အစိမ်းရောင် အရွက်များ ရောင်း နေသော ဆိုင်သေး သေးလေးများကို နေရာတကာ တွေ့ရသည်။ ကွမ်းရွက်များတွင် လေးထောင့် ကွမ်းသီး စိတ်များ၊ အမွေး အကြိုင်များ၊ တစ်ခါတစ်ရံ ဗမာဆေးရည်တစ်စက်နှစ်စက်ထည့်၍ လုံးထုပ်ကာ ပါးစပ်ထဲ ပစ်ထည့်၍ ၀ါးကြသည်။

ကွမ်းသီး၏ မူးယစ်ဆေး ပျော့ပျော့ခံစားမှုရရှိရန် အတန်ကြာဝါးရသည်။ ကွမ်းတစ်ရာလျှင် ၆ ဆင့်မျှသာ ကျ သင့် ရာ လူကြိုက်များလှသည်။ သို့သော် မကောင်းသော အချက်လည်း ရှိပါသည်။ ကွမ်းစားခြင်းကြောင့် သွား များကို နီညိုရောင်စွန်းထင်းစေသည်သာမက ကွမ်းသွေးနှင့် ၀ါးကျန်ကွမ်းဖတ်အစအနများကို ကြမ်းပြင် ပေါ် တွေ့ကရာထွေး ထုတ်ကြရာ လမ်းဘေးလူ သွားလမ်းများ ညစ်ပတ်ပေရေနေပါတော့သည်။ မူးယစ်ဆေးကဲသို့လည်း စွဲလန်းစေနိုင်ပါသည်။




From:opposite eyes

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ညွှန်းကိစ္စပြီး၍ ကုန်ကျစရိတ် တွက်ချက်နေပြီ

Posted by drmyochit Friday, April 12, 2013, under | No comments



ဗိုလ်ချုပ်အောင်ဆန်းနေရာအတွက် သရုပ်ဆောင် ရွေးချယ်စဉ် (ဓာတ်ပုံ- Bogyoke Aung San Film executive board)

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရန် ဇာတ်ညွှန်း ပြီးသွားပြီဖြစ်၍ ကုန်ကျစရိတ် တွက်ချက်ပေးသည့် ကုမ္ပဏီ တခုဖြစ်သော ဥရောပရှိ ကုမ္ပဏီတခုသို့ ဇာတ်ညွှန်းပေးပို့ကာ ဆက်လက် အကောင်အထည်ဖော်မည်ဟု အဆိုပါ ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ သတင်းနှင့်ပြန်ကြားရေး အဖွဲ့ဝင် ဦးဇော်သက်ထွေး ထံမှ သိရသည်။

“အဲဒီ ဇာတ်ညွှန်းကို သင်္ကြန်တွင်းမှာ တည်းဖြတ်ပြီး သင်္ကြန်ပြီးရင် သမိုင်းပညာရှင် ၅ ဦးကို ပေးပို့မယ်၊ အချက်အလက် စစ်ဆေးမယ်၊ ပြီးရင် အင်္ဂလိပ် ဗားရှင်းနဲ့ ပြန်ရေးပြီး ဥရောပကိုပို့မယ်၊ ဇာတ်ကားရဲ့ ကုန်ကျငွေ၊ ရှုတင်စရိတ်တွေကို တွက်ချက်မယ်။ တွက်ချက်ပြီး ရန်ပုံငွေဘယ်လောက်ကုန်မယ်၊ သရုပ် ဆောင် ဘယ်နှယောက် ခေါ်မယ်ဆိုတာ တွက်မယ်။ ဒါရိုက်တာ ရွေးချယ်မယ်။ အဲဒါတွေ ဆက်လုပ်သွား မှာပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေးဆရာချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာနှင့် ကဗျာဆရာ မြမြင့်မိုရ် တို့က ဇာတ်ညွှန်း ရေးပေးခဲ့ပြီး ပေးပို့စစ်ဆေးခိုင်းမည့် သမိုင်းပညာရှင် ၅ ဦးမှာ ဦးသော်ကောင်း၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဦးမြဝင်း၊ ဒေါ်ခင်နှင်းပွင့်နှင့် ဦးဇော်လင်းတို့ ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် အမျိုးသား သရုပ်ဆောင် တဦး ရွေးထားကြောင်း၊ ဒေါ်ခင်ကြည် နေရာတွင် အမျိုးသမီး သရုပ်ဆောင် ၂ ဦးရွေးထားကြောင်း၊ မေလဆန်းတွင် ၎င်းတို့နေထိုင်ရာ ပြည်နယ် များမှ ပြန်ခေါ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဝင် ရုပ်ရှင်ပညာရှင်များက သရုပ်ဆောင်ပညာကို သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို အချိန် ၂ နာရီခွဲကျော်စာ ပြသမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို တွက်ချက် ရာတွင် နေရာ ရွေးချယ်မှုကိုပါ Wasting Brother ကုမ္ပဏီက ဆောင်ရွက်ပေးမည်ဟု ပြောရာ ဧရာဝတီက အဆိုပါကုမ္ပဏီ၏ အသေးစိတ် အချက်အလက်ကို ပိုမိုသိလို၍ မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။

သို့ရာတွင် ကိုဇော်သက်ထွေးက “ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ညွှန်းက အမေရိကန်ဒေါ်လာ ဘယ်လောက် ကုန်ကျမယ်၊ Location တွေက ဘယ်မှာဖြစ်မလဲ၊ အတွင်းဝန်ရုံးက မြန်မာနိုင်ငံမှာ ရိုက်လို့မရဘူးဆိုရင် ဂျာမနီမှာရှိတဲ့ စတူဒီယိုထဲမှာ သွားရိုက်ရင် ဘယ်လောက်ကုန်မလဲ၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုတ်အဖွဲ့ဝင်တွေက ဘယ်ဟာ လျှော့လို့ရမယ်၊ ဘယ်ဟာတင်လို့ရမယ် ဆိုတာ စည်းဝေးပြီးမှ ရိုက်ကူးရေး လုပ်ရမယ်။ အဲဒီအချိန်ကျမှ ဒါရိုက်တာ၊ သရုပ်ဆောင် ရွေးရမယ်၊ ဂဠုန်ဦးစော နေရာ ဘယ်သူလဲ၊ ဒေါက်တာ ဘမော် နေရာဘယ်သူလဲ ဆိုတာ ရွေးရမှာ” ဟု ပြောပြသည်။

ဇာတ်ညွှန်း ရေးသားပေးသူထဲမှ တဦးအပါအဝင် ဖြစ်သည့် စာရေးဆရာ ချစ်ဦးညိုက ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ စာအုပ်ပေါင်း ၃၀ ကျော် လေ့လာခဲ့ကြောင်း၊ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေး ကော်မတီမှ ပေးသော စာအုပ်များကိုလည်း လေ့လာခဲ့ကြောင်း၊ ဇာတ်ညွှန်းအတွက် အချိန် တနှစ်ခန့် ယူခဲ့ရကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီရုပ်ရှင်မှာ ဇာတ်ညွှန်းရေးရတဲ့ အတွက် နံပါတ် ၁ အချက်က ကျေးဇူးရှင်ကို တနိုင်တပိုင် ကျေးဇူးဆပ်ရ တယ်လို့ ခံယူတယ်။ နောက်တချက်က ဒီရုပ်ရှင်ကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း အသိတရား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျင့်သိက္ခာတွေကို ကြည့်ပြီးတော့ လူငယ် လူရွယ်တွေလည်း အတုခိုးနိုင်မယ်။ အဲဒီလို ရည်ရွယ်ထားပါတယ်” ဟု စာရေးဆရာ ချစ်ဦးညိုက ဆိုသည်။

၎င်းဇာတ်ကားတွင် သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း ၎င်းတို့အနေဖြင့် ဇာတ်ညွှန်းကို စဖတ်နေရပြီဖြစ်ကြောင်း၊ သင်္ကြန်အကြိုနေ့ အပြီးပေးရမည်ဖြစ်ကြောင်း၊ သရုပ်ဆောင် တွေကိုလည်း ပထမအဆင့် လျာထားပြီးပြီဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီကို ၂၀၁၁ ဒီဇင်ဘာ ၃ က ဒေါ်အောင်ဆန်းစုကြည် နေအိမ် တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ကနဦး တွေ့ဆုံနေစဉ်က ဖွဲ့စည်းခဲ့ပြီး နာယက အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌအဖြစ် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ အတွင်းရေးမှူးအဖြစ် လူရွှင်တော် ဇာဂနာ၊ ရံပုံငွေ ရှာဖွေရေးအဖွဲ့တွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ထွန်း အိန္ဒြာဗို၊ ဝေဠုကျော်နှင့် လူမင်း၊ သရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့တွင် သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက် တာ ကျော်ဇောလင်းနှင့် ကြည်ဖြူရှင်၊ ဇာတ်ညွှန်းပြုစုရေးအဖွဲ့တွင် ဒါရိုက်တာ မောင်မောင်ဦး (စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်)၊ သရုပ်ဆောင် ဦးအောင်လွင်၊ ဇာတ်ညွှန်း ငြိမ်းမင်း၊ မောင်ယဉ်အောင်၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး၊ ပြန်ကြားရေးတာဝန်ခံများအဖြစ် ဒါရိုက်တာ ကြည်ဖြူရှင်နှင့် မြစံပယ်ငုံ၊ နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့တွင် မောင်မောင်ဦး (စနိုးဝှိုက်)၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ၊ အရိုင်း၊ မောင်မောင် သာမြင့်၊ အဝေးရောက် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဒါရိုက်တာ ဦးဝင်းဖေ တို့က တာဝန်ယူကြရန် သဘော တူခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီရုံးခန်းကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က လည်းကောင်း၊ စာရေးဆရာ မောင်မိုးသူ၊ လူရွှင်တော်ဇာဂနာ၊ ကဗျာဆရာ မောင်စိမ်းနီ၊ ဦးမော်လင်း၊ သရုပ်ဆောင် ဇင်ဝိုင်းနှင့် လူမင်း၊ ဒါရိုက်တာ မောင်မျိုးမင်းနှင့် မင်းထင်ကိုကိုကြီး၊ လူရွှင်တော်အရိုင်း၊ ဒါရိုက်တာ ဝိုင်း၊ စာရေးဆရာ ဇော်သက်ထွေး၊ သရုပ်ဆောင် ဝေဠုကျော်နှင့် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ အိအိခိုင်နှင့် ကြည်ဖြူသျှင်တို့က ဘုတ်အဖွဲ့ဝင်များ အဖြစ် လည်းကောင်း တာဝန်ယူကြမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ရုပ်ရှင်ထုတ်လုပ်သူ၊နိုင်ငံ တကာ ဆက် ဆံရေး တာဝန်ခံ အဖြစ် လည်းကောင်း၊ ဇော်သက်ထွေးက သတင်းနှင့် ပြန်ကြားရေး တာဝန် ခံ အဖြစ်လည်းကောင်း၊ သရုပ်ဆောင်ဦးညွန့်ဝင်းနှင့် ဦးအောင်လွင်၊ ဒါရိုက်တာကြည်စိုးထွန်း၊ ဒေါ်ဆွေ ဇင်ထိုက်တို့က သရုပ်ဆောင် ရွေးချယ်ရေးအဖွဲ့ဝင်များ အဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးအဖွဲ့တွင် ဒါရိုက် တာ အိအိခိုင်၊ ထွန်းအိန္ဒြာဗိုတို့က တာဝန်ယူကြမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက် ရေး ကော်မတီက ၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။




From:opposite eyes

Thursday, April 11, 2013

သင်္ကြန်ကာလတွင်း ကျုးလွန်သော ပြစ်မှုများကို အထူးတရားရုံးဖြင့် အရေးယူမည်

Posted by drmyochit Thursday, April 11, 2013, under | No comments

ရန်ကုန်၊ ဧပြီ ၁၀

သင်္ကြန်ပွဲတော် ကာလအတွင်း အုပ်စုဖွဲ့ ရန်ဖြစ်မှုများနှင့် တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ခြင်း စသော ပြစ်မှု များကို မဟာသင်္ကြန်စီမံချက် အမှုများအဖြစ် သတ်မှတ်ကာ သင်္ကြန် ကာလတွင် ဖွင့်လှစ်ထားသည့် အထူး တရားရုံးများသို့ တည်ဆဲဥပဒေများ နှင့်အညီ ပေးပို့ အရေးယူမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

သင်္ကြန်ကာလတွင် အထက်ပါ စည်းကမ်းချက်များ အပြင် ရေခဲထုပ်၊ ရေပူဖောင်းများဖြင့် ပစ်ပေါက်ခြင်း၊ ရေဆိုးရေ ပုပ် များဖြင့် ရေပက်ခြင်း၊ ထိခိုက်ရရှိနိုင်သော ပစ္စည်းများ၊ အရည်များဖြင့် ပက်ခြင်း၊ မူးယစ် ရမ်း ကားခြင်း၊ အများပြည်သူကို ထိခိုက်စေသည့် အပြုအမူများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင် သော အပြု အမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်မှုများ၊ ကခုန်သီဆို မှုများ မပြုလုပ်ရန်နှင့် သင်္ကြန်မဏ္ဍပ် ပေါ်နှင့် အနီးတစ် ဝိုက်တွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ ရောင်းချ ခြင်း၊ သုံးစွဲခြင်းများ မပြုလုပ်ရန် တားမြစ် သည့် စည်းကမ်းချက် ခုနစ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း သင်္ကြန်ကာလ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ကျော် အသုံးပြု သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

From: The Voice Weekly

မြောက်ကိုးရီးယား နိုင်ငံမှ အချိန်မရွေး ဒုံးကျည် လက်နက်ဖြင့် ပစ်လွှတ် တိုက်ခိုက်နိုင်သည်ဟု ပြောကြားခဲ့သည့် အမေရိကန်

Posted by drmyochit Thursday, April 11, 2013, under | No comments


အမေရိကန် အစိုးရ အနေဖြင့် မြောက် ကိုရီးယား သည် ရွေ့လျားနိုင်သည့် ဒုံးကျည်များကို မည်သည့် အချိန် တွင်မ ဆို ပစ်လွှတ်နိုင်ရန် အပြည့်အစုံ ပြင်ဆင် မှုများ ပြုလုပ်ထားသည်ကို ယုံကြည် ကြောင်း၊ စစ်ရေး ထောက် လှမ်း မှုများအရ သိရှိ ရကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

ဒုံးကျည်များကို စတင် ပစ်လွှတ်မှုနှင့် ပတ်သက်ပြီး လည်း မြောက်ကိုရီးယားက လေကြောင်းလမ်း ၊ ရေကြောင်း လမ်း ဆိုင်ရာ ဖြတ်သန်းမှုများကို သတိပေးမှု တစ်စုံ တစ်ရာ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း လည်း ပြောကြားခဲ့ပါသည်။ သို့သော် အတိမ်းအစောင်း အဖြစ် မခံနိုင်သည့် သတင်းများ ဖြစ်သည့်အတွက် ထိုအရာ ရှိကမူ သူ၏အမည်ကို ထုတ်ဖော်ပြောကြား ခဲ့ခြင်း မရှိပေ။ ထိုအရာရှိ သတိပေး ပြောကြား မှုများ သည် ဂြိုဟ်တုမှ ဖမ်းယူရရှိသည့် ပုံများအပေါ်တွင် မူ တည်ပြီး ပြော ကြားခြင်း ဖြစ်သည်။ မြောက်ကိုရီးယားမှ သတိပေး ချက် ထုတ်ပြန်ပေးရန် အမေရိကန် အနေဖြင့် လိုလားသော်လည်း မမျှော်လင့်ရဲကြောင်းနှင့် ၎င်းတို့အနေဖြင့် ထင်မြင်ယူဆချက်များဖြင့်သာ ဆောင် ရွက် လုပ်ကိုင်နေရကြောင်း ပြောကြား ခဲ့ပါသည်။

Source: http://edition.cnn.com/

G8 ခေါင်းဆောင် စည်းဝေးပွဲ မြန်မာ့ အရေး လှုပ်ရှားသူတွေရှုံ့ချ

Posted by drmyochit Thursday, April 11, 2013, under | No comments


မြန်မာ အစိုးရ ကိုယ်စား လှယ်တွေ ​စက်မှုထိပ်သီးရှစ်နိုင်ငံ ​- ​G8 ​အစည်းအဝေး ​တက်ရောက်ခဲ့ရာမှာ ​G8 ​ကိုယ်စား လှယ်တွေနဲ့ ​ဆွေးနွေးတာတွေနဲ့ ​ပတ်သက်ပြီး ​Burma ​Campaign ​UK ​အဖွဲ့က ​ဝေဖန်လိုက် ပါတယ်။


ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တုန်းက ကျင်းပပြု လုပ်တဲ့ စက်မှုထိပ်သီးရှစ်နိုင်ငံ-G8 အစည်း အဝေးမှာ တွေ့ရတဲ့ နိုင်ငံ ခေါင်းဆောင် တချို့ (Credit: AFP) 

မြန်မာနိုင်ငံရဲ့အရေးနဲ့ ​ပတ်သက်ပြီး ​G8 ​ခေါင်းဆောင်တွေရဲ့ ​ဆွေးနွေးမှုတွေမှာ ​စီးပွားရေး အခွင့် အလမ်း ဆိုင်ရာ တွေကို သာ ​ဆွေးနွေးခဲ့ကြပြီး ​မြန်မာအစိုးရစစ်တပ်ရဲ့ ​လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ​ဆွေးနွေး ခဲ့ကြခြင်း ​မရှိတဲ့ အတွက် ​အတော်လေးစိတ်ပူပန်မိတယ်လို့ ​Burma ​Campaign ​UK ​အဖွဲ့က ​ထုတ်ပြန် လိုက်တာ ​ဖြစ်ပါတယ်။

G8 ​နိုင်ငံခြားရေး ​ဝန်ကြီးတွေရဲ့ ​အစည်းအဝေးမှာ ​လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ​ဦးစားပေး ဆွေးနွေး သွားဖို့ ​ဖြစ် ပေမယ့် ​အဲဒီ ​G8 ​နိုင်ငံခြားရေးဝန်ကြီးတွေကပဲ ​မြန်မာအစိုးရအရာရှိတွေနဲ့ဆွေးနွေးရာမှာ ​ကုန်သွယ်ရေး ဆိုင်ရာတွေကိုသာ ​ဆွေးနွေးပြီး ​လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ​မဆွေး နွေးကြ တာက တော့ ​မယုံနိုင်စရာပဲလို့ ​Burma ​Campaign ​UK ​အဖွဲ့က ​ဇိုရာဖန်းက ​ပြောထားတဲ့ အကြောင်း လည်း ​ဖေါ်ပြထားပါတယ်။

၂၀၁၁ ​ခုနှစ် ​သမ္မတဦးသိန်းစိန် ​အာဏာရလာခဲ့ပြီးနောက်ပိုင်း ​မြန်မာအစိုးရစစ်တပ်တွေက ​လိင်ပိုင်းဆိုင်ရာ ​အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ​သတင်းတွေ ​တိုးမြင့်ပေါ်ထွက်လာနေတယ်လို့လည်း ​Burma ​Campaign ​UK ​အဖွဲ့က ​စွပ်စွဲထားပါတယ်။

ရှမ်းပြည်နယ်၊ ​ကချင်ပြည်နယ်နဲ့ ​ရခိုင်ပြည်နယ်တွေမှာ ​အစိုးရစစ်တပ်တွေက ​လိင်ပိုင်း ဆိုင်ရာ ကျူးလွန် မှုတွေကို ​တိုးမြှင့်ပြီးအသုံးချနေတယ်ဆိုတာကို ​လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ ​အမျိုးသမီးအဖွဲ့တွေက ​သေချာမှတ် တမ်းပြုစုထားကြတယ်လို့လည်း ​Burma ​Campaign ​UK ​အဖွဲ့ရဲ့ ​ဖေါ်ပြချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ ​မေလတုံးကတော့ ​G8 ​ခေါင်းဆောင်တွေက ​မြန်မာနိုင်ငံက ​ဒီမိုကရေစီ ရေးရာ ပြုပြင် ပြောင်းလဲမှု တွေအ တွက် ​သမ္မတဦးသိန်းစိန်နဲ့ ​အတိုက်အခံခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်တို့ကို ​အတိအလင်း ​ချီးကျူး ပြောဆို ထားခဲ့ကြပါတယ်။

Burma ​Campaign ​UK ​အဖွဲ့ဟာ ​စစ်အစိုးရအုပ်ချုပ်စဉ်ကာလတွေက ​မြန်မာနိုင်ငံအရေးနဲ့ ​ပတ်သက်ပြီး ​ပြည်ပ ကနေတက် တက်ကြွကြွလှုပ်ရှားတဲ့အဖွဲ့အဖြစ် ​အသိအမှတ်ပြု ​ခံရပေမယ့် ​နောက်ပိုင်းမှာ ​ရိုဟင်ဂျာ အရေး ကိစ္စ လှုပ်ရှားမှု တွေကြောင့် ​မနှစ်သက်သူတွေက ​ဝေဖန်တိုက်ခိုက်မှုကိုလည်း ​ခံခဲ့ရတဲ့ ​ အဖွဲ့ဖြစ် ပါတယ်။

ABC Radio Australia 

ဝန်ထမ်း လစာတိုး၍ ရန်ကုန် ကူးတို့ခများ နှစ်ဆတိုး ကောက်မည်

Posted by drmyochit Thursday, April 11, 2013, under | No comments


ဝန်ထမ်းများ လစာ တိုးမြှင့်ပေးရမည်နှင့်အညီ ဌာန ဝင်ငွေ လိုအပ်ချက်အရ ရန်ကုန် အခြေပြု ကူးတို့ လမ်း များ၏ ခရီးသည်ခနှုန်းထားကို ဧပြီလ နောက်ဆုံး သီတင်းပတ်မှ စတင်၍ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပြည် တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနမှ ပြောင်းလဲ သတ်မှတ်လိုက်သည်။

တဦးလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်အဖြစ် ပြောင်းလဲ ကောက်ခံသွားမည် ဖြစ်သည်။

“အခုလို ပြောင်းလဲကောက်ခံရတာဟာ ဝန်ကြီးဌာနမှာ ဝန်ထမ်း ၄,၅၀၀ ရှိပါတယ်။ ဒီလက စပြီး ဝန်ထမ်း တွေ တဦး ၂၀,၀၀၀ ကျပ်စီ လစာ တိုးပါတယ်။ ဌာနမှာလူ ၄,၅၀၀ × ၂၀,၀၀၀ ကျပ်နဲ့ ညီတဲ့ ငွေ လိုလာ ပါတယ်။

ဌာနအနေနဲ့ မိမိဝင်ငွေနဲ့ မိမိ ရပ်တည်နေတဲ့ အနေအထားကြောင့် အဲဒီငွေကို ရအောင်ရှာရတဲ့ သဘော ဖြစ်ပါ တယ်။ ရှာတဲ့နေရာမှာလည်း အများပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရလေအောင် အနည်း ဆုံးနှုန်း နဲ့ ကောက်ခံတာ ဖြစ်ပါတယ်” ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဒုတိယ အထွေ ထွေမန် နေဂျာ (ပို့ဆောင်ရေး) ဦးရှိန်ယော က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

တိုးမြှင့်ကောက်ခံမည့် ကူးတို့လမ်းများမှာ ရန်ကုန်-ဒလ၊ စဥ့်အိုးတန်း-ဆာပါချောင်၊ စဥ့်အိုးတန်း-ဆိပ်ကြီး၊ ရန်ကုန်- ခနောင်တို၊ ဝါးတန်း-ဒလ (ဆိုင်ကယ်မှစ၍ ၁၀ ဘီး ယာဉ်များအထိ တင်ပို့ပေးနေသည့် ယာဉ်တင် ကူတို့) တို့ ဖြစ်သည်။

ထိုသို့ တိုးမြှင့်ကောက်ခံရန် ပို့ဆောင်ရေးဝန်ကြီးရုံးမှ သဘောတူ ခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြ ဆောင်ရွက်ရန် လမ်းညွှန်ထားသည်ဟု ဆိုသည်။

“ပို့ဆောင်ရေးဌာနက ပြေးဆွဲပေးနေတဲ့ သင်္ဘောတွေကြောင့် ဒလကနေ ရန်ကုန်ဘက် ကူးပြီး နေ့တိုင်း ရုံးတက် ရုံးဆင်း လုပ်နိုင်တာပါ။ အရင်က ရန်ကုန်ထဲမှာ အနည်းဆုံး ဘတ်စ်ကားခ ၅၀ ဆိုတဲ့အချိန်မှာ သင်္ဘောခကို ၁၀ ကျပ်နဲ့ နှစ်အတော်ကြာ စီးခဲ့ရတာပါ။ အစိုးရဘက်က အရှုံးခံ ပြေးဆွဲပေးနေတယ် ကြားပါ တယ်။ 

၁၀၀ ကျပ်ဆိုတာ ဖြစ်သင့်တာ ကြာပါပြီ။ တခုပဲ ရှိတယ်။ ဘေးအန္တရာယ် စိတ်ချရပြီး အချိန်ပြည့် ပြေးဆွဲ ပေးနိုင်ရင် အကောင်းဆုံးပါပဲ” ဟု ရန်ကုန်မြို့ရှိ ဂျာနယ်တိုက်တခုတွင် အလုပ်လုပ်နေသည့် မစုစုဟန် က ပြောကြား သည်။

ဝန်ကြီးဌာနအနေဖြင့် ကူးတို့လမ်းများမှ ခရီးသည်ခ နှုန်းထားကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ၁၀ ကျပ်မှ ၅၀ ကျပ် အဖြစ် ပြောင်းလဲခဲ့ပြီး ယခုအခါ ၅၀ ကျပ် မှ ၁၀၀ ကျပ်သို့ ပြောင်းလဲကောက်ခံမည် ဖြစ်သည်။ 

ခင်မျိုးသွယ်
မဇ္ဈိမ

(၄၈)လမ်းဗလီမှာ ပေါ့ဆမီးကြောင့် လောင်ကျွမ်းရခြင်းဖြစ်ဟု ကော်မရှင်အစီရင်ခံစာထွက်

Posted by drmyochit Thursday, April 11, 2013, under | No comments


 (၄၈)လမ်း ဗလီမီးလောင်မှုမှာ ရှို့မီးမဟုတ်ပဲ ဗလီဆရာနှစ်ဦး၏ ပေါ့ဆမှုကြောင့်ဆိုကာ  ၄င်းတို့ကို ဥပဒေ နှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု မီးလောင်မှုစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအရ သိရ သည်။

ဧပြီလ (၁၀) ရက်နေ့ ညနေ (၅း၀၀) နာရီတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့် ဆွေ နှင့် မီဒီယာများတွေ့ဆုံပွဲတွင် ကောလာဟာလများထွက်ပေါ်သကဲ့သို့ ရေကျော်ဗလီ မီးလောင်မှုသည် ရှို့မီးမ ဟုတ်ဘဲ ဗလီဆရာနှစ်ဦး၏ အားနည်းချက်ကြောင့်ဖြစ်သည့်အတွက် ၄င်းတို့ကို ဥပဒေနှင့်အညီ အရေး ယူ သွားမည်ဟု ပြောကြားထားသည်။

ဗလီဆရာနှစ်ဦးသည် မဟုတ်မမှန်သတင်းများပြောဆိုခဲ့ခြင်းကြောင့် ပြင်ပတွင် ကောလာဟလများ ထွက် ပေါ် ခဲ့ရပြီး လူမျိုးဘာသာအချင်းချင်း ယုံမှားသံသယဝင်မှုများဖြစ်ပေါ်လာခဲ့ရကြောင်းကိုလည်း ဆက်ပြော ခဲ့သည်။

မီးလောင်မှုကြောင့် ပျက်ဆီးသွားသည့် (၄၈)လမ်း ဗလီကိုလည်း ပြန်လည်ပြင်ဆင်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ဗလီအပါအဝင်သာသနာပိုင်အဆောက်အဦးများ ဆောက်လုပ်မည်ဆိုပါက သာသနာရေးဦးစီးဌာန၏ ထောက် ခံ ချက် ရယူရန် လိုအပ်မည်ဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်အသီးသီးကို တင်ပြ ရမည်ဖြစ် ကြောင်း နှင့် ပြည်ထဲရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက် မရရှိလျှင် ဆောက်လုပ်ခွင့်နှင့် ပြုပြင်ခွင့်မရှိဟု ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွင်းရေမှူး ဦးခင်မောင်သိန်းက ပြောကြားခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ(၂) ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁/၂-၃(၆) စီမံဖြင့် ဖွဲ့စည်းတာဝန်ပေး အပ် ခဲ့ပြီး အဆိုပါစုံစစ်စစ်ဆေးရေးကော်မရှင်အဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အဖွဲ့ အစည်း အသီးသီးပါဝင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။

စုံစမ်း စစ်ဆေးရေး ကော်မ ရှင်ကို ဧပြီလ(၂)ရက်နေ့တွင် စတင် တာဝန် ပေးအပ် ခဲ့ပြီး (၁၀)ရက်နေ့တွင် အစီရင်ခံ စာထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

(၄၈)လမ်း ဗလီမီးလောင်ကျွမ်းမှုမှာ မီးအားမြှင့်စက်(အင်ဗာတာ)အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အာရ်ဗီ ကျောင်းသား(၁၃)ဦး သေဆုံးခဲ့ရသည်။

ထွန်းနေအောင် (မြစ်မခ)
Myit Makha Mediagroup

လှည်းတန်းစင်တာကို ကန့်ကွက်သူများပေါ်လာ

Posted by drmyochit Thursday, April 11, 2013, under | No comments


တည်ဆောက်ပြီး စီး နေပြီဖြစ်သော လှည်းတန်းစင်တာ ဖွင့်လှစ်ရန်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွား နေကြောင်း သတင်း ရရှိသည်။

နိုင်ငံတော် အကြီး အကဲ များ၏ တိုက်တွန်း မှုဖြင့် ၂၀၀၃ ခုနှစ် ဇန်န၀ါရီလတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ထိုစဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက လှည်းတန်း လမ်းဆုံ အား Land Mark အဆောက်အအုံများ ဆောက်လုပ်ရန်ညွှန်ကြားသဖြင့် ၂၀၀၃ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မိမိတို့နေထိုင်သော အိမ်များမှ ဖယ်ရှားပေးခဲ့ရကြောင်း ဘိုးဘွား မြေ ပိုင်ရှင် တစ်ဦးဖြစ် သူဟု ဆိုသော ဒေါ်ချိုချိုမာကပြောသည်။

“အဲဒီတုန်းက ကျွန်မတို့တွေကို တစ်လတောင် အချိန်မပေးဘဲ ဖယ်ခိုင်းတယ်။ ၂၈ ထပ် ဆောက်မယ် ပြောတယ်။ သုံးနှစ်အတွင်းပြီးမယ် ပြောတယ်။ မြေပိုင်ရှင်တွေကို ရှစ်ဆယ်ရာခိုင်နှုန်း ပေးမယ်ပြောတယ်။ ဒီနေ ရာမှာ နေတဲ့သူတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးမယ်။ မြေတန်ဖိုးကိုလည်း ကာလပေါက် ဈေး အတိုင်း တွက်ချက်ပြီး ဈေးသင့်ပေးမယ်။ ကန်ထရိုက်အနေနဲ့ ရှုံးရင်ရှုံးပါစေ”ဟု ထိုစဉ်က စစ်တိုင်း မှူးက ကတိပေးခဲ့ကြောင်း ဘိုးဘွားမြေပိုင်ရှင်တစ်ဦးဖြစ်သည်ဟုဆိုသော ဒေါ်မင်းမင်းစောကပြောသည်။

အဆိုပါမြေနေရာတွင် ၂၈ ထပ် တည်ဆောက်ရန် စီစဉ်ထားသော်လည်း အမှန်တကယ် တည်ဆောက်ပြီး စီးသော အခါ ရှစ်ထပ်ဖြစ်နေသောကြောင့် မြေပိုင်ရှင်များ ခွဲဝေရရှိမည့် အခန်းများ လျော့နည်း လာနိုင်ခြင်း နှင့် သုံးနှစ်အကြာတွင် အဆောက်အအုံပြီးစီးမည်ဆိုသော်လည်း ၁၀ နှစ်အထိ ကြာသွားခြင်းတို့ကြောင့် ၎င်းတို့ အားလုံးက မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။

အဆိုပါမြေနေရာသည် ၁ ဒသမ ၅၂၂ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ ၃၄ လုံးပေါ်တွင် မြေပိုင်ရှင် ၂၃ ဦးမှ အိမ်ထောင်စု ၆၈ စု နေထိုင်သော ဘိုးဘွားပိုင်မြေဖြစ်ကြောင်း မြေပိုင်ရှင်ဟုဆိုသူများက ပြောသည်။

ထို့အပြင် မြေကွက်အကျယ် ၀ ဒသမ ၅၆၇ ဧကရှိသည့် မြေကွက်အမှတ် 3C ကို ပိုင်ဆိုင်သည်ဆိုသော ဒေါ်ချို ချိုမာနှင့် မြေကွက်အကျယ် ၀ ဒသမ ၉၅၅ ဧကရှိသော မြေကွက်အမှတ် 3D ပိုင်ဆိုင်သူ မြေပိုင်ရှင် ၂၃ ဦးက ၎င်းတို့မိသားစုအားလုံးကို တစ်ပြေးညီ တစ်ခါတည်း အခန်းများ မပေးသေး၍ မည်သူ့ကိုမျှ အဆောက် အအုံပေါ် တက်ရောက်နေထိုင်ခြင်းမပြုရန် ကန့်ကွက်ထားကြောင်း ပြောကြသည်။

ထိုစဉ်က အိမ်များအား ဖယ်ရှားစေခဲ့ရာတွင် ပါဝင်ခဲ့သော မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အေးရှား ဝေါလ် ဆောက်လုပ်ရေးကုမ္ပဏီတို့က ၎င်းတို့အား ညှိနှိုင်းခြင်းမရှိဟု ဆိုသည်။ ထို့အပြင် တည်ဆောက်ပြီး အခန်းများနှင့် ပတ်သက်၍ မြေပိုင်ရှင်များအား မည်ကဲ့သို့ ပြန်လည်ပေးအပ်မည်ကိုလည်း အသိပေး အကြောင်း ကြားခြင်း မရှိဘဲ လှည်းတန်းစင်တာ ဖွင့်လှစ်ရန် စီစဉ်နေမှုအား နည်းလမ်းပေါင်းစုံဖြင့် တားဆီး မည်ဖြစ်ကြောင်း ဦးသိန်းဆွေကပြောသည်။

“ကျွန်မတို့က ဆောက်ချင်ပါတယ်ဆိုပြီး ကန်ထရိုက်ကို အပ်တာမဟုတ်ဘူး။ ကျွန်မတို့ကို အတင်း မောင်း ချတာ။ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်စီးပွားနဲ့ လုပ်ကိုင်စားသောက် နေထိုင်လို့ရတဲ့ဘ၀က လမ်းဘေးကို ရောက် လို့ မိဘ ဘိုးဘွား တွေခမျာ စိတ်သောကရောက်ပြီး သေတဲ့လူတွေ များလာပြီ။ အခု ဘယ်သူကမှ ဘာမှ လာညှိ နှိုင်းတာ မရှိသေးလို့ ကျွန်မတို့တစ်တွေ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲ ကျန်တော့တယ်”ဟု ၀င်းဆံ သမှ ဒေါ်နီနီအောင်ကလည်း ပြောသည်။

“ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ဘယ်အခန်းမှ ရောင်းထားတာမရှိသေးဘူး။ အခုလောလော ဆယ် မှာတော့ အိုးအိမ်ဌာနနဲ့ လွှဲပြောင်းမှုတွေ လုပ်နေပါတယ်။ တစ်ခုပြီးတစ်ခု လုပ်စရာရှိတာ ဆက်လုပ် ပေးမှာပါ။ လှည်းတန်းစင်တာ ဘယ်တော့ဖွင့်မယ်ဆိုတာကတော့ ကုမ္ပဏီက လူကြီးတွေကပဲ တရားဝင် ကြေညာ တာတွေ လုပ်ဆောင်ပေးပါလိမ့်မယ်”ဟု အေးရှားဝေါလ်ကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ထိုကဲ့သို့သော အဆင်မပြေမှုများ ကြုံတွေ့နေရပါက အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်သူတိုင်း တွေ့ဆုံ ညှိနှိုင်းကြ ပါက ပြေလည်သွားဖွယ်ရှိကြောင်း အထပ်မြင့်အဆောက်အအုံများ အရည်အသွေး စိစစ်ကြပ် မတ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ ဧပြီ-၆
 7Day News Journal 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်