Monday, September 17, 2012

KIA ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများမှတ်တမ်းဓါတ်ပုံ

Posted by drmyochit Monday, September 17, 2012, under | No comments







မှေးမှိန်လာသည့် မြန်မာ့ရိုးရာဝတ်စုံ

Posted by drmyochit Monday, September 17, 2012, under | No comments




From : သာနောင်

အ၀တ်အစားဆိုတာ ၀တ်တတ်ရင် အရောင်ရွှေးချယ်တတ်ရင် တော်တော် လှတယ် လူတစ်ကာငေးရအောင် ဖြစ်ရတယ် ။ သိုသော် နေရာဒေသအ လိုက် မ၀တ်ဆင်တတ်ဘူးဆို ရင်တော့ မျက်စိထဲ မယ် ဘယ်လို မှ မြင်မကောင်းတော့ဘူးပေါ့ ။ မြန်မာအမျိုးသမီးအမျိုးသားတိုင်း ဘုရား ၊ဘုန်းကြီးကျောင်း၊ သာသနာ နယ်မြေ ၊သာရေး နားရေးနဲ့ ကျောင်းတွေမှာ ၀တ်စားမှုဟာ ရိုးရာဝတ်စုံ ပဲ ဖြစ်သင့်တယ်။ အမြင့်တင်တယ်ပြီ ကိုယ်ရိုးရာကို ထိန
်းသိမ်းတဲ့ အပြင်လူတိုင်းက အိနြေ္ဒရနေကြတာကို တွေရမယ်။ကြည်လိုက်ရင် ကျက်သရေရှိနေတယ် လေ။ဘောင်းဘီလို အရာမျိုးတွေ ဆိုတာ လုံခြုံပါတယ် ။ သို့သော် ဟာကွက်လေးတွေတော့ ရှိနေတယ်ဆိုတာ သတိထားကြည်ပါ အမျိုးကောင်းသမီးတို့  အရှည်ဝတ်ထားတာပဲ ဆိုတာတွေ ခဏခဏ ကြားရပါတယ် တကယ်တော့ ခုခေတ် ပုံစံ ချက် ပြုတ်လို ပုံစံတွေသာ ၀င်တော့တာကိုတော့ သိကြမှာပါ ။ ကန်တော့တဲ့နေရာမှာ ရှေ့ မလုံ နောက်မလုံ ပုံစံတွေတော့ မ၀တ်ကြတာ ကောင်းပါတယ်လို ပြောလိုပါတယ်။ယဉ်ကျေးသိမ့်မွေပြီ အပြစ်ကင်းရမယ် နေရာမှာ ဒီလိုပုံစံမျိုးတွေ ၀တ်တာ ရှောင်ပါ ။သိက္ခာပျက်အောင်လုပ်မိတယ် ကိုယ်ရဲ့ ၀တ်စားမှုဟာ ပုထုဇဉ် တွေကို ဆွဲဆောင်နေသလို မဖြစ်သင့်ပါဘူး ။ ဒါပေမယ့် ဒီလိုပဲ ၀တ်ရမယ်လို မပြောပါဘူး ။ ကြော့ကြော့မောမော သွားလာရမယ် နေရာတွေမှာ ၀တ်ပါ ဘယ်လိုပဲ ၀တ်ဝတ် ခုခေတ်စားနေတဲ့ dinner လိုပွဲတွေ ပေါ့ ။ liveshow လိုနေရာတွေမှာ ဆိုရင်တောင် အတိုအပြတ်တွေဝတ်သင့်တယ်လို ကလေးတွေက ထင်ကြတယ် ။မိဘ မျက်စိနားကွယ်ရာမှာ အပေါင်းအသင်း မကောင်းလို မှုးနေသူတွေများတယ် နေရာမျိုးမှာ တစ်ခုခုဆို ရင်ကျိုးရချည်းရဲ ။ အလှကြောင့် ဘေးဖြစ်တာနော်။ အလှဆိုတာတောင် လျပ်ပေါ်လော်လီသော် အလှ အရှက်ထက် ဆွဲဆောင်သောအလှကြောင့် ဘ၀တွေပျက်ကြရပါတယ် ။ တကယ်တော့ မိန်းကလေးဖြစ်ဖြစ် ယောကျာင်္းလေးပဲဖြစ်ဖြစ် မမြင်သင့် မမြင်အပ် မပြသင့် မပြအပ်တာတွေ မပြတာ အရေး ကြီးဆုံးပါပဲ ။အရှက်တရားဆို ဒါကို ပြောတာပါ ။ တစ်ချို့ ကြ ဒီခေတ်မှာထိုင်မသိမ်းနဲ့ နေရမလားတဲ့ မဟုတ်ပါဘူး ဆိုလို တာ ၀တ်တတ်စားတတ်ရမယ်လေ အရှက်သိက္ခာရှိတဲ့ ၀တ်စုံ ၀တ်ထားတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူတွေက စရဲ နောက်ရဲ လဲ ။နိုင်ငံခြားမှာ နေကြတယ် အလုပ်သဘောအရ ၀တ်ကြစားကြတယ် မှန်ပါတယ် ထမီဝတ်လိုမှ မရတာ ။ ဒါပေမယ့်  သူတို့ ပေးတဲ့ party လို အရာမျိုးတွေမှာ ဘယ်သူမြန်မာဝတ်စုံ ၀တ်ပြီး တတ်သလဲ။ နိုင်ငံခြားသွားတဲ့အခါ မြန်မာ ၀တ်စုံ ထည့်ပြီ သွားတာ မြင်ဘူးလား ။ ဘာကြောင့်လဲ ။ ဘယ်သူက ရော ကျမ မြန်မာပါလို ပြသရဲလဲ ။ မှားနေရင် ပြန်ပြောနော်။ အလုပ်သွားလုပ်တဲ့ မိန်းကလေးတွေ ဟိုမှာ နေ ဟိုမှာ ၀တ်တာ ကြည် ၀တ် ဟိုမှာ နေသလိုနဲ့ နေတော့ မဟုတ်ပါဘူးလို ဘယ်လိုငြင်းငြင်း သူတို့ပါ ရောပါနေတော့ ဘယ်သူက မှ တန်ဖိုးမထားကြဘူး ။ ကလပ်လို နေရာမျိုးသွားပါတယ် တစ်ချို့ဆို သူတို့ ယဉ်ကျေးမှုအရ သွားကြလာကြတယ် အဲလိုနေရာမျိုးဆို နိုင်ငံခြားသာထက် သာအောင်ဝတ်တာ ကြည်လိုက်ပါ ကျမတို့ နိုင်ငံက သူတွေပါ ပဲ ။ မလုပ်တဲ့ သူတွေကို မပြောဘူးနော် လုပ်တဲ့သူတွေကိုပြောတာ ။နေရာဒေသကနေ စာရေးတာ ဘယ်ရောက်လဲ မသိတော့ဘူး ။ တကယ်တော့ နိုင်ငံမှာ ရှိတဲ့ယဉ်ကျေးမှုကို လူတိုင်းထိန်းလေ ဘယ်လို မျိုးပဲ ဖြစ်ဖြစ် လူအထင်ကြီး တန်ဖိုးထားလာ၇မှာပဲ အရင်က ဆင်ဆာကြောင့် မ၀တ်ရသမျှ အခု ကြ ဖော်လိုက်ကြတာ ၀က်ဝက်ကွဲံ fb လိုနေရာမျိုးမှာတောင် အမျိုးသားတွေဆို အတွင်းခံ နဲ့ အမျိုးသမီးတွေလဲ အတွင်းခံနဲ ရိုက်တာ ကျမတိုံ လူမျိုးက ဒီလို အတန်းအစားတွေ ဖြစ်ကုန်တာကြတော့ ရော သိလား ။ ကျမတို့ လူမျိုးမှာ sexy ဆိုတာ မရှိဘူး နော် ဗိုင်းကောင်းကျောက်ဖိ ဆိုတာပဲ ရှိတာ ဆိုတာ မေ့နေကြပုံပေါ်ပါတယ်။ရန်ကုန်မှာ ရှိတဲ့ ဆိုင်တွေဟာ ခုံ ပုလေးတွေများပါတယ် ဒီလိုနေရာကို ဘောင်းဘီတို့ စကတ်တို ၀တ်ပြီ ထိုင်ဖို့ အဆင်ပြေပါသလား ။ အလုပ်ကြောင့် ၀တ်ရတဲ့ ထမီစကတ်ဆိုတာလဲ
ကျတ်သတ်နေဖို့  လိုအပ်ပါသလား ။ မီဒိယာတွေက တိုးတက် လမ်းကြောင်းတွေက ပွင့်တော့ သူများနိုင်ငံ အ၀တ်အစားက ၁၀၀၀ ၂၀၀၀ နဲ့တင် ၀တ်လို ၀ယ်လို ရပြီ ဆိုတော့ သောင်းကျော်တဲ့ မြန်မာဝတ်စုံ ဘယ်သူဝတ်မတုန်း ။ ဘယ်သူမဆို အများကြီး ၀တ်ချင်တာ ဒါ ကလေ ဘာ တံဆိပ်လေးပြောလဲ အတုတွေ မှိုလို ပေါ်တဲ့ ခေတ်မှာ တူတူလောက်ပါပဲ ။ ကိုယ်နိုင်ငံထုတ်ကြတော့လဲ ဈေးကကြီး ပေါပြန်တော့ အလျော်မခံ အဆင်က မလှတော့ ဘယ်သူဝတ်မတုန်း ။ ဒီလို အရာတွေ ကို ပြုပြင်စေချင် ၀ယ်ယူရတဲ့ နေရာက စရမှာပေါ့ ။ ရတဲ့လစာနဲ့ ကားခ ထမင်းဖိုးတောင်အနိုင်နိင် သောင်းချီပေး ဘယ်သူဝယ်မလဲ အပ်ချုပ်ဆိုင် ဘယ်သွားမလဲ ready made ပဲ ၀တ်ကြတာပေါ့ ဒါအမှန်တရားပဲ ။ ဒီလိုဆိုဘယ်လိုမလဲ စဉ်းစားရမယ် ။ ပြည်တွင်းက အထည်ထုတ်စက်ရုံတွေ ကုန်ဈေးနှုန်းတွေ ညှိမယ်ဆိုရင်တော့ တစ်မျိုးတစ်မည် ဖြစ်လာနိုင်တယ်ပေါ့ ။ ဘယ်လောက် လှလှ ကိုယ်ရိုးရာဝတ်စုံသာ ဆန်းနေရင် ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး ။ ၀ယ်လို အများမှာ ကိုယ်တစ်ယောက်တည်းဆိုလဲ ဘယ်သူမှ မ၀တ်တော့ဘူး ။ ဟုတ်တယ်နော် ။ အဲတော့ မှိန်လာတဲ့ အ၀တ်အစား ၀တ်ဆင်ခြင်းကို ထင်သလောက် ရေးပြတာပါ ။

ပျူမြို့များ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး မဝင်ရေး ၂၀၁၄ ဆုံးဖြတ် မည်

Posted by drmyochit Monday, September 17, 2012, under | No comments




From : The Voice


မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေ အနှစ်များ ဖြစ် သည့် ပျူ မြို့ ဟောင်းများ ကို ၂၀၁၄ ဇွန်၊ ဇူလိုင်လတွင် UNESCO မှဦးစီး ကျင်းပမည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်း အဝေးတွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ် ကြောင်း စက်တင်ဘာ ၁၅ ရက် နေ့တွင် ကျင်းပသော ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းရေး အတွက် ကြီးကြပ် ညှိုနှိုင်းရေး အစည်းအဝေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားသည်။

အဆိုပါအစည်းအဝေးတွင် ပျူမြို့ဟောင်းများဖြစ်သည့် ဗိဿနိုး ၊ ဟန်လင်း၊ သရေခေတ္တရာ တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရန် ရေးသားထားသော မူကြမ်းကို ညှိုနှိုင်း စီစစ် အတည် ပြုနိုင် ရန်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ဦးစီးသော ပြည် တွင်း၊ ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များက လိုအပ် သည် များကို ပြင်ဆင်တည်းဖြတ်၊ ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြောင်းပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ထပ်လောင်း ပြောကြားသည်။

ဒုတိယ အဆင့်အနေဖြင့် ပြင်ဆင် တည်းဖြတ်ပြီးသော မူကြမ်း အပြည့်အစုံ ကို ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်းရေးဌာနသို့ ၂၀၁၃ ဖေဖော်ဝါ ရီ ၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ ရမည် ဖြစ်ပြီး ၂၀၁၃နှင့် ၂၀၁၄ အကြား UNESCO ပညာရှင်များမှ လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း ၊ နောက်ဆုံး အဆင့် အနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် ၄င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သော ပျူမြို့ဟောင်း များကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းသို့ အတည်ပြု နိုင်ရန် ကြိုးပမ်းရခြင်းမှာ ဧရာဝတီ မြစ်ဝှမ်း တစ်လျှောက် မြောက်မှတောင် ဒေသများ စည်ပင်ဖွံ့ဖြိုး တိုးတတ်ရေးကို ရည်ညွှန်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပညာရှင် တစ် ဦးဖြစ်သည့် ဦးစန်းဝင်းက ပြောကြားသည်။ အဆိုပါ ပျူမြို့ဟောင်း များကို ၂၀၁၀ ခုနှစ်မှ စတင်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အတွက် UNESCO သို့ စာရင်း တင်သွင်းသော်လည်း ၂၀၁၁ ခုနှစ်တွင် ၄င်းအဖွဲ့အစည်း မှ ပညာရှင်များ လာရောက်စစ်ဆေးပြီး ဖြည့်ဆည်း ပြင်ဆင်ရန် လိုအပ်ေ ကြာင်း အကြံပေး ယခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ညှိုနှိုင်း ဆောင်ရွက် ခဲ့ပြီး ၂၀၁၄ အတွင်း အတည် ပြုနိုင်ရန် အကောင်အထည်ဖော် ကြိုးပမ်းလျှက် ရှိသည်။

မွတ်ဆလင်နိုင်ငံများမှ အမေရိကန် သံအမတ်ကြီးများအားလုံး ပြန်ခေါ်

Posted by drmyochit Monday, September 17, 2012, under | No comments




အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့ ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန် သံရုံးတွေက အရေးမကြီးတဲ့ အမှုထမ်း တွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ် ယူ လိုက်ပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုတွေ ကာလတခု အထိ ဆက်ဖြစ်နေနိုင် တဲ့အတွက် အမေရိကန် အိမ်ဖြူတော်က ကြိုတင် ပြင်ဆင် လိုက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

တူးနစ္စမြို့နဲ့ ခါတွန်း မြို့ တို့က အမေရိကန် သရုံးတွေကို ပရောဖက် မိုဟာမက်ကို သရော်တဲ့ ဗီဒီယိုကြောင့် မကျေနပ်တဲ့ ဆန္ဒပြ လူ အုပ်ကြီး တွေက တိုက်ခိုက် ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောခွင့်ရသူကတော့ အမေရိကန် နိုင်ငံသားတွေ အားလုံးကိုလည်း ခရီးသွားလာရေး နဲ့ ဆိုင်တဲ့ သ တိပေး ချက်တွေ ထုတ် ထားပေးပြီး ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ မွတ်ဆလင်ဘုရား နှင့် ဗုဒ္ဓဘုရား တို့ကို ရိုင်းစိုင်းစော်ကားသည့် ဗွီဒီယိုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကမ္ဘာအနှံ့ မွတ်ဆလင်ဘာသာဝင်များက ဆန္ဒပြလျှက် ရှိပေမယ့် အမေရိကန် လုပ်သမ အထင်ကြီးကြသည့် ဗုဒ္ဓဘာသာဝင် အများအပြားနေထိုင် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဝင် များကတော့ တစုံတရာ တုန့်ပြန်ခြင်း မရှိခဲ့ပေ။

နိုင်ငံတကာလေကြောင်းလိုင်းရှစ်ခု မြန်မာနိုင်ငံသို့ တိုးချဲ့ပျံသန်းမည်

Posted by drmyochit Monday, September 17, 2012, under | No comments




From : 7 Days News

လာမည့် ပွင့်လင်းရာသီမှ စတင်၍ နှစ်မကုန်မီ ကာလအတွင်း နိုင်ငံတကာ လေကြောင်းလိုင်း ၈ ခု မြန်မာနိုင်ငံသို့ တိုး ချဲ့ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ သိရသည်။
တိုးချဲ့ပျံသန်းမည့် လေကြောင်းလိုင်းများမှာ Korean Air, Qatar Airways, Eva Air, All Nippon Airlines, Singapore Airlines, Hongkong Dragon, Condor Airlines, Trans Asia Airways လေကြောင်းလိုင်းများဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ဒိုဟာ၊ စင်ကာပူ၊ ဟောင်ကောင် စသည့်နိုင်ငံများသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေပြု ပျံသန်းမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပျံသန်းနေသည့် လေကြောင်းလိုင်း ၁၄ ခုရှိပြီး ယခုထပ်မံ တိုးချဲ့မည့် လေ ကြောင်းလိုင်း ၈ ခုနှင့် အပါအ၀င် ပြည်ပလေကြောင်းလိုင်း စုစုပေါင်း ၂၂ ခုထိ ရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပျံသန်းဆင်းသက်နိုင်မည့် နိုင်ငံတကာလေဆိပ် ၃ ခုရှိရာ ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းသို့ ခရီးသည် ၀င်ရောက်မှုနှုန်းသည် ၂၀၁၁ ခုနှစ်နှင့် ယှဉ်လျှင်ပင် ပိုမို များပြားနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အာဆီယံ-တရုတ်ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်

Posted by drmyochit Monday, September 17, 2012, under | No comments




From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် န၀မအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မကြာမီကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

အရှေ့ တရုတ်ပင်လယ် အတွင်းမှ မြင့် တက်လာသည့် တင်းမာမှုများ (ဘာသာပြန် ဆောင်းပါး)

Posted by drmyochit Monday, September 17, 2012, under | No comments



From : မြဝတီ

(၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်)
အရှေ့တရုတ် ပင်လယ် အတွင်းရှိ ပိုင်နက် အငြင်းပွား နေသည့် ကျွန်းများအနီးသို့ ကင်းလှည့် ရေယာဉ် ခြောက်စင်းကို တရုတ် အစိုးရက စက်တင်ဘာ ၁၄ ရက်က စေလွှတ် ခဲ့ပြီးနောက် ပိုင်းတွင် အာရှ အင်အား ကြီးနိုင်ငံ နှစ်နိုင်ငံ ဖြစ်သည့် တရုတ် နှင့် ဂျပန်တို့ အကြား တင်းမာမှုများ မြင့်တက်လာ ခဲ့သည်ကို တွေ့ရသည်။
အငြင်းပွား လျက်ရှိသည့် အဆို ပါ ကျွန်းစုများကို တရုတ်နိုင်ငံက တျောင်းယု၊ ဂျပန်နိုင်ငံကမူ ဆင်ကာကူ ဟူ၍ အသီးသီး ခေါ်ဆိုကြ ပြီး ၄င်းကျွန်းစု များအနီးသို့ တရုတ် သင်္ဘောများ စေလွှတ်ခဲ့ခြင်း နှင့် စပ်လျဉ်း၍ ဂျပန် အစိုးရက ဝေဖန် ကန့်ကွက် ခဲ့သည်။ သို့ရာတွင် တရုတ် အစိုးရက တျောင်းယု ကျွန်းစုများအနီးသို့ ကင်း လှည့်ရေ ယာဉ်များကို စေလွှတ် ခဲ့ခြင်းသည် အဆိုပါ ကျွန်းစုများ အပေါ် တရုတ် အစိုးရက အချုပ်အခြာ အာဏာ ပိုင်ဆိုင်ကြောင်း ထင်ဟပ် ပြသခြင်း ဖြစ်ပြီး နိုင်ငံ၏ ရေကြောင်း ပိုင်နက် ဆိုင်ရာ အကျိုးစီးပွားကို ကာကွယ်ခြင်း သာဖြစ် ကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဌာနက ပြောကြား ခဲ့သည်။

အဆိုပါ ကျွန်းငါးကျွန်းအနက် သုံးကျွန်းအား ဂျပန် အစိုးရက လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဒေါ်လာ ၂၆ သန်းဖြင့် ဂျပန်မိသား စု တစ်စုဖြစ် သည့် ကူရီဟာရာ မိသားစုထံမှ ဝယ်ယူ ခဲ့ခြင်း အပေါ် တရုတ် အစိုးရက ဒေါသ အမျက်ထွက် ခဲ့သည့် အပြင် ၄င်းလုပ်ရပ် သည် တရားမဝင်ဘဲ တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ချိုး ဖောက်ခြင်း ဖြစ်သည်ဟု သတ်မှတ် ခဲ့သည်။

တရုတ်ကင်း လှည့်ရေယာဉ်များ သည် ၄င်းကျွန်းစု အနီးရှိ ရေပြင်မှ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ပိုင်းက ပြန်လည် ထွက်ခွာ ခဲ့သော ကြောင့် နှစ်နိုင်ငံအကြား တင်းမာမှု များသည် ခေတ္တ ခဏ လျော့ပါးသွား ခဲ့သော်လည်း ရေရှည် တွင် ပိုင်နက် အငြင်းပွားမှု နှင့် ပတ်သက် ၍ နှစ်နိုင်ငံ အကြားတွင် ထိပ်တိုက်ရင် ဆိုင်နိုင် ဖွယ်ရှိသည့် အလား အလာများ ပေါ်ထွက် လျက်ရှိသည်ဟု စင်ကာပူ နိုင်ငံရှိ အရှေ့တောင် အာရှ လေ့လာရေး ဆိုင်ရာ အဖွဲ့ကြီးမှ အီယန်စတိုရီက ထောက်ပြ ထားသည်ကို တွေ့ရသည်။

တရုတ် နိုင်ငံတွင် ယခု ဆောင်းဦး၌ ကွန်မြူနစ် ပါတီကွန်ဂရက် အစည်းအဝေး ကျင်းပရန် စီစဉ်လျက် ရှိပြီး သမ္မတ ဟူကျင်ထောင်း နှင့် ဝန်ကြီးချုပ် ဝမ်ကြား ပေါင် တို့သည် ၄င်းတို့၏ ရာထူးများကို လွှဲပြောင်း ပေးမည်ဟု မျှော်လင့် ရသည်။

ထိုကဲ့ သို့သော အရေးကြီးသည့် အချိန် ကာလ၌ တရုတ် အစိုးရ အနေဖြင့် ဂျပန် နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင် မည်ဆိုပါက အသွင် ကူးပြောင်းရေး ကာလအတွင်းက ချမှတ် ကျင့်သုံး ခဲ့သည့် နိုင်ငံ၏ ''သင့်မြတ် ပြီး သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်း'' ဟူသည့် မူဝါဒကို ထိခိုက် လျော့ပါးစေ မည်ဖြစ်သည်။ သို့သော် တရုတ် အစိုးရ သည် နိုင်ငံ၏ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု နှင့် စပ်လျဉ်း၍ လုံးဝအပေး အယူ လုပ်မည် မဟုတ်ပေ။ ထို့အပြင် နိုင်ငံ့ ခေါင်းဆောင် အပြောင်းအလဲ အကြိုကာလ အတွင်း၌ တရုတ် အစိုးရ အား အင်အား တောင့်တင်းမှု မရှိသည့် အစိုးရ အဖွဲ့အဖြစ် ရှုမြင် ထင်မှတ်ခြင်းကို လည်း ခံမည် မဟုတ်ပေ။ တျောင်းယုကျွန်းစု အရေး ကိစ္စသည် အခြား အရှေ့တောင် အာရှနိုင်ငံ များနှင့် တရုတ်နိုင်ငံ အကြားဖြစ် ပွားလျက်ရှိသည့် ပိုင်နက် အငြင်းပွားမှု များနှင့် တူညီမှုမရှိ သည်ကို တွေ့ရ သည်။ တျောင်းယု ကျွန်း စု အရေးသည် တရုတ် နိုင်ငံအပေါ် ဂျပန် က ကျူးကျော် သိမ်းပိုက်သည့် အတိတ် သမိုင်း ကြောင်းကို ဖော်ပြလျက် ရှိသည်။

ဂျပန်နိုင်ငံ သည် အဆိုပါ ကျွန်းစုများကို ပထမ တရုတ်- ဂျပန်စစ်ပွဲ အပြီး ၁၈၉၅ ခုနှစ်တွင် သိမ်းယူ ခဲ့သည်။ ဒုတိယ ကမ္ဘာ စစ်ဖြစ်ပွားပြီး ချိန်တွင် အမေရိကန်ပြည် ထောင်စု က ၄င်းကျွန်းစု များအား ထိန်း ချုပ် ထားခဲ့ပြီး ဂျပန် အစိုးရထံသို့ ၁၉၇ဝ ပြည့်နှစ်များ အတွင်းက လွှဲပြောင်းပေးခဲ့ သည်။ ထိုနောက် ပိုင်းတွင် အဆိုပါကျွန်း စုများအား လွှဲပြောင်းပေးရန် တရုတ် နိုင်ငံက ဂျပန် အစိုးရကို တောင်းဆိုခဲ့ သော်လည်း ၄င်းကျွန်း များသည် ၁၈၉၅ ခုနှစ် မတိုင်မီက မည်သည့် နိုင်ငံကမျှ ပိုင်ဆိုင်ခဲ့ခြင်း မရှိသော ကြောင့် အိုကီနာဝါ ကျွန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် သတ်မှတ်သင့် ကြောင်း ဂျပန် အစိုးရက ပြန်လည်ချေ ပပြောကြား ခဲ့သည်။ အဆိုပါ ကျွန်းစု အငြင်းပွားမှု နှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက မည်သည့် နိုင်ငံဘက်မှ လိုက်ပါခြင်း မရှိသော်လည်း အမေရိကန် နှင့် ဂျပန် တို့အကြား ချုပ်ဆို ထားသည့် ကာကွယ်ရေး ဆိုင်ရာ သဘော တူညီချက် အရ ၄င်းကျွန်းစု များကို ဂျပန် အစိုးရက ထိန်းချုပ်ထား သောကြောင့် ဂျပန်နိုင်ငံ အနေဖြင့် တိုက်ခိုက်ခံ ရပါက အကူအညီ ပေးအပ်ရန် တာဝန် ရှိကြောင်း အမေရိကန် အစိုးရက ပြောကြား ထားသည်။

ထို့ကြောင့် ပိုင်နက် အငြင်းပွားနေ သည့် ကျွန်းစု များအနီး တရုတ် ကင်းလှည့် သင်္ဘောများ ရှိနေခြင်းသည် နှစ် နိုင်ငံ အကြား တင်းမာမှု များကို ပိုမိုမြင့် တက်လာ စေနိုင်ပြီး အကယ်၍ ထိပ်တိုက်ရင် ဆိုင်မှုများ ဖြစ်ပေါ်လာ ပါက နှစ် နိုင်ငံ ဆက်ဆံရေးကို ထိခိုက် နစ်နာစေ မည်ဖြစ်သော ကြောင့် အငြင်းပွားမှုကို သံတမန် နည်းလမ်း အရ ဖြေရှင်း နိုင်ရေး အတွက် နိုင်ငံတကာမှ လေ့လာသူများ က မျှော်လင့် လျက်ရှိပေသည်။

ရုရှား၊ အီဂျစ်၊ ဘရုနိုင်း၊ သြစတြေးလျ ၊ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးများ ပြောင်းလဲ ခန့်အပ်

Posted by drmyochit Monday, September 17, 2012, under | No comments







SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး

Posted by drmyochit Monday, September 17, 2012, under | No comments




၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာတည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာအခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သ တင်း က ဖော်ပြပါတယ်။

တည်ဆောက်နေတဲ့ အားကစားရုံတွေကို ဇမ္ဗူသီရိ၊ ဇေယျာသီရိနဲ့ ဇမ္ဗူဒီပလို့ အမည်ပေးထားပြီး (၂၇) ကြိမ်မြောက် အ ရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲကို လူ သုံးသောင်းနှစ်ထောင် ဆန့်တဲ့ ဇမ္ဗူသီရီ အားကစားရုံမှာ ကျင်းပမယ်လို့ ဆိုပါတယ်။

လူသုံးသောင်းကျော်ဆန့်တဲ့ ဇေယျာသီရိ အားကစားရုံမှာတော့ ပြေးခုန်ပစ်ပြိုင်ပွဲအမျိုးမျိုး ကျင်းပမှာဖြစ်ပြီး ဒီနှစ် ဒီဇင်ဘာလမှာ အသင့်ဖြစ်နေဖွယ်ရာ ရှိတယ်လို့ သိရပါတယ်။

လာမယ့် ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံဟာ ဆုတံဆိပ် အများဆုံးရရှိဖို့မျှော်မှန်းထားတယ်လို့လည်း မလေးရှား Banama သတင်းက
ဖော်ပြပါတယ်။

တစ်ချိန်က မြန်မာဟာ အားကစား အရာမှာ ဒေသတွင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်ခဲ့ပေမဲ့ စစ်အစိုးရ အဆက်အဆက် နောက်ပိုင်းမှာ အဆင့်နိမ့်ကျသွားခဲ့ပါတယ်။

ဝေအောင်ကမ္ဘာကုမ္ပဏီကို ဗုံးခွဲဖျက်ဆီးခဲ့မှုဟာ KIA အဖွဲ့ ကိုယ့်သေတွင်း ကိုယ်တူးခြင်းဖြစ်

Posted by drmyochit Monday, September 17, 2012, under | No comments




From : ဝေအောင်ကမ္ဘာကုမ္ပဏီဝန်ထမ်းတစ်ဦး

ဖားကန့်မှာရှိတဲ့ ဝေအောင်ကမ္ဘာကုမ္ပဏီမှာ ကျုပ်က မန်နေဂျာတစ်ဦးပါ။ ကုမ္ပဏီပိုင်ရှင်က“၀”တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ တာဝေ၊ သူ့ရဲ့ရှမ်းနာမည်က စိုင်းလျှံ၊ ရန်ကုန်မှာလဲနေတယ်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ တရုတ်မှာလဲနေတယ်၊ ကျုပ်တို့ ကုမ္ပဏီက
ကိုးကန့်အဖွဲ့နဲ့ “၀”တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပေါင်းပြီး ထောင်ထားတာ၊ တာချီလိတ်မှာ ရုံးရှိတယ်။ တာဝေက နာမည် ခံထားတယ်။ ဖားကန့်မှာ ကျုပ်တို့ထက်ကြီးတဲ့ ကုမ္ပဏီဆိုလို့ ၃ ခု ၄ ခု လောက်ပဲရှိတယ်။
ကုမ္ပဏီလူကြီးတွေက မူးယစ်ဆေးဝါးနဲ့ ကြွယ်ဝလာခဲ့ပေမယ့် ကျုပ်တို့ဒေသအတွက်တော့ ပြန်ကြည့် ပေးကြတယ်။ ငွေမဲတွေကို ငွေဖြူလုပ်နိုင်ဖို့ တရားဝင်ကုမ္ပဏီထောင်တာတော့ မဆန်းပါဘူး၊ အစိုးရခေါင်းဆောင်ပိုင်း လူကြီးတွေနဲ့လည်း နီးစပ်အောင်နေတယ်၊ အစိုးရရဲ့ လုပ်ငန်းတွေမှာ ရက်ရက်ရောရော လှူဒါန်းကြတယ်။ တာဝေတို့
ဇနီးမောင်နှံက လူမှုရေးခေါင်းစဉ်နဲ့ ငွေတွေ လှူနေတာ ခင်ဗျားတို့သိမှာပါ။
ကုမ္ပဏီအတွက် အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးက KIA ။ ဒီအဖွဲ့က ဖားကန့်မှာ အကြီးစားဓါးပြဂိုဏ်းပဲ၊ KIA ရှိတဲ့ဒေသမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆက်ကြေး ၄ မျိုးရှိတာ ခင်ဗျားနားလည်ထားရမယ်။ KIA လူကြီးတွေအတွက် သီးခြားပို့ရတဲ့ ဆက်ကြေး၊ အနီးဆုံး KIA တပ်မဟာက သက်မှတ်ထားတဲ့ဆက်ကြေး၊ အနီးဆုံး KIAတပ်ရင်းက သတ်မှတ်ထားတဲ့ဆက်ကြေး၊ နောက်ဆုံးတစ်ခုက KIA လက်အောက်အရာရှိနဲ့ ရဲဘော်အဆင့်အထိ ယာဘဆေးပြားဖိုး၊ အရက်ဖိုး၊ ကုန်ကုန်ပြောရရင် မိန်းမ လိုက်စားဖို့အတွက်
လိုတဲ့ငွေကအစ ပေးရတဲ့ဆက်ကြေး။ ဒါတွေအားလုံးကို ကျုပ်တို့ကုမ္ပဏီပိုင်ရှင် ကိုးကန့်နဲ့ “၀”ခေါင်းဆောင်ပိုင်းက တစ်ရက်နောက်မကျစေဘဲ ပေးခိုင်းတယ်။ ဒီလိုပေးနေတာတောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ KIA ရဲ့ လုပ်ရပ်ကတော့ ကျုပ်တို့ လူကြီးတွေကို အတော်ပဲ ဒေါသပေါက်ကွဲစေခဲ့ရတယ်။
ညနေ ၅ နာရီခွဲလောက်ဖြစ်မယ်။ KIA ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ KIA တပ်ရင်း ၆ ရှိတဲ့ ကံဆီး ဘက်ကနေ ကျုပ်တို့ ကုမ္ပဏီဝန်းထဲကို ၀င်လာတယ်။ ကုမ္ပဏီဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ မဲမဲမြင်သမျှ ပစ်သတ်တယ်။ အဲ့ဒီနောက် ကုမ္ပဏီပိုင်ယာဉ်တွေ၊ စက်သုံးဆီပေပါတွေ၊ စက်သုံးဆီသိုလှောင်ကန်တွေနဲ့ ကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ယမ်းတိုက်တွေမှာ မိုင်းတွေကိုထောင်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။
သိပ်မကြာခင် KIA က ထောင်ထားခဲ့တဲ့မိုင်းတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်။ တစ်ဆက်တည်း ဆီလှောင်ကန်တွေ၊ ယမ်းတိုက်တွေပါ ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားတဲ့ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်းအတွင်းမှာရှိတဲ့ ဘက်ဟိုးယာဉ် ၆၅ စီး၊ မြေသယ်ယာဉ် ၈၄ စီး၊ ကျောက်ဖောက်စက်တပ်ထားတဲ့ ယာဉ် ၅ စီး၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ ဂါလံ ၆၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန် ၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီညမှာပဲ နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေဂေါင်ဂေါင်ကုမ္ပဏီကိုလဲ အလားတူ ဖောက်ခွဲမှုကြီးတွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။
ဝေအောင်ကမ္ဘာဟာ ကျုပ်တို့ ကိုးကန့်နဲ့ “၀”အဖွဲ့ရဲ့ပိုင်ဆိုင်မှုမှန်း KIA တွေသိတယ်၊ သိရက်နဲ့ လုပ်တဲ့ လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အမည်ဖော်ပြဖို့မသင့်တဲ့ “၀”ခေါင်းဆောင်တစ်ဦးကတော့ KIA ရဲ့လုပ်ရပ်အပေါ် ဒီလို ပြောပါတယ် “ကျုပ်တို့ချင်း နားလည်မှုယူထားတာ ဘယ်မှာသွားထားမလဲ၊ ဒီ KIA ဟာ ငွေလဲယူတယ်၊ ကုမ္ပဏီကိုလဲဖျက်ဆီးတယ်၊ အစာစားပြီးတော့ စားတဲ့ပန်းကန်ကို သေးပန်းတဲ့ကောင်နဲ့တူတယ်။ ဒါဟာ ကျုပ်တို့ကို သက်သက်ရန်စတာ၊ ဝေကုမ္ပဏီကို တိုက်ခိုက် တာဟာ ကိုးကန့်အဖွဲ့နဲ့ “၀”အဖွဲ့ကို တိုက်ခိုက်တာပဲ ဖြစ်တယ်။ KIA တွေ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ”လို့ နာကျည်းစွာ ဆိုပါတယ်။
“၀”နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေက ဆုံးရှုံးမှုတန်ဘိုး ယွမ် သန်းရာချီရှိတယ်လို့ပြောတယ်။ တကယ်ဆို ကျုပ်တို့ရဲ့ကျေးဇူးတွေ KIA အပေါ်မှာ အများကြီးရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းတွေ ကျုပ်တို့အဖွဲ့တွေက အများကြီးထောက်ပံ့ထားတယ်။ KIA က လက်ငင်းငွေချေတာလဲရှိတယ်၊ အကြွေးနဲ့ဝယ်တာလဲရှိတယ်။ ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတဲ့ ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦးကတော့ “ဒီလုပ်ရပ်အတွက် KIA ဟာ အရင်းရော အတိုးပါ ပြန်ပေးဆပ်ရမယ်၊ မသိလို့ လုပ်မိတယ်ဆိုတာက ခွင့်လွှတ်နိုင်ပေမယ့် သိသိနဲ့လုပ်တာကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူး၊ ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ မြွေလိုဆိုရင်တော့ ရန်သူပေါလိမ့်မယ်၊ သူတို့သတ်လို့ သေဆုံးသွားတဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့မိသားစုတွေအတွက် ဘယ်လိုတာဝန်ယူမလဲ။ KIA မှာ အုပ်ချုပ်မှုစနစ် မရှိဘူးလား၊ ခေါင်းဆောင်တွေ ဘာလုပ်နေလဲ၊ လက်အောက်ငယ်သားတွေမသိလို့ပါလို့ ဆင်ခြေပေးရင် သိအောင် မအုပ်ချုပ်နိုင်တဲ့ KIA ခေါင်းဆောင်တွေ ဦးနှောက်မရှိဘဲ ဘယ်လိုလူကြီးလုပ်နေလဲ” လို့ ပြောပါတယ်။
ဒီလုပ်ရပ်အတွက် KIA ဆီက တိကျရှင်းလင်းတဲ့ တောင်းပန်မှု၊ ဖြေရှင်းမှုကို ကျုပ်တို့လူကြီးတွေ တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါပေမယ့် KIA ရဲ့ဘယ်လိုဖြေရှင်းမှုကမှ ကျုပ်တို့အတွက် ကျေနပ်စရာရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်တို့အဖွဲ့တွေ သေဆုံး၊ ပျက်စီး၊ ဆုံးရှုံးခဲ့ရတာတွေအတွက်တော့ တန်ရာတန်ကြေး ပြန်ရဖို့လိုမယ်၊ ကျုပ်မျက်စေ့ရှေ့မှာတင် သေဆုံးရတဲ့ လက်အောက်ဝန်ထမ်းတွေအတွက် ကျုပ်တို့လူကြီးတွေကို တောင်းဆိုချင်တာက KIA ကို ထိထိရောက်ရောက် လက်စားချေဖို့ပါပဲ။ လက်အောက်ငယ်သားတွေအတွက် ဘာအကာအကွယ်မှမပေးနိုင်ရင် ဘာမှလည်းမခိုင်းနဲ့တော့။ KIA ကို မေးချင်တာက ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ခင်ဗျားတို့ချင်းကိစ္စမှာ ကျုပ်တို့ကိုးကန့်နဲ့ “၀”တပ်ဖွဲ့ကို ဆွဲထည့်တာလား၊ ဒါမှမဟုတ် ဖားကန့်ဒေသရဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံလား။ မြေခွေးလိုကောက်ကျစ်တဲ့ ခင်ဗျားတို့ KIA အဖွဲ့ကို စစ်ရေးနည်းနဲ့ တုန့်ပြန်ခြင်းကသာ အထိရောက်ဆုံးဖြစ်မယ်လို့ ကျုပ်တို့ခေါင်းဆောင်တွေ ဆွေးနွေးနေပြီဆိုတာကို သတင်းကောင်းပါးရင်းနဲ့ ...။

KIA ကို UWSA "ဝ" မှ ထိုးစစ်ဆင်မည်

Posted by drmyochit Monday, September 17, 2012, under | No comments


From : http://www.mgkyautkhae.com/2012/09/blog-post_9673.html


သမ္မတ အမိန့်အောက်မှာစစ်တပ်အနေနဲ့ကလည်း သမ္မတ အမိန့်နဲ့သာ ရှေ့မတိုးပဲ ထိုးစစ်အရှိန်ရပ်လိုက်ရတာကို ခံပြင်း နေခဲ့တာကြာပါပြီ..။အောင်ပွဲဆက်တိုက်ရလာပြီးမှာ ရန်သူဌာနချုပ်အားသိမ်းခါနီး အချိန်လေးကို နိုင်ငံတော်အမိန့်နဲ့ ထိုးစစ်ရပ်ပြီး ခံစစ်ပြောင်းလိုက်ရတာ ကမ္ဘာ့စစ်သမိုင်းမှာ မြန်မာ တနိုင်ငံပဲရှိတာကို တွေ့ရပါ့မယ်..။အဲဒီအတွက် ရှေ့မတတ်ရပဲ ကေအိုင်အေ လုပ်သ မျှ အသေခံနေရတဲ့ စစ်တပ်အနေနဲ့ ကေအိုင်အေကို တိုက်ချင်ပေမယ့် သမ္မတကြီးကို လေးစားသောအားဖြင့် နိုင်ငံ တော်အမိန့်ကိုလိုက်နာခြင်းနဲ့ စစ်တပ်မှာလည်း မုဆိုးမတွေများလာတော့တယ်..။အခုတော့ ကေအိုင်အေကို စစ်တပ်က တိုက်စရာမလိုပဲ ကိုးကန့်နဲ့ "ဝ" တပ်ဖွဲ့တွေကတိုက်ပါတော့မယ်..။

ကေအိုင်အေ ဗုံးခွဲလိုက်တဲ့ဝေအောင်ကုမ္ပဏီပိုင်ရှင်က“၀”တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ တာဝေ၊ သူ့ရဲ့ရှမ်းနာမည်က စိုင်းလျှံ၊ ရန်ကုန်မှာလဲနေတယ်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ တရုတ်မှာလဲနေတယ်၊ ကုမ္ပဏီကကိုးကန့်အဖွဲ့နဲ့“၀”တပ်ဖွဲ့ခေါင်း ဆောင်ပိုင်းတွေပေါင်းပြီး ထောင်ထားတာ၊ တာချီလိတ်မှာ ရုံးရှိတယ်။ တာဝေက နာမည်ခံထားတယ်။ဝေအောင်ကုမ္ပဏီအတွက် အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးက KIA ။ ဒီအဖွဲ့က ဖားကန့်မှာ အကြီးစားဓါးပြဂိုဏ်းပဲ၊ KIA ရှိတဲ့ဒေသမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆက်ကြေး ၄ မျိုးရှိပါတယ်။ KIA လူကြီးတွေအတွက် သီးခြားပို့ရတဲ့ ဆက်ကြေး၊ အနီးဆုံး KIA တပ်မဟာက သက်မှတ် ထားတဲ့ဆက်ကြေး၊ အနီးဆုံး KIAတပ်ရင်းက သတ်မှတ်ထားတဲ့ဆက်ကြေး၊ နောက်ဆုံးတစ်ခုက KIA လက်အောက်အရာရှိနဲ့ ရဲဘော်အဆင့်အထိ ယာဘဆေးပြားဖိုး၊ အရက်ဖိုး၊ ကုန်ကုန်ပြောရရင် မိန်းမလိုက်စားဖို့အတွက် လိုတဲ့ငွေကအစ ပေးရတဲ့ ဆက်ကြေး။ ဒါတွေအားလုံးကို ဝေအောင်ကုမ္ပဏီပိုင်ရှင် ကိုးကန့်နဲ့ “၀”ခေါင်းဆောင် ပိုင်းက တစ်ရက်နောက်မကျစေဘဲ ပေးခိုင်း တယ်။ ဒီလိုပေးနေတာတောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ KIA ရဲ့ လုပ်ရပ်ကတော့ ဝနဲ့ကိုးကန့်လူကြီးတွေကို အတော်ပဲ နာကျည်း စေခဲ့ရတယ်။

အဲဒီနေ့ KIA ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ KIA တပ်ရင်း ၆ ရှိတဲ့ ကံဆီး ဘက်ကနေ ကျုပ်တို့ကုမ္ပဏီဝန်းထဲကို ၀င်လာတယ်။ ကုမ္ပ ဏီဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ မဲမဲမြင်သမျှ ပစ်သတ်တယ်။ အဲ့ဒီနောက် ကုမ္ပဏီပိုင်ယာဉ်တွေ၊ စက်သုံးဆီပေပါတွေ၊ စက်သုံး ဆီသိုလှောင်ကန်တွေ နဲ့ ကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ယမ်းတိုက်တွေမှာ မိုင်းတွေကိုထောင်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။ သိပ်မကြာခင် KIA က ထောင်ထားခဲ့တဲ့မိုင်းတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်။ တစ်ဆက်တည်း ဆီလှောင်ကန်တွေ၊ ယမ်းတိုက်တွေပါ ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ် ခဲ့တယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်းအတွင်းမှာရှိတဲ့ ဘက်ဟိုးယာဉ် ၆၅ စီး၊ မြေသယ်ယာဉ် ၈၄ စီး၊ ကျောက်ဖောက်စက်တပ်ထားတဲ့ ယာဉ် ၅ စီး၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ ဂါလံ ၆၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန် ၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီညမှာပဲ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ် တဲ့ ရွှေဂေါင်ဂေါင် ကုမ္ပဏီကိုလဲ အလားတူ ဖောက်ခွဲမှုကြီးတွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။

ဝေအောင်ကမ္ဘာဟာ ကိုးကန့်နဲ့ “၀”အဖွဲ့ရဲ့ပိုင်ဆိုင်မှုမှန်း KIA တွေသိတယ်၊ သိရက်နဲ့ လုပ်တဲ့ လုပ်ရပ်ဖြစ်တယ့်အတွက် ဒါနဲ့ပတ်သက်ပြီး အမည်ဖော်ပြဖို့ငြင်းဆန်တဲ့ “၀”ခေါင်းဆောင်တစ်ဦး ကတော့ KIA ရဲ့လုပ်ရပ်အပေါ် ဒီလိုပြောပါတယ် “ကျုပ်တို့ချင်း နားလည်မှုယူထားတာ ဘယ်မှာသွားထားမလဲ၊ ဒီ KIA ဟာ ငွေလဲယူတယ်၊ ကုမ္ပဏီကိုလဲဖျက်ဆီးတယ်၊ အစာစားပြီးတော့ စားတဲ့ပန်းကန်ကို သေးပန်း တဲ့ကောင်နဲ့ တူတယ်။ ဒါဟာ ကျုပ်တို့ကို သက်သက်ရန်စတာ၊ ဝေကုမ္ပဏီကို တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ “၀”အဖွဲ့ကို တိုက်ခိုက်တာပဲ။ KIA တွေ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ”လို့ နာကျည်းစွာ ဆိုပါတယ်။ “၀”နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေက ဆုံးရှုံးမှုတန်ဘိုး ယွမ် သန်းရာချီရှိတယ်လို့ပြောတယ်။
၁၂.၇မမ Dshk စက်သေနတ်ကြီး တပ်ဆင်ထားသည့် "ဝ"တပ်ဖွဲ့ပိုင် သံချပ်ကာယာဉ်များ
တကယ်ဆို ကျုပ်တို့ရဲ့ကျေးဇူးတွေ KIA အပေါ်မှာ အများကြီးရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းတွေ ကျုပ်တို့အဖွဲ့တွေက အများကြီးထောက်ပံ့ထားတယ်။ KIA က လက်ငင်းငွေချေတာလဲရှိတယ်၊ အကြွေးနဲ့ဝယ်တာလဲရှိတယ်
ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတဲ့ ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦးကတော့ “ဒီလုပ်ရပ်အတွက် KIA ဟာ အရင်းရော အတိုးပါ ပြန်ပေးဆပ်ရမယ်၊ မသိလို့ လုပ်မိတယ်ဆိုတာက ခွင့်လွှတ်နိုင်ပေမယ့် သိသိနဲ့လုပ်တာကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူး၊ ရာသီအလိုက် အရောင်ပြောင်းတတ် တဲ့ မြွေလိုဆိုရင်တော့ ရန်သူပေါလိမ့်မယ်၊ သူတို့သတ်လို့ သေဆုံးသွားတဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့ မိသားစုတွေအတွက် ဘယ်လိုတာဝန်ယူမလဲ။ KIA မှာ အုပ်ချုပ်မှုစနစ် မရှိဘူးလား၊ ခေါင်းဆောင်တွေ ဘာလုပ်နေလဲ၊ လက်အောက်ငယ်သားတွေမသိလို့ပါလို့ ဆင်ခြေပေးရင် သိအောင် မအုပ်ချုပ်နိုင်တဲ့ KIA ခေါင်းဆောင်တွေ ဦးနှောက်မရှိဘဲ ဘယ်လိုလူကြီးလုပ်နေလဲ” လို့ ပြောပါတယ်။
စစ်ရေးပြတစ်ခုတွင်မြင်ရသော ဝ တိုက်ခိုက်ရေးတပ်သားများ

ပြီးတော့ ဒီလို ဆက်ပြောတယ် " ဒီလုပ်ရပ်အတွက် KIA ဆီက တိကျရှင်းလင်းတဲ့ တောင်းပန်မှု၊ ဖြေရှင်းမှု ကိုကိုးကန့်နဲ့"ဝ"ဒေသထိပ်သီးပိုင်းဆိုင်ရာခေါင်းဆောင်လူကြီးတွေ တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါပေမယ့် KIA ရဲ့ဘယ် လိုဖြေရှင်းမှုကမှ ကျုပ်တို့အတွက် ကျေနပ်စရာရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်တို့အဖွဲ့တွေ သေဆုံး၊ ပျက်စီး၊ ဆုံးရှုံးခဲ့ ရတာတွေအတွက်တော့ တန်ရာတန်ကြေး ပြန်ရဖို့ လိုမယ်၊ ကျုပ်မျက်စေ့ရှေ့မှာတင် သေဆုံးရတဲ့ လက်အောက် ၀န်ထမ်းတွေအတွက် ကျုပ်တို့လူကြီးတွေ ကို တောင်းဆိုချင်တာက KIA ကို ထိထိရောက်ရောက် လက်စားချေဖို့ပါပဲ။ လက်အောက် ငယ် သားတွေအတွက် ဘာအကာအကွယ်မှမပေးနိုင်ရင် ဘာမှလည်းမခိုင်းနဲ့တော့။ KIA ကို မေးချင်တာက ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ခင်ဗျားတို့ချင်းကိစ္စမှာ ကျုပ်တို့ကိုးကန့်နဲ့ “၀”တပ်ဖွဲ့ကို ဆွဲထည့်တာလား၊ ဒါမှမဟုတ် ဖားကန့်ဒေသရဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံလား။ မြေခွေးလိုကောက်ကျစ်တဲ့ ခင်ဗျားတို့ KIA အဖွဲ့ကို စစ်ရေးနည်းနဲ့ တုန့်ပြန်ခြင်းကသာ အထိရောက် ဆုံးဖြစ်မယ်..အခု ကျုပ်တို့ခေါင်းဆောင်တွေ ဆွေးနွေးနေပြီ.။မကြာခင်မှာ ခင်ဗျားတို့ ကေအိုင်အေကို ကျုပ်တို့သိမ်း မယ်..။တစ်ခုရှိတာက ကျုပ်တို့သိမ်းမှာက ကေအိုင်အေနဲ့ကေအိုင်အိုကိုပဲဖြစ်တယ်..။ကချင်တိုင်းရင်းသားတွေကိုသိမ်းမှာ မဟုတ်ဘူး..ကေအိုင်အေစစ်တပ်နဲ့ကေအိုင်အိုထိပ်သီးတွေကို ကျုပ်တို့လက်အောက်ကသေဆုံးသွားတဲ့ အဖွဲ့ဝင်တွေ အတွက်.ကျုပ်တို့ရဲ့စီးပွါးရေးကို ဒုတ်နဲ့ထိုးတဲ့အတွက်..စီးပွါးဖက်ချင်းပုခုံးချင်းတိုက် ရိုက်ချတဲ့အတွက် ကလဲ့စားချေ တာပဲဖြစ် တယ်..ကေအိုင်အေ ကိုသိမ်းပြီးရင်တော့ စစ်တပ်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို လွှဲပေးမှာဖြစ်ပါတယ်..။ကျွန်တော်တို့က ကချင်ပြည်နယ်ကိုသိမ်းမှာမဟုတ်ပါဘူး..ကေအိုင်အိုနဲ့ကေအိုင်အေယူနီဖေါင်းဝတ်ထားတဲ့ မိစ္ဆာကောင်တွေကိုပဲ တိုက်မှာဖြစ်ပါတယ်...။
လို့ "ဝ"ဒေသ စစ်ရေးခေါင်းဆောင်တစ်ဦးက သံချပ်ကာကားတံခါးကို တဗုန်းဗုန်းပုတ်ရင်း ပြောကြားပါတယ်..။

ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား

Posted by drmyochit Monday, September 17, 2012, under | No comments


၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး သေနတ်ပစ် ခံရသောကြောင့် သေဆုံးသည့်ဖြစ်ရပ်ဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူငါးဦးမှာ နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းကုတင်ပေါ်နှင့် ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
ဦးစောကြည်ဖ(ဘ) ဦးခွန်ပန်းစိန်သည် ယာလက်ကောက်ဝတ် ကျည်ဆန်ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ၊ အသက်၅၈နှစ်ရှိ ဒေါ်စန်းစန်းမြင့်(ဘ) ဦးမြမောင်သည် ၀ဲဘက်နားနောက်နှင့် ၀ဲမျက် ခုံးအောက်ကျည်ဆန် ၀င်ထွက်ဒဏ်ရာ၊ ယာနားထင်ရှေ့ သေနတ်ဒဏ်ရာ၊ အသက် ၃၆ နှစ်ရှိ  မမြစန္ဒာ(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ကျည်ဖောက် ၀င်ဒဏ်ရာ၊ အသက်၂၇ နှစ်ရှိ မနှင်းပွင့်အေး(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာ၊ အသက် ၁၅ နှစ်ရှိ မအယ်ဖောသည် ၀ဲဘက်နား ထင်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၆-၃-၂၀၀၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖော်ပြချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက''စိမ်းလဲ့ကန်သာမှာ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အခုအချိန်အထိ အမှုကို ပိတ်ထားခြင်းမရှိဘူး။ ဆက်လက် စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
အဆိုပါနေအိမ်ကို စစ်ဆေးရာ မီးခံသေတ္တာထဲမှ စိန်ရွှေရတနာပစ္စည်း ၂၂ မျိုး၊ တန်ဖိုးကျပ်သိန်း နှစ်ထောင်ခန့်နှင့် ငွေကျပ်သိန်း ၁၅၀ ပျောက်ဆုံးနေကြောင်း သတင်းဖော်ပြမှုများအရ သိရှိရသည်။
အဆိုပါအမှုကို ကမာရွတ်ရဲစခန်း (ပ) ၆၅/၂၀၀၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အခင်းဖြစ်ရပ်အား ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးချက်အရ နေအိမ်အတွင်းမှ ကျူးလွန်သူများ အသုံးပြုခဲ့ကြသော ကျည်ခွံခုနစ်ခုနှင့် ကျည်အကောင်း တစ်တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် မှုခင်းဂျာနယ်တွင် ဖော်ပြချက်အရ သိရှိရသည်။

ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးကို ကုလညီလာခံ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ်ရွေး

Posted by drmyochit Monday, September 17, 2012, under | No comments



ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် ဦးခွန်ထွန်းဦး အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာစဉ်က ကြိုဆိုသူတချို့နဲ့ တွေ့ရပုံ။ (ဇန်န၀ါရီလ ၁၃၊ ၂၀၁၂)။ အခုလာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့အတွက် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန် အခြေစိုက် NED ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့ရဲ့ ဒီမိုကရေစီ ဆုကို လက်ခံရယူဖို့၊ ၀ါရှင်တန် ဒီစီကို ရောက်ရှိနေတဲ့ ဦးခွန်ထွန်းဦးကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါ ဦးခွန်ထွန်းဦးက အခုလို စပြီး ပြောခဲ့ပါတယ်။

“ကျနော့်ကိုတော့ ဓာတ်ပုံ ၂ ပုံနဲ့ ကိုယ်ရေးရာဇ၀င် လာတောင်းတယ်ပေါ့လေ။ သက်ဆိုင်ရာ သမ္မတရုံးကနေ တောင်းခိုင်းလို့၊ အဲဒီလူကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ရတယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနကနေပြီးတော့ special passport လုပ်မယ်ဆိုပြီးတော့ ကျနော့်ကို ပြောတယ်။ နောက်တချက်က ကျနော်က ဘယ်လို ပြန်ဖြစ်လဲဆိုတော့ သံရုံးသွားတော့ ကျနော် ဒီကိုလာဖို့ စာအုပ်အနီလေးနဲ့ပေါ့ဗျာ ဗီဇာထုတ်ဖို့လာတော့၊ သူတို့က ဟာ - မင်းကို ငါတို့က နှစ်ခုတောင် ပေးရမှာတဲ့။ ဘာဖြစ်လို့လဲ၊ ကျနော် ဘာမှမသိဘူးလို့။ အဲဒီလိုပဲ တောင်းတာတော့ ကျနော် သိတယ်လို့ ဆိုတော့ သူ ရှင်းပြတာက၊ နေဦးတဲ့၊ ခင်ဗျားဟာက နှစ်ခုဖြစ်နေတော့ ကျနော်တို့ ဆွေးနွေးရမယ်ပေါ့လေ။ ကျနော့်ကို ၃ နာရီခွဲ ပြန်လာပါလို့ မှာလိုက်တယ်။ ပက်စ်ပို့ လာယူပေါ့လေ။ ပြောလိုက်သေးတယ်၊ ခင်ဗျား အဲဒါ သွားမယ်ဆိုရင် special passport ကို သုံးပေါ့ဗျာတဲ့။ ကျနော့်ကို လိုက်လုပ်ပေးတဲ့ ဗဟိုကော်မတီကလူကိုလည်း ပြောလိုက်တယ်။ ဒါလောက်ဆိုရင်တော့ ကျနော် ထင်တယ်လေ၊ confirm ဖြစ်ပြီပေါ့ဗျာ။

"ဒါပေမဲ့ သမ္မတ ရုံးကတော့ ဘာမှ မပြောသေးဘူး။ ဦးအောင်မင်းကိုလည်း ကျနော် ဖုန်းဆက်တော့၊ ၀န်ကြီးခင်ဗျာလို့ ကျနော် ဒီလိုတော့ အခြေအနေ ဆိုက်နေတယ်လို့ ဆိုတော့၊ သွားသင့်တာ သွားလိုက်ပါတဲ့။ ဟိုရောက်မှပဲ ဆင်းကြိုတာပေါ့တဲ့။ ၀ါရှင်တန် ဒီစီမှာရှိတဲ့ သံအမတ်ကြီးကိုလည်း ကျနော် ဖုန်းဆက်ထားပေးပါမယ်တဲ့။ အဲဒီလို ပြောတယ်။”

အန်ကယ့်ကိုရော ကမ်းလှမ်းထားတာ ရှိပါလား အရင်တုန်းက။ အထွေထွေ ညီလာခံ ကိုယ်စားလှယ် အနေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အနေနဲ့ ပါဝင်ဖို့ ဆိုတာကို။ - 

“နောက်ပိုင်း ကျနော် ဟိုဟာတွေ ပါတယ်။ ဦးအောင်မင်းတို့က ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးတယ်။ အခုက ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့ဖို့လေ။ ဒါပေမဲ့ အခုလောလောဆယ်က ကျနော့်ကို တရားဝင် ကမ်းလှမ်းထားပြီးတာက ရခိုင် ပဋိပက္ခ ကော်မရှင်မှာ ကျနော် ပါနေတယ်လေ။ အဲဒါပါပဲ။ ကျနော့် အထင်ကတော့ ဒါ နိုင်ငံတကာကိုလည်း ပြချင်တယ်ပေါ့ဗျာ။ ကျနော်တို့ အားလုံးက ပူးပေါင်းဆောင်ရွက် လုပ်နေပါတယ် ဆိုတာကို။”  

အန်ကယ် အကယ်၍များ သူတို့ဘက်က ကမ်းလှမ်းလာမယ် ဆိုရင် အန်ကယ့်သဘောထားကရော ဘယ်လိုလဲ။ ပါဝင်မလား။ - 

“ပါရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ဒီ process ကိုလည်း၊ ခင်ဗျားတို့လည်း သိပါတယ်၊ အိမ်မှာကလည်း ပြဿနာတွေက ဒုနဲ့ဒေး ကို။ ဟိုမှာကလည်း ကွဲနေတယ်၊ အဲဒီတော့ ကျနော်တို့က moderate ဖြစ်တဲ့ဟာကိုတော့ လုပ်ရမယ့်ကိန်းမျိုး ဆိုက်နေပြီကိုး။ ဟိုကလည်း လွှတ်တော်ကလည်း တမျိုး၊ တပ်ကလည်း တမျိုး ဖြစ်နေတာကိုး။ အဲဒီတော့ တော်တော်လေးကို ကျပ်တည်းတယ်။”

ဟုတ်ကဲ့။ ကျနော်က ဆိုလိုတာက အခု အကယ်၍ အထွေထွေညီလာခံ အဖွဲ့ ကိုယ်စားလှယ် အနေနဲ့ ပါဝင်ခွင့်ရမယ် ဆိုရင် အန်ကယ် ပါမလား။ - 

“ပါမယ်ပေါ့ဗျာ။ ပါရမှာပေါ့။ သူက ကျနော့်ကို ခေါ်ပြီပဲဗျာ။ အရင်တုန်းကလည်း ကျနော့်ကို သူ ခေါ်တယ်။ တွေ့တုန်းကလည်း ခေါ်တွေ့ပါတယ်။ ကျနော်တို့တွေ စကားပြောကြတာပဲ။”
သမ္မတက လား။ - 

“ဟုတ်တယ်။ သမ္မတက ပေါ့လေ။ ဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ ဒါ ပါတီအနေနဲ့ကတော့ ဒီ တိုင်းပြည် တည်ဆောက်ရေးမှာတော့ ဒီဟာက အပေါင်းလက္ခဏာ ဆောင်တဲ့ဟာမျိုးတွေ လုပ်ပေးရမှာပဲ။ အကုန်လုံး ၀ိုင်းဝန်း လုပ်ကြတာချည်းပဲ။ ပြဿနာတွေက။”

ဝါရှင်တန် ဒီစီရောက် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ကိုသားညွှန့်ဦးက မေးမြန်းခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး ပါဝင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းကို နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးကို မေးမြန်းကြည့်တော့ လတ်တလောမှာ အတည်မပြုနိုင်သေးဘဲ မနက်ဖြန် တနင်္လာနေ့မှာတော့ အဲဒီစာရင်းကို ထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ပဲ တုံ့ပြန်ခဲ့ပါတယ်။

အာရှတော်ဝင် ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကိုမကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ

Posted by drmyochit Monday, September 17, 2012, under | No comments

တိုင်းတရားရုံးအား စက်တင်ဘာလ ၁၂ ရက်နေ့ ကတွေ့ရစဉ်

အာရှတော်ဝင်ဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုအပေါ် ခရိုင်တရားရုံး၏ အမိန့်ကို မကျေနပ်၍ တိုင်းသို့လျှောက်ထားခဲ့ရာ ခြောက်လကြာမှ အမှုခေါ်ယူ ခဲ့ကြောင်း တိုင်ကြား ခဲ့သည့် မိသားစုဝင် များ၏  ပြောကြား ချ က်အရ သိရှိရသည်။
စမ်းချောင်းမြို့နယ်၊ အာရှတော်ဝင် ဆေးကုခ န်းရှေ့ ရှိ မြန်မာ့ရိုးရာ ထမင်းဆိုင်တွင် ထမင်းစားနေသည့် တက္ကစီယာဉ်မောင်ြး ဖစ်သူ ကိုတင်မောင်ဆွေ(အသက် ၃၆ နှစ်)ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက် နေ့ည ၁၁ နာရီအချိန်ခန့်တွင် လူကိုးဦးခန့်က တုတ်များဖြင့် ၀ိုင်းဝန်းရိုက် နှက်ခဲ့သဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်
ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံး၊ ဒုတိယခရိုင်တရား သူကြီး(၃)မှ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် မမျှတဟု ယူဆသဖြင့် တရားလို မိသားစုဝင်များမှ တိုင်းတရားရုံးသို့ ပြစ်ဒဏ်တိုးမြှင့်စေရေးအတွက် ပြင်ဆင်မှုကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က လျှောက်ထား ခဲ့ရာ ယခု စက်တင်ဘာလအတွင်း ပြန်လည်စစ်ဆေးကြား နာမည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဝိုင်းဝန်း၍ ရိုက်နှက်ခံရသူကို တင်မောင်ဆွေမှာ အခင်းဖြစ်သည့် နေရာ၌ပင် ပါးစပ်နှင့်ဦးခေါင်းမှ သွေး များထွက်ရှိကာ သတိမရတော့ဘဲ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အစ်ကိုဖြစ်သူဦး မောင်မောင်လွင်က ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်တရား ရုံး ဒု-ခရိုင်(၃)တွင် ဦးမောင်မောင်လွင်မှ ၂၀၁၁ ခုနှစ်ပြစ်မှုကြီးမှုအမှတ် ၁၀၃/၂၀၁၀ ဖြင့် တရားလိုပြုလုပ်၍ တရားခံများဖြစ်သည့် ကိုကိုဝင်း၊ သော်ဇင်၊ ညီညီဇော်နှင့်ကျော်ထွေး တို့အပေါ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မကြီး ၃၀၂(၂)ဖြင့် တရားစွဲဆိုခဲ့သည်။ ထိုသို့စွဲဆိုပြီးနောက် တရားလို တရားခံများအပါအ၀င် သက်သေအသီးသီး အားစစ်ဆေးပြီး ၂၀၁၂ ခုနှစ် ဖေဖော် ၀ါရီလ ၂၄ ရက်နေ့တွင် ရုံးတော်မှ တရားခံညီညီဇော်နှင့် သော်ဇင်တို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅ ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပြီး တရား ခံ ကိုကိုဝင်းနှင့် ကျော်ထွေးတို့အား ပုဒ်မ ၃၂၅/၁၁၄ အရ ထောင်ဒဏ်တစ်နှစ်နှင့် သုံးလချမှတ်ခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော့်ညီက ၀ိုင်းဝန်းရိုက်နှက်ခဲ့လို့ သေဆုံးသွားတဲ့ဖြစ်စဉ်ကို ခရိုင်တရားရုံးက အပြင်းအထန် ဒဏ်ရာရတဲ့ပုဒ်မနဲ့ပဲအမိန့်ချခဲ့တဲ့အတွက် မကျေနပ်လို့ တိုင်းတရားရုံးကို ထပ်ဆင့်တိုင်ကြားခဲ့ရာ ခြောက်လကြာခဲ့မှ ပြန်လည်စစ်ဆေးမယ်လို့ စက်တင်ဘာလ၁၄ရက်နေ့က ခေါ်ယူပြီးပြောခဲ့ပါတယ်။ အခုလာမယ့် ၂၈ရက်နေ့ မှာ စတင်ပြီးတော့ကြားနာမယ်လို့ တိုင်းတရားရုံးက ဥပဒေအရာရှိတစ်ဦးက ကျွန်တော်တို့ကို ခေါ်ယူပြီး ပြောခဲ့ပါတယ်။ ပြန်စစ်ဆေးမယ်လို့ သိရတဲ့အတွက် ပထမအဆင့်တော့ ရင်အေးသွားပါပြီ။ ပြန်စစ်ဆေးတဲ့ အခါမှာလည်း မျှတမှုရှိတဲ့ အမိန့်တစ်ခုကို ပြန်ပြီးတော့ ချမှတ်မလား ဆိုတာကို စောင့်ကြည့်သွားရဦးမှာပါ” ဟု သေဆုံးသူ၏အစ်ကိုဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားခဲ့သည်။
ဆက်လက်၍၎င်းက “ကျွန်တော့် ညီက ဆေးရုံရှေ့က ထမင်းဆိုင်မှာ ထမင်းစားနေရင်းနဲ့ တုတ်တွေကိုင်ဆောင်ထားတဲ့ လူကိုးယောက်လောက်က ဆိုင်ထဲဝင်လာပြီးတော့ ကားသမားတွေ အကုန်လုံးကိုရိုက်ကွာလို့ အော်ပြီးတော့ ၀င်ရိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ညီက ဘာမှမဆိုင်ဘဲနဲ့ ၀ိုင်းရိုက်ခံရလို့ ဆေးရုံရောက်ပြီး နာရီဝက်အကြာမှာပဲ သေဆုံးသွားခဲ့တယ်။ ကျွန်တော်စုံစမ်းတော့ ၀ိုင်းရိုက်တဲ့တရားခံတွေနဲ့ တခြားယာဉ်မောင်းတွေက စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ စကားများထားတယ်ဆိုတာကို သိရပါတယ်” ဟု ပြောကြားခဲ့သည်။
သေဆုံးခဲ့သူ တင်မောင်ဆွေမှာ ဦးခေါင်းဝဲယာစောင်းဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာနှင့် ၀ဲလက်ဖျံဖူး ရောင်၊ ၀မ်းဗိုက်ချက်အောက်ညိုမည်း၊ ယာပုခုံးဝဲယာပါးခါးတို့တွင် ဒဏ်ရာအသီးသီးရရှိ၍ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရောက် ပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူအများဝိုင်းရိုက်ခဲ့သဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့မှုကြောင့် ကိုမောင်မောင်လွင်မှ တရားလိုပြု၍ စမ်းချောင်းရဲစခန်း (ပ)၄၆၈/၂၀၁၀ ပြစ်မှု ပုဒ်မ ၃၂၆/၁၁၄ မှ ၃၀၂/ ၃၂၆/ ၁၁၄ သို့ ပြောင်းလဲအမှုဖွင့် ခဲ့ပြီး အမှုစစ်ဖြစ်သူ ဒုရဲအုပ်ငွေစိုးက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမှုမှ တရားခံ (၁) ဖြစ်သူ တရားခံ ကိုကိုဝင်းနှင့်တရားခံ(၄) ဖြစ်သူ တရားခံကျော်ထွေးတို့မှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၅/၁၁၄အရ အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်နှင့်သုံးလ ကျခံစေ သော်လည်း တရားခံများအား အထုတ်ခံရသော ၂၀၁၀ ဒီဇင်ဘာလ ၄ ရက်မှ စ၍ ချုပ်ရက်များကို ထောင်ဒဏ်မှ ထုတ်နှုတ်ကျခံစေကြောင်း သိရသည်။

From -ElevenMediaGroup

ဘိုလစ်ဗီးယား၊ ဗင်နီဇွဲလားနှင့် မြန်မာတို့ မူးယစ်ဆေးဝါးနှိမ်နင်းရန် ပျက်ကွက်ဟု ဝါရှင်တန်ပြောကြား

Posted by drmyochit Monday, September 17, 2012, under | No comments


(Business Recorder မှ 15 September 2012 ရက်စွဲပါ“ Bolivia Myanmar, Venezoela Failing drug wav:US” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက မြန်မာ၊ ဘိုလစ်ဗီးယားနှင့် ဗင်နီဇွဲလားနိုင်ငံများကို မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှုနှင့်ပတ်သက်သည့် နာမည်ပျက်စာရင်းတွင် ဆက်လက်ထည့်သွင်းထားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲများက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနယ်ပယ်တွင် အကူအညီရယူရန် စိတ်ဝင်စားမှုကို ပြသနေသည်ဟု သောကြာနေ့က ပြောကြားလိုက်သည်။
ဝါရှင်တန်ကသတ်မှတ်သော နာမည်ပျက်စာရင်းတွင် အဆိုပါ ၃ နိုင်ငံစလုံး ၄ နှစ်ဆက်တိုက် ပါဝင်ခဲ့ကြသည်။ သို့သော် ၂၀၀၂ ခုနှစ်မှစ၍ နာမည်ပျက်စာရင်းတွင်ပါဝင်ခဲ့သော ကမ္ဘာ့ဒုတိယ ဘိန်းအများဆုံးထုတ်လုပ်သူ မြန်မာနိုင်ငံသည် ယခုနှစ်တွင် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုတွင် သိသိသာသာ ပူးပေါင်း ပါဝင်လာခဲ့သည်ဟု သမ္မတဘားရက်အိုဘားမားအစိုးရက ထုတ်ဖော်ပြောကြားသည်။
မြန်မာအာဏာပိုင်များသည် မနှစ်ကထက်ဘိန်းစိုက်နယ်မြေ ၃ ဆပိုမို ဖျက်ဆီးပစ်ခဲ့ကြသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမှတာဝန်ရှိသူများနှင့်လည်း ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာဌာန UNODC နှင့်လည်း ထိတွေ့ဆက်ဆံဆောင်ရွက်လျက်ရှိသည်။
သို့သော်လည်း မြန်မာတို့၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြိုးပမ်းမှုသည် နိုင်ငံတကာစံနှုန်းများကို ပြည့်မှီခြင်း မရှိသေးဟု သမ္မတအိုဘားမားက ပြောကြားသည်။ သို့သော်ငြားလည်း မြန်မာအစိုးရ၏ ပြသပြီး ဆောင်ရွက်ချက်များနှင့် ဘိန်းကင်းစင်ရေးကတိကဝတ်များက အမျိုးသားရေးဘိန်းတိုက်ဖျက်သူအဖြစ် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုကယုံကြည်ရန် အကြောင်းညီညွတ်မှုရှိစေသည်ဟု ဆက်လက် ပြောကြား၍ မြန်မာ့ဘိန်းနှိမ်နှင်းမှုကို အမေရိကန်က ဆက်လက်ကူညီပံ့ပိုးမည်ဖြစ်ကြောင်း ရည်ညွှန်း ပြသခဲ့သည်။
ဝါရှင်တန်သည် ယခင်ကတပ်မတော်အစိုးရအုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံနှင့် မနှစ်ကအထိ ဘိန်းတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပေ။
ဘိုလစ်ဗီးယားနှင့် ဗင်နီဇွဲလားနှစ်န်ုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပျက်ကွက်နေသော်လည်း ယင်းတို့ကို အကူအညီ ထပ်မံပေးခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် အရေးကြီးသည်ဟု သမ္မတ အိုဘားမားက ပြောကြားသည်။
တောင်အမေရိက ဗင်နီဇွဲလားနိုင်ငံသည် ကိုလံဘီယာနှင့် နယ်စပ်ခြင်းတိုးလျှိုပေါက်နေပြီး တရားရေး စနစ်အားနည်းခြင်း၊ နိုင်ငံတကာ မူးယစ်ဆေးနှိမ်နှင်းမှုတွင် ပြတ်ပြတ်သားသားမပါဝင်ခြင်း၊ အဂတိ လိုက်စားခြင်း များကြောင့် တောင်အမေရိကန်တိုက်၏ မူးယစ်ဆေးဝါးမှောင်ခို လမ်းကြောင်းတစ်ခုဖြစ်နေသည်ဟု အိုဘားမား ကဆိုသည်။ အမေရိကန်ဆန့်ကျင်သူ လက်ဝဲယိမ်း ဟူဂိုးချာဗက်စ်အစိုးရသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို တရားဝင်အားပေးခြင်းမရှိသော်လည်း တာဝန်ရှိသူအချို့ပါဝင်ပတ်သက်နေကြောင်း ခိုင်မာသော အထောက် အထားများ ရရှိထားသည်ဟု အိုဘားမားက ပြောကြားသည်။
အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ကိုလမ်ဗီးယားနိုင်ငံမှ အောင်မြင်မှုအချို့ကို အိုဘားမား၏ အစီရင်ခံစာတွင် ချီးကျူး ထားသော်လည်း နိုင်ငံတကာမူးယစ်ဆေး နှိမ်နှင်းရေးကြိုးပမ်းမှုများတွင် မဖြစ် စလောက်သာပါဝင်ခဲ့သည်ဟု ထောက်ပြဝေဖန်ထားသည်။
မူးယစ်ဆေးဝါးစီးဆင်းမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဘိုလစ်ဗီးယားအကြီးတန်းတာဝန်ရှိသူများ ဖမ်းဆီး ခံရခြင်း ကိုလည်း သမ္မတအိုဘားမား၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။
အမေရိကန်မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒချမှတ်ရာတွင် အထောက်အကူပြုစေရန်ထုတ်ပြန်သော သမ္မတ၏ ၂၀၁၂ မူးယစ်ဆေးဝါး အစီရင်ခံစာတွင်ပါရှိသော မူးယစ်ဆေးဝါးဆိုင်ရာ နာမည်ပျက်စာရင်း၌ အာဖဂန်နစ္စတန်၊ ကိုလံဘီယာ၊ မက္ကဆီကိုတို့နှင့်အတူ မြန်မာ၊ ဗင်နီဇွဲလား၊ ဘိုလစ်ဗီးယားနိုင်ငံများ ပါဝင်နေသည်။

From -TransparencyMyanmar blog

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်