အိန္ဒိယနိုင်ငံသည် နယူးဒေလီနှင့်မွမ်ဘိုင်းမြို့တို့တွင် ဒုံးခွင်းဒုံးစနစ်ကို
ပထမအဆင့်အနေဖြင့် မကြာမီ တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးသတင်းအရင်းအမြစ်များက
ဇွန်လ ၂၄ ရက်နေ့တွင်ပြောကြားခဲ့ သည်ဟု
Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။ အဆိုပါဒုံးခွင်းဒုံးစနစ်သည်
အကွာအဝေးကီလိုမီတာ ၂၀၀၀ ကျော်မှပစ်ခတ်လိုက်သောရန်သူ၏မည်သည့်ဒုံးပျံကိုမဆိကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိပါသည်။အိန္ဒိယနိုင်ငံ၏ကာကွယ်ရေးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ျွီဥ)သည်
ရန်သူ၏ဒုံးပျံတိုက်ခိုက်ခံရနိုင်ခြေ ရှိသော အဆိုပါမြို့နှစ်မြို့ကိုရွေးချယ်ခဲ့သည့်အတွက်ကြောင့်
၎င်းမြို့တို့သည် ပထမအဆင့်အနေဖြင့် အဆိုပါ ဒုံးခွင်းဒုံးစနစ်ကို လက်ခံရရှိမည်ဖြစ်ပါသည်။
အိန္ဒိယအစိုးရအဖွဲ့၏လုံခြုံရေးကော်မတီသည် ၎င်းဒုံးခွင်းဒုံးစနစ် အား အဆိုပါမြို့ကြီး ၂
မြို့တွင်တပ်ဖြန့်ချထားခြင်းမပြုမီ နောက်ဆုံးအတည်ပြုချက်ကို မကြာမီပေးသွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားနှင့် တောင်ပိုင်း
ဘန်ဂလိုနှင့် ချင်းနိုင်ကဲ့သို့သောမြို့ကြီးများတွင် တပ်ဖြန့်ချထားသွားမည်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံသည် အဆိုပါဒုံးခွင်းဒုံးစနစ်ကို အစောပိုင်းကအောင်မြင်စွာစမ်းသပ်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းနှင့်
၂၀၁၆ ခုနှစ်တွင် ကီလိုမီတာ ၅၀၀၀ ကျော်အထိ အကွာအဝေးကို တိုးမြှင့်သွားရန်စီစဉ်ထားကြောင်းသိရှိရပါသည်။
Chinaview (၂၄-၆-၂၀၁၂)
0 comments:
Post a Comment