အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများသို့
လေကြောင်းအကူအညီနှင့် ထောက်ပံ့ရေးလုပ်ငန်းဆိုင်ရာ
စွမ်းရည်မြင့်မားစေရန်ရည်ရွယ်လျက်
ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်းတစ်ခုအား ဇွန်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ကြောင်း အင်ဒိုနီးရှားလေတပ်
၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းအား
Cope West ဟု အမည်ဝှက်ပေးထားပြီး ဇွန်လ ၂၉
ရက်နေ့တွင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းလေ့ကျင့်ခန်းတွင် ဖိလစ်ပိုင် စစ်သည် ၈၀ နှင့် အမေရိကန်စစ်သည် ၄၀ ပါဝင်ကြောင်း
Halim Perdanakusumah လေတပ်စခန်းမှ ဗိုလ်မှူးကြီး Ardhi Tjahjoko က ပြောကြားခဲ့ပါသည်။
0 comments:
Post a Comment