Tuesday, August 07, 2012

ဆိုမာလီယာနိုင်ငံ၌ အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီးပျက်ကျခဲ့ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments

Press TV.com;Aug-5(Sun)
ဆိုမာလီယာ နိုင်ငံမြောက်ပိုင်း Bosaso မြို့အနီး Galgala တောင်တန်း အနီး၌ အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးပျက်ကျ ခဲ့ကြောင်း Press TV  သတင်း ဌာနမှ ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် သည် သြဂုတ်လ ၄ ရက်နေ့တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ဆိုမာလီယာ အဆင့်မြင့် အရာရှိတစ် ဦးဖြစ်သူ Sheikh Muhammad Talal Daahir က Press TV သတင်း ဌာနသို့ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် ပျက်ကျပြီးနောက် အခြားမောင်း သူမဲ့လေယာဉ် တစ်စီးသည် ဒုံးပျံအချို့ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ ခြင်းကြောင့် ဒေသတွင်းရှိ အယ်လ်ရှာ ဘတ်တပ်ဖွဲ့ဝင် ၁၃ ဦးသေ ဆုံးခဲ့ကြောင်း Daahir က ဆက်လက် ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် ဆိုမာလီ ယာနိုင်ငံ၌ Kamikaze အမည်ရှိ မောင်းသူမဲ့ လေယာဉ် သစ်တစ် မျိုးအား အသုံးပြု လျက်ရှိပြီး ၄င်းလေယာဉ် များ၌ ဒုံးပျံများ တပ်ဆင်ထားကာ ထောက်လှမ်းရေးနှင့် ကင်းထောက် လေယာဉ်များ အဖြစ် အသုံးပြု လျက်ရှိပါသည်။
အမေရိကန် နိုင်ငံသည် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ယီမင်နှင့် ဆိုမာလီယာ နိုင်ငံတို့ ကဲ့သို့သော နိုင်ငံများ၌ လျှို့ဝှက် စစ်ဆင်မှု များတွင် မောင်းသူမဲ့ လေယာဉ် များအား တိုးမြှင့် အသုံးပြု လျက်ရှိကြောင်း သိရှိရ ပါသည်။ စစ်သွေး ကြများကိုသာ လေကြောင်းမှ အဓိကထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံမှ အခိုင်အမာ ပြောကြား လျက်ရှိသော်လည်း အရပ်သား များသည် ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှု၏ အဓိက သားကောင်များ အဖြစ်ရောက်ရှိ လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များမှ ပြောကြား လျက်ရှိပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် ပါကစ္စတန် နိုင်ငံနှင့် အခြားနိုင်ငံ များတွင် မောင်းသူမဲ့ လေယာဉ်များ ကိုအသုံးပြုလျက် ရှိကြောင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့ပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်