Tuesday, August 07, 2012

အီရန်နိုင်ငံ ၏စစ်ရေးကြီး ထွားလာမှုကို ဗြိတိန်မှ စိုးရိမ်လာခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments

Press TV.com;Aug-6(Mon)

            အီရန်နိုင်ငံ ၏တာတို ပစ်ပဲ့ထိန်းဒုံးအား ထပ်မံမွမ်းမံ ၍အောင်မြင် စွာစမ်းသပ် မှုပြုလုပ်ပြီး နောက် ဗြိတိန် နိုင်ငံအ နေဖြင့် အီရန်နိုင်ငံ ၏စစ်ရေး ကြီးထွား လာမှုကို စိုးရိမ်ပူ ပန်ကြောင်း ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံသည် သြဂုတ်လ ၄ ရက်နေ့တွင် ပြည်တွင်းလုပ် စတုတ္ထမျိုး ဆက်သစ် Fateh 110  တိကျသည့် ပဲ့ထိန်းဒုံးအား အောင်မြင် စွာစမ်းသပ် ပစ်ခတ် နိုင်ခဲ့သည်။ အီရန်နိုင်ငံ ၏စစ်ရေး စွမ်းရည်တိုး မြှင့်မှုတစ်စိတ် တစ်ပိုင်းအ ဖြစ်အီရန် ကျွမ်းကျင်ပ ညာရှင် များက အကွာအ ဝေးကီလိုမီတာ ၃ဝဝ ပစ်ခတ် နိုင်သည့် နောက်ဆုံးပေါ် Surface to Surface Missile ကိုတည်ဆောက် ထုတ်လုပ်နိုင် ခဲ့သည်။ ၄င်းဒုံး ကျည်အား ကာကွယ် ရေးဝန် ကြီးဌာန ဒုံးကျည် တည်ဆောက် မှု စက်မှုနည်း ပညာအ စီအစဉ်မှ အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီး Ahmad Vahid  က ပြောကြားခဲ့ပါသည်။

            အီရန် နိုင်ငံသည် ဒုံးပျံနည်း ပညာကို ကျွမ်းကျင်ပိုင် နိုင်စွာဖြင့် အကွာအဝေး တိုးချဲ့ရန် ရည်ရွယ်၍ ဆက်လက် ထုတ်လုပ် နေမှုအား ဗြိတိန် နိုင်ငံခြား ရေးဝန် ကြီးဌာနမှ စိုးရိမ်ပူ ပန်လျက်ရှိ ကြောင်းပြော ကြားခဲ့ပါသည်။   ၄င်းအပြင် အီရန်၏  Missile စမ်းသပ် ခဲ့မှုကို ကြည့်ခြင်း အားဖြင့် အီရန် ၏နျူကလီး ယားအစီ အစဉ်သည် စစ်ရေး ဘက်တွင် အသုံးပြုရန် ရည်ရွယ် လျက်ရှိကြောင်း ဗြိတိန် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အခိုင်အမာ ပြောကြားခဲ့ ပါသည်။ နိုင်ငံတကာ အဏုမြူ အေဂျင်စီ၏ သမိုင်း တစ်လျှောက်တွင် အီရန် နိုင်ငံသည် အခြားနိုင် ငံများအား IAEA နှင့် ပိုမို ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း၊ IAEA  မှအကြိမ်ကြိမ် စိုးရိမ်ခဲ့ သော်လည်း နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းရေး အတွက် သာရည်ရွယ်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
            နျူကလီးယား လက်နက်များ ပိုင်ဆိုင်သည့် နိုင်ငံများ တွင်တစ်နိုင်ငံ အပါအဝင် ဖြစ်သည့် ဗြိတိန် နိုင်ငံသည် နျူကလီး ယား မပြန့်ပွား ရေးစာချုပ်ကို ဖောက်ဖျက်ကာ ၄င်း၏နျူက လီးယားလက် နက်များကို ခေတ်မီအောင် တိုးတက်မွမ်းမံ လျက်ရှိကြောင်း၊ ဗြိတိန် နိုင်ငံအ နေဖြင့် ပြည်သူများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကို အာမခံချက် ပေးသင့်ကြောင်း အီရန်သံ အမတ် Ali Asghar Soltanieh က IAEA သို့ ယခုနှစ် အစောပိုင်းတွင်  ပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်