နေပြည်တော်တွင် နိုင်ငံတကာ လုပ်ငန်းရှင်အင်အား ၅၀၀ ကျော် တက်ရောက်မည့်
ညီလာခံအားစက် တင်ဘာ တွင်ကျင်း ပရန်စီစဉ်နေကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှသိရှိရသည်။
အဆိုပါညီလာခံအတွက် နေ ပြည်တော်ရှိဟိုတယ်များအား အ ဆင့်မြှင့်တင်မှုများကြိုတင်ပြုလပ် ထားရန် ၀န်ကြီးဌာနမှ ဒုတိယ၀န် ကြီး ဦးဌေးအောင်နှင့်နေပြည်တော် ရှိ ဟိုတယ်လုပ်ငန်းရှင် ၃ ဦးတို့တွေ့ ဆုံမှုများပြုလုပ်ခဲ့ကြောင်းသိရှိရ သည်။

ယခုလက်ရှိတွင်
နေပြည်တော် သို့လာရောက်မှုတွင် Business Visa ဖြင့်သာ ၀င်ရောက်သူများပြား နေပြီး
ဟိုတယ် များမှလည်း Business ခရီးသွားဧည့်သည်များအ တွက်လိုအပ်သည့် ၀န်ဆောင်မှုအ
ခြေအနေများအားအကောင်အထည် ဖော်ဆောင်ပြီး ၀န်ကြီး ဌာနနှင့်ပူးပေါင်းလုပ်ကိုင်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ယခုကဲ့သို့ ဧည့်သည်ဝင်ရောက် မှုများပြားလာသဖြင့် ဟိုတယ်များ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ဆောင် ရွက်ထား သင့်ကြောင်း ၊CCTVကင်မရာများလည်းတပ်ဆင်ထားသင့်ကြောင်းဒုဝန်ကြီးကပြောကြားခဲ့သည်။
“အခုကျွန်တော်တို့ဟိုတယ်မှာ ကိုကြိုးမဲ့စနစ်နဲ့တပ်ဆင်ဖို့ စီစဉ်နေပါတယ်”” ဟု skypalace မှ တာဝန်ရှိ သူတစ်ဦး ကဆိုသည်။ ယင်းကဆက်လက်၍ပြောကြားရာ တွင် “အခုတည်ဆောက်ဆဲဟို တယ်တွေပြီးစီးဖို့ ကိုယ့်ဟိုတယ်ရဲ့ တည်းခို နိုင်မယ့် ပမာ ဏရှိမှုဒါတွေ ကိုဆွေးနွေးခဲ့ကြတယ်”” ဟု ပြော သည်။

Myanmar Express
0 comments:
Post a Comment