From : ကနေဒါမှမေခလာကမ္ဘာ့အလည်တွင်
ရွှေနိုင်ငံဟူသည် ပြိုင်စံရှား တစ်ခုတည်းသောတိုင်းပြည်ဖြစ်သည်။
ယင်းတိုင်းပြည်သည် အလွန်အင်မတန်မှသံယံ ဇာတ ပေါကြွယ်ဝလှသည့်အပြင်
မျိုးမြင့်မြတ်သော ပညာတတ်လူတန်းစားများ အများစုနေထိုင်ကြသည်။ ၂၁ ရာစုအထိ
သိပ္ပံပညာရှင်ပေါင်းများစွာ၊ အသိပညာရှင်ပေါင်းများစွာ၊
နိုဘယ်လ်ဆုရှင်များစွာ၊ သမိုင်းပညာရှင်များစွာတို့ 
အပြင် လူမျိုးစုနှင့်ယဉ်ကျေးမှု့ ဆိုင်ရာသရုပ်ခွဲပညာတွင်လည်း သူမတူအောင်
ထူးချွန်သူများအား မွေးထုတ်ပြီးဖြစ်လေသည်။
ထို့ ကြောင့်နိုင်ငံတကာမှပင် အလွန်လေးစားအားကျအတုယူနေရသည်။ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ် စသည် စသည်တို့ သည် လည်းပြိုင်စံရှား အထူးကောင်းမွန်လှသည့် အပြင် လူတစ်ဦးချင်းစီ၏စည်းကမ်း၊ လူ့ ဘောင်အသိုက်အ၀န်းအားအကျိုးပြု မှု၊ ဘာသာ တရား ကိုင်းရှိုင်းမှုတို့ မှာလည်း စံနမူနာယူစရာအတိပင်ဖြစ်သည်။
ယင်းကဲ့သို့ ပြည့်စုံကောင်းမွန်လှသော တိုင်းပြည်သို့ လာရောက်လည်ပတ်ချင်သူ၊ လာရောက်အခြေချနေထိုင်လိုသူများ စွာတို့ သည် ယင်းနိုင်ငံသို့ ရောက်ရှိအခြေချရန်အစဉ်မျှော် လင့် ကြိုးစားလျက်ရှိကြသည်။ သိုသော်ဗီဇာစနစ် စည်းကမ်းတင်းကြပ်ပြီး လုံခြုံ ရေးစနစ်အားကောင်းလွန်းေ သာကြောင့်
အနည်းငယ်မျှချမ်းသာရုံ၊ ပညာတတ်ရုံဖြင့် ယင်းတိုင်းပြည်သို
့ခြေမချနိုင်ပေ။ ဤသို့ သောအခြေအနေတွင် ယင်းတိုင်းပြည်သို့ အလုံးအရင်း
နှင့် ၀င်ရောက်လာနိုင်သောသူများရှိလာ ခဲ့သည်။ ယင်းတို့ လူမျိုးတို
့သည်အ လွန်တရာမှဆင်းရဲနုံ့ ချာပြီး ပညာမဲ့ ဥစ္စာမဲ့ အရုပ်ဆိုးအကျည်းတန်
လူတန်းစားများဖြစ်ကြသည်။ ထိုလူတန်းစားမျိုးကို ရိုဟင်ဂျာဟု အမည် တွင်သည်။
ယင်းလူမျိုးတို့ သည် သူတို့ ၏ပင်ကိုယ်အရည်အချင်းကြိုးစားမှုကြောင့်မဟုတ်ဘဲ ရွှေနိုင်ငံ၏ သနားကြင်နာတတ်သော၊ ဖေးမှ ကူညီတတ်သော ရွှေလူမျိုးတို့ သည် နယ်စပ်မှဝင်ခွင့်ပေးခဲ့ခြင်ြး ဖစ်သည်။
ယင်းရိုဟင်ဂျာလူမျိုးတို့ အခြေချခွင့်သည် ၂၀ ရာစုတွင် ပိုမိုလာသည်။
အဘယ်ကြောင့်ဆိုသော် ယင်းတို့ နေထိုင်ခွင့်ရကြသော ပြည်နယ်သည်
အင်မတန်မှသံယံဇတပေါကြွယ်ဝသည့်အြ ပင်၊ တရားမျှတသောအုပ်ချုပ်ရေးစနစ်
နှင့် ကမ္ဘာ့ခေတ်အမှီဆုံးခေတ်ပေါ် ဆက်သွယ်ရေး နည်းပညာများဖြင့်
ပြည်နယ်အတွင်း နေထိုင်ကျသူများကို ထောက်ပံ့ပေးထားပြီး နေချင့်စဖွယ်
ဖြစ်နေသောကြောင့်ဖြစ်သည်။ ယင်းပြည်နယ်တွင် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား အပြင်
ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် အဆင့်မြင့်စိုက်ပျိုးရေးထုတ်ကု န်များအပြင်
နည်းပညာမြင့် မော်တော် ယာဉ်များ၊ လေယာဉ်ပျံများနှင့် အီလက်ထရောနစ်ပစ္စည်း
ထုတ်ကုန်တို့ မှာ စုံလင်လှသည်။ ထို့ ကြောင့်ယင်းပြည်နယ်ရှိ
ရွှေရခိုင်ဟုခေါ်တွင်သော မျိုးမြင့်မြတ်သော၊ လှပတင့်တယ်ပြီး
ပညာတတ်ရည်မွန်သော သူများသည် ရွှေကိုမြေလိုသုံး၊ ငွေကို ရေလိုသုံးနိုင်ကြသည်။
ရိုဟင်ဂျာများသည် ရွှေရခိုင်လူမျိုးတို့ အား အလွန်အမင်း မနာလိုစိတ်ရှိနေကြသည်။ သူတို့ ကဲ့သို့ ရွှေပန်းကန်များ၊ ရွှေခွက်များဖြင့် စားတော်ပွဲတွင် ရွှင်ပြလိုကြသည်။ ယင်းသို့ သောအခြေအနေများက ငတ်ပြတ်စုတ်ပြတ်နေသော ရိုဟင်ဂျာများကို ယင်း ပြည်နယ်တွင် အခြေချနေထိုင်လိုစိတ်ပြင်းပြနြေ ခင်းဖြစ်သည်။
ရွှေနိုင်ငံမှ ရွှေလူမျိုးတို့ သည် ယင်းရိုဟင်ဂျာများကို သနား သောအားဖြင့်
နယ်စပ်ဂိတ်ပင်မထား၊ နိုင်ငံသားစိစစ်ရေးကဒ်ပင်မလို
ဧည့်စာရင်းဆိုသည်ကိုကြားဖူးသူဟူ ၍မရှိလောက်အောင်
နေထိုင် သွားလာခွင့်ပြုပေးခဲ့ကြသည်။
နေအိမ်မရှိသောရိုဟင်ဂျာများကို နေထိုင်စရာများစီစဉ်ပေးခြင်း၊ ပညာသင်ကြားပေးခြင်း၊ အစာရေစာထောက်ပံခြင်း၊ သာသနာပြုခွင့်ပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို အလုပ်အကိုင်ဖန်တီးပေးခြင်းစသည်ြ ဖင့် ယင်းတို့ ဘ၀တွင် လူဖြစ်ရကျိုးနပ်အောင်ပင် လူသားခြင်းစာနာသောစိတ်အပြည့်ြ ဖင့်
ကူညီပေးနေခဲ့သည်။ ဤသို့ နေထိုင်လာခဲ့ကြရာ ၂၁ရာစု အရောက် ၂၀၁၂ တွင်
ရွှေလူမျိုးတို့ သည် ဆိုးသွမ်းရမ်းကားလာသော ရိုဟင်ဂျာလူမျိုးတို
့ကိုမဟာဗျူဟာကျကျ နှင်ထုတ်ရန် ဖြစ်လာ ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်
ရွှေနိုင်ငံတွင် မည်သည့်ရွှေလူမျိုးမှ မကျူးလွန်ဖူးသော မုဒိမ်းမှုကို
ရိုဟင်ဂျာ (၃)ဦးတို့ က ဆန်းသစ်တီထွင်စွာ ကနဦး ကျူးလွန်မိကြခြင်းဖြစ်သည်။
မည်သို့ မှသည်းမခံနိုင်သော ရွှေလူမျိုးတို့ သည် အမျက်ဒေါသ ချောင်း ချောင်း
ထွက်လျက် ရွှေရခိုင် ပြည်နယ်သို့ လာရောက်သော ရွှေနိုင်ငံ၏
အခြားမြို့များဖြစ်သော တောင်တွင်းကြီး၊မြောင်းမြ တို့ မှ (၁၀)
ဦးပါဝင်သော(ရိုဟင်ဂျာတစ်ဦးမျှ ပင်မပါသော) ရွှေနိုင်ငံဖွား မွတ်စလင်တရားဟောအဖွဲ့  အားအုပ်စုလိုက် ညင်သာစွာ သုတ် သင်လိုက်ကြသည်။
ပြစ်မှုကျူးလွန်သော တရားခံ (၃)ဦးအနက် ပြစ်မှု့ထင်ရှားသော ထက်ထက်ဆိုသူမှာ ရွှေနိုင်ငံ၏ ထောင်တွင်း၌ပင်မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထောင်တွင်း၌ မိမိကိုယ်ကိုအဆုံးစီရင်ရန် လွယ်ကူလောက်အောင် အထောက်အပံ့များ ရှိသည် မရှိသည်ဆိုသည်မှာ ယင်းရွှေနိုင်ငံ၏တာဝန်ရှိသူများ သာသိခွင့်ရကြမည်။
အကြမ်းဖက်သမားဘင်လာဒင်ကဲ့သို့  ဆိုးသွမ်း ယုတ်မာသော ထက်ထက်ဆိုသည်ကိုလည်း
သေသောအခါ မည်သူမျှအလောင်းမတွေ့ ရှိနိုင်တော့ပေ။ ရက်စက်ကြမ်းကြုတ်သော
ယင်းထက်ထက်ဆိုသည်ကို မည်သည့် ပြည်ပမီဒီယာမှမြင်တွေ့ ဖူးလိုက်ခြင်းမရှိပေ။ အဓိကဇာတ်ကောင်သည် ဤမျှနှင့်ပင် နိဂုံးချူပ်လေသည်။
ကျန်တရားခံနှစ်ဦးမှာ လည်းမီဒီယာရှေ့ တွင်ပေါ်ထွန်းလာပြီးမကြာမှီေ သဒဏ်ဖြင့်ဇီဝိန်ချူပ်လေသည်။
မွတ်စလင်(၁၀)ဦးအား ရွှေလူမျိုးများက ဒေါသအလျောက် ညင်သာစွာ
ဆုံးမလိုက်သူများမှာတော့ ယနေ့ ရွှေနိုင်ငံမီဒီယာများတွင်
ပျောက်ခြင်းမလှပျောက်ကွယ်နေေ လသည်။ ယင်းနှင့်တစ်ဆက်တည်း ဆက်သွယ်ရေးနည်းစနစ် လွန်စွာကောင်းမွန်ပြီး အင်တာ နက်စနစ်မြန်ဆန်သောရွှေနိုင် ငံ၏ အင်တာနက်စာမျက်နှာများတွင်လည်း ယင်းရိုဟင်ဂျာများနှင့်ပတ်သက်ြ ပီး ရွှေလူမျိုးတို့ သိမ်မွေ့ စွာဆဲဆိုသံများ၊ ဘာသာတရားကို စော်ကားသောအဆင့်မြင့်လုပ်ကွက်များ၊ မဟာဗျူဟာကျကျပူပေါင်းပါဝင်သူများဖြင့်စည် ကားလျက်ရှိကြသည်။
ကမ္ဘာ့အင်တာနက်စာမျက်နှာများတွင် လည်း ရွှေနိုင်ငံမှတရားဝင် အမှန်အကန်မထွက်လာသော အချက်အလက်များကြောင့် အကြံအဖန်အချက်အလက်များသာကြီးစိုးလာပြီး
ကြိမ်းသူကကြိမ်း၊ ဆဲသူကဆဲ၊ စိန်ခေါ်သူကစိန်ခေါ်နေကြလေပြီ။ ထို့ ပြင်
ငတ်ပြတ် မွဲခြောက်နေကျသောကမ္ဘာ့ မီဒီယာများသည်လည်း အလွန်ကြွယ်ဝချမ်းသာသော
ရိုဟင်ဂျာများ၏ လာဘ်ပေးမှု ကိုရယူကာ ဘက်လိုက်ရေးနေကြလေသည်။ ရွှေတိုင်းပြည်၏
ရွှေလူမျိုးတို့ ၏ သိက္ခာဂုဏ်သတင်းကာ ကမ္ဘာ့အလည် တွင်မွေးပျံ့ ကျော်ဇော
လျက်ရှိသည်။ ရွှေတိုင်းပြည်သည် မေတ္တာတရားကြီးစိုးအခြေခံနေကြသူ များဖြစ်သဖြင့် ကမ္ဘာ့လူဦးရေ အတော်အများ ကပင်တန်ပြန်မေတ္တာဖြင့် ချစ်ခင်မပျက်ရှိနေကြသည်။
မကြာမှီကပင် 7day news ဟုခေါ်တွင်သော ရွှေမီဒီယာသည် အမည်၊
မှတ်ပုံတင်နံပါတ် နှင့် နေရပ်ဒေသ အပြည့်အစုံဖြင့်ကမ္ဘာ့အလည် မီဒီယာတွင်
သတင်းထွက်ပြီးသော ညင်သာစွာ ဆုံးမသုတ် သင်ခံလိုက်ရသူ ရွှေနိုင်ငံဖွား
မွတ်စလင်(၁၀)ဦးကို အိန္ဒိယနိုင်ငံတောင်ပိုင်းကဟု
မီဒီယာတွင်ပါဝင်စေခဲ့ခြင်းအာြး ဖင့် ရွှေနိုင်ငံ၏ ရွှေမီဒီယာများကို
ကမ္ဘာကမည်သို့ တုန့် ပြန်မည်ဆိုသည်မှာ နှင့် ရွှေလူမျိုးတို့ ၏ရိုဟင်ဂျာ
နှင်ထုတ်သုတ်သင်ရေးဗျူဟာသည် စောင့်ကြည့်ရမည့်
ကိုရီးယားဇာတ်လမ်းတွဲပင်ဖြစ်သည် ။
ထို့ ကြောင့်နိုင်ငံတကာမှပင် အလွန်လေးစားအားကျအတုယူနေရသည်။ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ် စသည် စသည်တို့ သည် လည်းပြိုင်စံရှား အထူးကောင်းမွန်လှသည့် အပြင် လူတစ်ဦးချင်းစီ၏စည်းကမ်း၊ လူ့ ဘောင်အသိုက်အ၀န်းအားအကျိုးပြု
ယင်းကဲ့သို့ ပြည့်စုံကောင်းမွန်လှသော တိုင်းပြည်သို့ လာရောက်လည်ပတ်ချင်သူ၊ လာရောက်အခြေချနေထိုင်လိုသူများ
ယင်းလူမျိုးတို့ သည် သူတို့ ၏ပင်ကိုယ်အရည်အချင်းကြိုးစားမှ
ရိုဟင်ဂျာများသည် ရွှေရခိုင်လူမျိုးတို့ အား အလွန်အမင်း မနာလိုစိတ်ရှိနေကြသည်။ သူတို့ ကဲ့သို့ ရွှေပန်းကန်များ၊ ရွှေခွက်များဖြင့် စားတော်ပွဲတွင် ရွှင်ပြလိုကြသည်။ ယင်းသို့ သောအခြေအနေများက ငတ်ပြတ်စုတ်ပြတ်နေသော ရိုဟင်ဂျာများကို ယင်း ပြည်နယ်တွင် အခြေချနေထိုင်လိုစိတ်ပြင်းပြနြေ
နေထိုင် သွားလာခွင့်ပြုပေးခဲ့ကြသည်။
နေအိမ်မရှိသောရိုဟင်ဂျာများကို နေထိုင်စရာများစီစဉ်ပေးခြင်း၊ ပညာသင်ကြားပေးခြင်း၊ အစာရေစာထောက်ပံခြင်း၊ သာသနာပြုခွင့်ပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို အလုပ်အကိုင်ဖန်တီးပေးခြင်းစသည်ြ
ပြစ်မှုကျူးလွန်သော တရားခံ (၃)ဦးအနက် ပြစ်မှု့ထင်ရှားသော ထက်ထက်ဆိုသူမှာ ရွှေနိုင်ငံ၏ ထောင်တွင်း၌ပင်မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထောင်တွင်း၌ မိမိကိုယ်ကိုအဆုံးစီရင်ရန် လွယ်ကူလောက်အောင် အထောက်အပံ့များ ရှိသည် မရှိသည်ဆိုသည်မှာ ယင်းရွှေနိုင်ငံ၏တာဝန်ရှိသူများ
ယင်းထက်ထက်ဆိုသည်ကို မည်သည့် ပြည်ပမီဒီယာမှမြင်တွေ့ ဖူးလိုက်ခြင်းမရှိပေ။ အဓိကဇာတ်ကောင်သည် ဤမျှနှင့်ပင် နိဂုံးချူပ်လေသည်။
ကျန်တရားခံနှစ်ဦးမှာ လည်းမီဒီယာရှေ့ တွင်ပေါ်ထွန်းလာပြီးမကြာမှီေ
ကမ္ဘာ့အင်တာနက်စာမျက်နှာများတွင်
လျက်ရှိသည်။ ရွှေတိုင်းပြည်သည် မေတ္တာတရားကြီးစိုးအခြေခံနေကြသူ
0 comments:
Post a Comment