ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း
ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း
ရရှိသည်။သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ ဦး ကျော်မောင်ချေ(၆၄) နှစ်ဖြစ် သည်။ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြော သည်။
“
ဒဏ်ရာက ဦးခေါင်းမှာတချက်ရှိတယ်။ ကျောကုန်းမှာလည်းဒဏ်ရာတွေ ရှိတယ်။
လည်ပင်းကိုလည်း ဓါးနဲ့ လှီးထား တာတွေ့ရပါတယ်။ ဒဏ်ရာတွေက ဓါးခုတ်ရာတွေပါ” ဟု
သွားရောက်ကြည့်ရှုခဲ့သူ မြို့ခံတဦးက ပြောသည်။
ယခုအခါ ကျောက်တော်မြို့ ရဲစခန်းမှ အမှုနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နြေ ပီး
ယနေ့ နံနက်က အခင်းဖြစ် ပွားနေ ရာအနီးတွင် ဓါးနှင့် တွေ့ရသည့် ကျောက်တော်
ပိုက်သည်ရပ်မှ ဘင်္ဂလီ နှစ်ဦးကို ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
ဦးကျော်မောင်ချေမှာ ဇနီးဖြစ်သူနှင့်အတူ သားသမီး ၇ ဦးကျန်ခဲ့ကြောင်း သိရသည်။
ဦးကျော်မောင်ချေသတ်ဖြတ်ခံရသဖြင့်
ကျောက်တော်မြို့ အခြေအနေမှာ ပြန်လည် တင်းမာနေပြီး အခြေအနေမှာ ပြန်လည်
ဆိုးရွားလာနိုင်သော အခြေအနေတွင် ရှိနေကြောင်း သိရသည်။ကျောက်တော်မြို့နယ်တွင်
ညမထွက်ရအမိန့်ထုတ်ထားပြီး လုံခြုံရေး တင်းကျပ်ထား ထားသော် လည်း ယခု
လုပ်ရပ် အပေါ် ရခိုင်အမျိုးသားများက လုံးဝ မကျေမနပ် ဖြစ်နေကြကြောင်း
သိရသည်။ကျောက်တော်မြို့နယ်တွင် အကျင့်ပျက် စစ်သားများက
ပိုက်ဆံယူပြီး ဘင်္ဂလီတဦးကို စစ်ယူ နီဖောင်း ၀တ်ပြီး သူတို့နှင့်အတူ
ယမန်နေ့ နံက်နက်ပိုင်းက ဈေးလာဝယ် သည့် အတွက် ကျောက်တော်မြို့တွင်
ရုတ်ရုတ် သဲသဲ ဖြစ်ပေါ် ခဲ့ကြောင်း မြို့ခံများကပြောသည်။
0 comments:
Post a Comment