Monday, September 17, 2012

တရုတ်နဲ့ ဂျပန်ကြား စစ်ဖြစ်နိုင်လို့ အမေရိကန်ပြော

Posted by drmyochit Monday, September 17, 2012, under | No comments



တောင်တရုတ်နဲ့ ​အရှေ့တရုတ်ပင် လယ်ပြင်မှာ ​တရုတ်နဲ့ ​ဂျပန်နှစ်နိုင်ငံကြား ပိုင်ဆိုင်မူ ​ဆက်လက် အငြင်းပွား နေကြမယ် ဆိုရင် ​နှစ်နိုင်ငံကြား ​စစ်တောင်ဖြစ်လာနိုင် တယ်လို့ ​အမေရိကန်ကာကွယ်ရေးဝန်ကြီးက ​သတိပေး လိုက်ပါတယ်။


ဂျပန်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြသူ တရုတ်နိုင်ငံသားများ 

တောင်တရုတ်နဲ့ ​အရှေ့တရုတ်ပင်လယ်ပြင်က ​ကျွန်းတွေကို ​တရုတ်နဲ့ ​ ဂျပန်တို့က ​ပိုင်ဆိုင်မူ ​အငြင်းပွားနေပြီး ​နှစ်ဖက်စလုံးက ​တဦးပေါ်တဦး ရန်စတဲ့အပြုအမူတွေ ​လုပ်နေတဲ့အတွက် ​စစ်ဖြစ်နိုင်ပြီး ​တခြားနိုင်ငံတွေပါ ပါဝင်လာတဲ့အထိ ​ပြဿနာရှိနိုင်တယ်လို့ ​အမေရိကန်ကာကွယ်ရေးဝန်ကြီး ​Leon ​Panetta ​က  ပြောသွားတာ ဖြစ်ပါတယ်။

ပိုင်ဆိုင်မူအငြင်းပွားနေတဲ့
ကျွန်းကို ​ဂျပန်က ​ဝယ်ယူမယ်လို့ပြောပြီးနောက် ဂျပန်ကို ​ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံမှာ ​ရက်ဆက်ဆိုသလို ​ဆန့်ကျင် ဆန္ဒပြမူတွေ ​လုပ်နေပါတယ်။

ဂျပန်ကို
ဆန့်ကျင်တဲ့ဆန္ဒပြမူတွေ ​တရုတ်နိုင်ငံတလွှားမှာ ​ဖြစ်နေတဲ့အတွက် ​တရုတ်နိုင်ငံတွင်းရှိ ဂျပန်နိုင်ငံသား တွေနဲ့ ​ဂျပန်စီးပွားရေးတွေကို ​လုံခြုံရေးအပြည့် အဝပေးဖို့ ​ဂျပန်အစိုးရက ​တရုတ်အစိုးရကို ​ပြောလိုက်ပြီးနောက် ​အမေရိကန်နိုင်ငံက ခုလို ​သတိပေးချက်တွေ ​ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြို့ကြီး
၈၀ ​ကျော်က ​ဆန္ဒပြတရုတ်ပြည်သူတွေက ​ဂျပန်လူမျိုးတွေ ​ဂျပန်နိုင်ငံကို ပြန်ဖို့ ​ပြောဆိုနေပြီး ​စနေနေ့ တုန်းက ​ဂျပန်သံရုံးကို ​ကျောက်တွေ၊ ​ရေဗူးတွေ၊ ​ကြက်ဥတွေနဲ့ ​ပစ်ပေါက်ပြီးနောက် ​လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။

တချို့မြို့တွေမှာတော့
ဂျပန်နိုင်ငံနဲ့ ​ဆက်စပ်မူရှိတဲ့ ​ဈေးဆိုင်ကို ​ဝင်ရောက် လုယူမူတွေနဲ့  ကားရောင်းဝယ်ရေး ဌာနတခုကို ​မီးရှို့ဖျက်ဆီးမူတွေ ​လုပ် ခဲ့ကြောင်းလဲ ​သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်