မောင်တော
ဆူပူ အကြမ်းဘက်မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့်
ဒေါက်တာထွန်းအောင်(ခ) နူရာဟတ်အား ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလှဲလှယ်မှု
စည်းမျဉ်းသတ်မှတ်ရေး အက်ဥပဒေပုဒ်မ -၂၄ (၁) ကိုကျူးလွန်ကြောင်း ၀န်ခံသဖြင့်
အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ကျခံစေရန် သြဂုတ်လ (၃၀) ရက်နေ့က စစ်တွေ
ခရိုင်တရားရုံးမှ အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
နူရာဟတ်(ခ) ထွန်းအောင်အား ပြစ်မှုပုဒ်မ -၁၅၃-က / ၅၀၅ (ဂ) /၁၄၈
ဖြင့်၎င်း၊ ကြိုးမဲ့ကြေးနန်း ၆(၁) ဖြင့်၎င်း၊ နိုင်ငံခြားငွေ -၂၄(၁)
ဖြင့်၎င်း၊ပြစ်မှုပုဒ်မ -၄၆၈ /၄၂၀ ဖြင့်၎င်း၊ အရေးပေါ် စီမံမှု -၅ (ည)
ဖြင့်၎င်း အမှုငါးမှုဖြင့် စွဲချတင်စစ်ဆေးလျက်ရှိရာ နိုင်ငံခြားငွေ
အမှုတစ်ခုကိုသာ အပြီးသတ်စီရင် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment