Wednesday, October 17, 2012

ကချင်အစိုးရက တရားစွဲသည့်အမှုတနိုင်းနှင့် မြစ်ကြီးနား၌ စစ်ဆေးတော့မည်

Posted by drmyochit Wednesday, October 17, 2012, under | No comments



ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ တရား စွဲဆို ထားသော ပြည်သူ့ လုပ်သား သတင်းစဉ် ဂျာနယ် အမှု့အား အောက်တို ဘာ(၁၈) ရက်နေ့၌ တနိုင်းမြို့တရားရုံးနှင့်အောက်တိုဘာ (၂၂)ရက်နေ့တွင် မြစ်ကြီးနား မြို့နယ် တရား ရုံး တို့၌ အမှုစတင် စစ်ဆေးတော့ မည်ဖြစ်သည်။




တနိုင်း စက်လှေ အသင်းနှင့် ပတ်သက်၍ ပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် တရား စွဲဆို ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရ အဖွဲ့အား ဂုဏ် သိက္ခာ ကျဆင်းစေ မှုနှင့် ပတ်သက် ၍မြစ်ကြီး နားမြို့နယ် တရားရုံး ချုပ်၌ တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ လုပ်သား သတင်းစဉ် ဂျာနယ်မှ ဒေါက်တာ သန်းထိုက်ဦး၊ ဒေါ်ကြေးမုံ၊ ဦးဟိန်းထက်အောင်၊ ရှမ်းမောမြေ တို့အား တရားစွဲဆို ထားခြင်းဖြစ်သည်။


ကချင်ပြည်နယ် အစိုးရ အနေဖြင့် ပြည်သူ့ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ထုတ်ဝေသော ပြည်သူ့လုပ်သား သတင်း စဉ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အား ဂုဏ်သိက္ခာကျဆင်းအောင်ရေးသားပြီး ကချင် ပြည်နယ်အတွင်း ငြိမ်ဝပ် ပိပြားရေး ကို ထိခိုက်စေသည့် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံဖြင့် ရေးသားရာ ရောက်သဖြင့် ပုဒ်မ-၅၀၀၊ ပုဒ်မ ၅၀၅ (ခ) (ဂ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။


“မမှန်သတင်းတွေကို ဖော်ပြပြီးတော့ အစိုးရကိုဂုဏ်သိက္ခာကျအောင်လျှောက်ရေးတယ်။ အစိုးရ အဖွဲ့က အမှန်တွေ လုပ်နေ တာဆိုပြီးတော့ စိတ်ရှည် သည်းခံပြီးတော့ နေခဲ့တယ်။ သူထုတ် ခဲ့တဲ့ ပြည်သူ့လုပ်သား သတင်းစဉ် အစောင် တိုင်းမှာ အစိုး ရအဖွဲ့ သိက္ခာ ကျအောင်ရေးတယ်။” ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်း ချစ်ဦးက ပြောသည်။


ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် စက်တင်ဘာ(၂၁)ရက်နေ့တွင် ၀န်ကြီးချုပ်နှင့်ဝန်ကြီးများက အစည်းအဝေးပြု လုပ်ပြီး အစိုးရအဖွဲ့ဝန်ကြီးများ၏ ထောက်ခံချက် အားလုံးကိုယူကာ ယခုလို တရားစွဲဆို ခဲ့ခြင်းဖြစ် သည်။


ယခု အခါတွင် နှစ်ဘက်ဖြစ်ပေါ်နေသော ကိစ္စရပ်များ အပေါ်စုံစမ်းစစ်ဆေးမည့်ကော်မရှင်များ၊ ခုံရုံးများ ဖွဲ့စည်း စစ်ဆေးခြင်း မရှိသေးဘဲ ပြည်သူ့လုပ်သားသတင်းစဉ်အပေါ် တစ်ဖက်သတ် တရားစွဲဆိုခြင်း ဖြစ်ကြောင်းကိုလည်း အဆိုပါ ပါတီမှ သိရသည်။


“အစိုးရ အဖွဲ့အနေနဲ့က တစ်ဖက်သတ်ကြီး ပြည်ထောင်စုအစိုးရအဖွဲ့တောင်မှ တစ်ဖက်သတ်ကြီး မပြောဘူး။ ခေါ်ယူညှိနှိုင်း မှုတွေ လုပ်တယ်။ ဆွေးနွေးတယ်။အဲ့အပေါ်မှာ အမှားအမှန်ရှိတယ်။ ဖြစ်နေတာက ဇွန်လ ကတည်း ကဖြစ်နေတာ။ အခုသူတို့လုပ်ချင်သလိုလုပ်ပြီး ကြေငြာတော့ အမှန်တရားဘယ်မှာ ရှိတော့မှာလဲ။” ဟု ပြည်သူ့ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနှင့်ပြည်သူ့ လုပ်သားသတင်းစဉ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာ သန်းထိုက်ဦး က ပြောသည်။


ပြည်သူ့ လုပ်သား သတင်းစဉ် ဂျာနယ်သည် သတင်းစဉ်အတွဲ(၁)၊ အမှတ်(၉)၊ အချပ်ပို(စ)တွင် ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီး ချုပ်ဦး လဂျွန်ငန် ဆိုင်းသည် ကချင် လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု ကော်မတီ၏ ဘဏ္ဍာငွေ များနှင့် လုပ်ငန်းဆောင်ရွက်ရန်ကိစ္စရပ် များကို ထိန်းချုပ် ထားသည်ဟု ရေးသား ထားသည်။


ပြည်သူ့ ဒီမိုကရေ စီပါတီသည် ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင်ကို ပါတီမှ တင်ပြချက်များ မှားယွင်း မည်ဆိုပါက ပါတီဥက္ကဌဒေါက်တာ သန်းထိုက်ဦး သည် သမိုင်းတစ်လျှောက် မည်သည့်ပါတီ၊မည်သည့်ရွေးကောက် ပွဲ ကိုမှ မ၀င်ရောက်တော့ပါဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးနှင့် တွေ့ဆုံကတိပေးကာ တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်