
ဖားကန့် ဒေသမှာ သြဂုတ် လကုန်လောက် ကတည်းက
စစ်တပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါ တယ်။ ရွာသားတွေ ရွှေ့ပြောင်းနေထိုင်ကြရပြီး
စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်ပေါ်နေခဲ့ရာကနေ ပြီးခဲ့တဲ့ ၂ ပတ် ၃ ပတ် လောက်ကနေစပြီး တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းပြန်ဖြစ်သွားလို့
ဖားကန့်မြို့ပေါ်ကို ရွှေ့ပြောင်း နေထိုင် တဲ့ ရွာသူ၊ ရွာသားတွေလည်း ကိုယ့်အိမ်ကိုယ်
ပြန်လည်နေထိုင်နေပြီ ဖြစ်ကြောင်း သိရပါ တယ်။
ဒါပေမယ့် စက်တင် ဘာလ အတွင်း တိုက်ပွဲတွေ
ဖြစ်ပွား နေချိန်မှာ ရွာအနီး ၀န်းကျင် ဗမာစစ်တပ် အသုံးပြုနိုင် တဲ့ လမ်းကြောင်း ပေါ်မှာ
မိုင်းတွေ ထောင်ထား ခဲ့တာ ပြန်မဖြုတ် သေးလို့ အောက်တို ဘာလ (၁၂) ရက်နေ့က နန့်ဟိုင်
ကျေးရွာ မှာနေတဲ့ ဦးအင် ခွန်ဂစ်နှင့် ဦးအင်ခွန် လဟာ ရွာအနီး အနားမှာ ၀က်စာ သွားခူးရင်း
မိုင်းနင်း မိခဲ့ပြီး ဦးအင်ခွန် ဂစ်မှာသေ ဆုံးသွားပြီး သားဖြစ်သူ အင်ခွန်လ မှာဒဏ်ရာ
ရရှိခဲ့ ပါတယ်။ အဲ့ဒါကို KIA က သူတို့ မိုင်းကြောင့် ဒဏ်ရာရ ရှိခဲ့တာကို မသိစေ
ချင်လို့ မြို့ပေါ် ဆေးရုံ တွေမှာ ဆေးကု သခွင့် မပေးဘဲ နန့်ဟိုင်ကျေးရွာ မှာဘဲ ကချင်ရိုးရာ
ဆေးနဲ့ဘဲ ဆေးကုသ ခံနေရ တယ်လို့ ဒေသခံ ရွာသား တစ်ဦးထံမှ သိရ ပါတယ်။
ဖားကန့် အနီး ၀န်းကျင်မှာ ရှိတဲ့ မှော်မောင်းကုန်း၊
မှော်မောင်းလျှံ ၊ ရှမ်းစု ၊ ရှရော်ခ ၊ ဘုရားတောင် ၊ ဖလခရွာ များ တစ်ဝိုက် ထောင်ထားသော
မိုင်းများအား ပြန်လည် ဖြုတ်သိမ်း ပေးရန် KIA ရင်း (၆) တပ်ရင်း မှူးထံ တောင်းဆို ထားကြောင်း
ဖားကန့်မြို့ခံ တစ်ဦးမှ ပြောပြခဲ့ပါတယ်။
လက်ရှိ အချိန်အထိ KIA မှထောင် ထားသော
မိုင်းနင်း မိ၍ သေဆုံး/ ဒဏ်ရာရသူ ယခု နင်းမိသူ များအ ပါအ ၀င် ဒေသခံ အရပ်သား (၁၀၄) ယောက်
ရှိနေပြီလို့ သိရ ပါတယ်။
0 comments:
Post a Comment