တရုတ်ပြည်က ကျားမပေါင်း ၉၈၀၀၀ ကျော်ထံမှ ရယူခဲ့တဲ့ စစ်တမ်း ကောက်ချက်တခုမှာ အမျိုးသမီး ၇၀ ရာ ခိုင်နှုန်း (အသက် ၁၈ -၂၅ ကြား) က မိမိထက် ၁၀ နှစ် အသက်ကြီးတဲ့ ယောင်္ကျားကို ချိန်းတွေ့ဖို့ ပိုနှစ် သက် ကြောင်း၊ အကြောင်းရင်းမှာ ငွေကြေးအရပိုပြည့်စုံပြီး သူတို့အား ဂရုပိုစိုက်နိုင်ကြောင်းလို့ ဖော်ပြ ထားပါ တယ်။
အမျိုးသမီး ၆၄ ရာခိုင်နှုန်းကတော့ သူတို့ထက် အသက်ကြီးသူနဲ့ ရည်းစားဖြစ်လိုကြောင်း သိရပါတယ်။ စစ်တမ်း မှ ရှာဖွေတွေ့ရှိချက် နောက်တစ်ခုမှာ အမျိုးသား ၈၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၇၃ ရာခိုင်နှုန်း တို့က အနာဂတ်အတွက် အိမ်ထောင်ဖက် ဟာ အပျိုလူပျိုစင် ဟုတ်မဟုတ် အရေးမကြီးကြောင်း သိရပါ တယ်။ ဒါပေမဲ့ အမျိုးသား ၈၆ ရာခိုင်နှုန်းက အိမ်ထောင်မပြုမီ အတူတကွနေထိုင်ခြင်းကို နှစ်သက်ပြီး အမျိုး သမီး ၃၆ ရာခိုင်နှုန်းကသာ သဘောတူကြပါတယ်။
0 comments:
Post a Comment