Wednesday, January 02, 2013

ပခုက္ကူ NLD ပါတီ မြို့နယ် ညီလာခံကျင်းပ

Posted by drmyochit Wednesday, January 02, 2013, under | No comments


ပခုက္ကူ ၊ ဇန်န၀ါရီ ၂

ပခုက္ကူ NLD ပါတီ မြို့နယ် ညီလာခံကို ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ အမှတ် ဂ ရပ်ကွက် ရှိအမျိုးသား ခန်းမ တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနား၌ သဘာပတိအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို ဆောင်ရွက်ခဲ့ပြီး ပခုက္ကူ ညီလာခံ ကျင်းပရေး အတွက် ကြီးကြပ်ကော်မတီကို ဆိပ်ဖြူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ ကျင်းပရေး ကော်မရှင်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညီလာခံသို့ ပခုက္ကူမြို့ ရပ်ကွက် ၁၅ ခု နှင့် ကျေးရွာ အုပ်စု ၅၅ ခု မှ ရပ်ကျေးညီလာခံများက ရွေးချယ်ထားသောကိုယ်စားလှယ် ၂၆၅ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။




ကိုဇေ ( ပခုက္ကူ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်