မန်စီ ဇန်န၀ါရီ ၁၆ ရက်
ကေအိုင်အေ တပ်မဟာ(၃) ရင်း(၁) တပ်ရင်းမှူး မှ မန်စီမြို့ ရပ်ကွက်ပတ်ဝန်းကျင်ရွာမှ အုပ်ချုပ်ရေး မှူးများကို ဇန်န၀ါရီလ ၁၃ ရက်နေ့ နေ့လည်မှာ ခေါ်ယူပြီး အိမ်စုတစ်ခုကို လူတစ်ယောက် ကေအိုင်အေ ထဲသို့ မဖြစ် မနေ တာဝန်ထမ်းဆောင်ရန် အမိန့်ထုတ်ခဲ့သည်ဟု သိရှိရသည်။
ယောကျာင်္း၊ မိန်းမ၊ ၁၈ နှစ်နှင့် ၅၀ ကြား လူများကို ပေးရမည်ဟု သိရှိရသည်။ မိန်စီမြို့မှ လူတွေက ကေအိုင်အေ အမိန့်နှင့် ပတ်သက်ပြီး ကြောက်ရွံ့လျက်ရှိပြီး ကေအိုင်အေပေးထားသည့် အမိန့်ကို မလုပ်လျှင် လည်း အသတ်ခံရမည်၊ ကေအိုင်အေ ဆီကို ရောက်ရင်လည်း ကိုယ်လူမျိုးကို ကိုယ်ပြန် ဒုက္ဒပေး မည့် အလုပ် လုပ်ရမည်ဖြစ်သောကြောင့် စိတ်ဆင်းရဲမှုတွေ ဖြစ်ပေါ်နေပြီး အေးချမ်းသည့် အစိုးရ ထိန်းချုပ်မှု ရှိသော မြို့ရှာများသို့ အမြန်ဆုံးပြောင်းရွှေ့ဖို့ စိစဉ်နေကြသည်ဟု သတင်း ရရှိသည်။
0 comments:
Post a Comment