လောက၌ လူတို့သည် မိမိကိုယ် မိမိသိခြင်းမှာ
လောကလူမှု ရေးရာ အဖြာဖြာ၌ မယိမ်းမယိုင် ခိုင်လုံ စေနိုင်သော အကြောင်းကြီး တစ်ချက် ဖြစ်သည်။
ဥစ္စာပစ္စည်းြွကယ်ဝခြင်း အရာ၌ လူဆင်းရဲနှင့် သူဌေးတို့သည် တစ်ဦးနှင့် တစ်ဦး မည်မျှ
ကွာခြား စေကာမူ ဆင်းရဲသူသည် ဆင်းရဲခြင်း၏ အဖြစ်ကို လည်းကောင်း၊ ချမ်းသာ သူသည် ချမ်းသာခြင်း၏
အဖြစ်ကို လည်းကောင်း လေးလေးနက်နက် သိရှိနှလုံး သွင်းမိကြသော် လူမှုခိုင် လုံခြင်းတွင်
တစ်ဦးနှင့် တစ်ဦး ကွဲပြားခြား နားခြင်း မရှိနိုင်ပေ။
ဥာဏ်ပညာ အရာတွင်လည်း ပညာရှိသော သူသည်
မိမိ၌ ပညာရှိခြင်း အဖြစ်ကို သိ၍ ပညာမဲ့သော သူသည် မိမိ ပညာမဲ့ကြောင်း ကိုကောင်းစွာ သိရှိပါမူ
ပညာ အရာ၌ များစွာ ကွာခြား သော်လည်း လူမှု ခိုင်လုံခြင်း ၌မူကား တစ်ဦးနှင့် တစ်ဦး ထူးခြားလှမည်
မဟုတ်ပေ။
လောက၌ ငယ်သည် ကြီးသည်မဟူ မိမိအရာ ဌာနအား
လျော်စွာ ဖြစ်နေ ကြရသည်။ ပညာရှိသည် မိမိ၌ ပညာရှိ သည်၏ အဖြစ်ကို ကောင်းစွာ သိသဖြင့်
လူတို့ အလယ်ပွဲ သဘင်၌ လေးနက် ကောင်းမြတ်သော ပညာရှိ စကားတို့ကို ဟောပြော သောအခါ လူအပေါင်း
တို့က နှစ်ထောင်းအားရ လေးမြတ်ခြင်း ရှိကြသည်။ ဤသို့မဟုတ် ဘဲ မိမိ ပညာရှိသည် ၏အဖြစ်ကို
ကောင်းစွာ နှလုံး မသွင်းဘဲ ပေါ့သော စကား၊ သိမ်ဖျင်းသော စကားတို့ကို ပြောပါမူ မဟာ သမုဒ္ဒရာမျှ
နက်နဲသော ပညာရှိ သည်ဖြစ် စေကာမူ လူတို့ မရိုသေဖြစ်ကာ မိမိ၌ လူမှုရေး ပျက်ပြားရာ
ပျက်ပြားကြောင်း ဖြစ်ရချေသည်။
လူဆင်းရဲနှင့် လူချမ်းသာ တို့တွင်လည်း
ထိုနည်းအတိုင်း ပင်ဖြစ်သည်။ လူချမ်းသာသည် မိမိ အင်အားအလျောက် နေထိုင် စားသောက် သုံးစွဲလျက်
လူဆင်း ရဲသည်လည်း မိမိထိုက်တန် သလောက် စားသောက် နေထိုင်ပါက ပိုင်ဆိုင်မှု ပမာဏကွာခြား
ကြသော်လည်း လူမှုခိုင် လုံခြင်း၌ မူကား ထူးခြားခြင်း မရှိနိုင်ပေ။ သို့သော် လူဆင်းရဲသည်
မိမိဆင်းရဲသည် ၏အဖြစ်ကို ကောင်းစွာမသိ၊ မိမိအခြေ အနေကို မချိန်ဆဘဲ ချမ်းသာသူနှင့် တုပြိုင်
သုံးစွဲပါက မိမိ၏ လူမှု ခိုင်လုံခြင်း ပျက်ပြား ရပေမည်။ ချမ်းသာ သူတို့မှာလည်း မိမိမည်ရွေ့
မည်မျှ ချမ်းသာသည် ဟူသော အခြေ အနေကို ကောင်းစွာ မသိဘဲ အဆုံးမရှိ သုံးစွဲပါက ရှိသည့်ဥစ္စာ
ကုန်ဆုံး နစ်မွန်း၍ ခိုင်လုံမှု ပျက်ပြားရမည် ဖြစ်သည်။
လောက၌ ပညာရှိသူနှင့် ပညာမဲ့သူ၊ ဥစ္စာရှိ
သူနှင့် ဥစ္စာမရှိ သူတို့တွင် သာမဟုတ် မည်သည့် အရာ၌မဆို မိမိ၏ အခြေအနေကို မှန်ကန် ကောင်းမွန်စွာ
မသိဘဲ မိမိအင်အားနှင့် သင့်လျော်စွာ မကျင့်လျှင် ကြီးသည် ငယ်သည်မဟူ လူမှုရေး မခိုင်လုံ
ပျက်ပြားရသည် ချည်းဖြစ် သောကြောင့် မည်သည့်အမှု၊ မည်သည့် ကိစ္စမျိုး၌ မဆို မိမိ၏ အခြေအနေ
ကိုကောင်းစွာ ထောက်ချင့်သိရှိရန် လိုအပ်သည်။
ထို့ကြောင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၈
ရက်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ပဲခူး တိုင်း ဒေသကြီး ဖြူးမြို့နယ်
ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်သူများသို့ အသိပေး ပြောကြားရာ၌ ''ပါတီစုံ ဒီမိုကရေစီ
သဘော သဘာဝ ကို အမှန်တကယ် နားလည်ကျင့်သုံး တတ်ရန်လိုကြောင်း၊ ဒီမိုကရေစီ ဗန်းပြပြီး
ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အကျပ် ကိုင်ခြင်းများ မဖြစ်ရန် လိုအပ်ပါကြောင်း၊
ဘဝ မမေ့ရန်၊ ဒေသ မမေ့ရန်၊ ဌာနမမေ့ ရန်နှင့် ကိုယ့်နိုင်ငံကို ကိုယ်မမေ့ရန် လိုအပ်ကြောင်း၊
ထို့အတူ နိုင်ငံတော်ကို ကာကွယ်ရန် တာဝန်ရှိ သည်ကို မမေ့လျော့ရန် လိုကြောင်း'' အလေးထား
ပြောကြားခဲ့သည်။
သို့ဖြစ်၍ သက်ရှိ သတ္တဝါတို့တွင် လူသည်
အကြောင်းအကျိုး အကောင်း အဆိုးတို့ကို ကောင်းစွာသိမြင် ဆင်ခြင်တတ်သော အမြင့်မြတ်ဆုံး
ဖြစ်သည့် အားလျော်စွာ မိမိ၏ ဘဝ အခြေအနေကို ကောင်းစွာ နှလုံး သွင်း ချင့် ချိန်
တတ်ကြရမည် ဖြစ်ပေသည်။ ။
0 comments:
Post a Comment