X2O သင်္ကြန်မဏ္ဍပ်ဗုံး ပေါက်ကွဲမှုတွင်
ကိုဝေဖြိုးအောင် သည် စွပ်စွဲခံရသူသာဖြစ်ကြောင်း သက်သေခံ ချက်များဖြင့် ရှင်းလင်း တင်ပြခြင်းကို
ဖေဖော်ဝါရီ ၄ ရက် က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ တွင် ကျင်းပပြု လုပ်ခဲ့သည်။
““X2O မဏ္ဍပ်ဗုံးဖောက်မှုမှာ ဗုံးဖောက်တဲ့သူတွေကို အားပေး ကူညီတယ်လို့ သတ်မှတ် ခံရပြီး တော့ သေ ဒဏ်နဲ့ ထောင်ဒဏ် အမြောက်အမြားခံခဲ့ရသူ ဖြစ်ပါ တယ်။
ကိုဖြိုးဝေအောင်၏အမှုမှာ မတရားစွပ်စွဲခံရခြင်းဖြစ်ပြီး အမှု မှန်ပေါ်ပေါက်ရေးအတွက် ပြည် တွင်းတွင် ကြိုးစား၍မရပါက နိုင်ငံတကာအဆင့်သို့ အကူအညီ တောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ညီ ကိုသက်ဝေအောင်က ပြော သည်။ ကိုဖြိုးဝေအောင်မှာ ၂၀၁၀ ခုနှစ်က X2O သင်္ကြန်မဏ္ဍပ် ဗုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် တရားခံ ဟုဆိုကာ သေဒဏ်၊ တစ်သက် တစ်ကျွန်းအပါအ၀င် အလုပ်နှင့် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခံခဲ့ ရပြီး ၂၀၁၂ သြဂုတ်လ ၃ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာ ကာ ၂၀၁၃ ဇန်န၀ါရီ ၄ ရက်နေ့ တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ယဉ်ပပထွန်း၊ ဘိုဘိုမင်း
0 comments:
Post a Comment