Monday, February 25, 2013

လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူသေဆုံး

Posted by drmyochit Monday, February 25, 2013, under | No comments


၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျွဲဦး ကျေးရွာ၏ အနောက် ဘက် (၁)မိုင်ခန့် အကွာ ကြက်သ မနှီးဖျာ စခန်း၌ လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းအရ စလင်း မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် လင်းဇင်းရဲစခန်းတပ်ဖွဲ့ဝင်များမှ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် အခင်းဖြစ် အရပ်သို့ သွားရောက် စစ်ဆေး ခဲ့ရာ နှီးဖျာစခန်းမှ ငလှိုင်တွင်း ရွာနေ ကျော်ဆွေ(၄၃)နှစ်နှင့် ၄င်း၏ဇနီးဖြစ်သူ မစန်းမော်(၃၂)နှစ်တို့ လင်မယား အချင်းချင်း စကားများရာ အရက်အလွန် အကျွံ သောက်စား ထားသည့် ခင်ပွန်းဖြစ်သူ ကျော်ဆွေမှ ဇနီးဖြစ် သူ မစန်းမော်အား အရှည်(၁၈)လက်မခန့်ရှိ ၀ါးခုတ်ဓါးမဖြင့်ခုတ်သဖြင့် မစန်းမော်တွင် ယာလက် ဖျံပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းငယ် ထိပ်ပြတ်ရှ ဒဏ်ရာ (၁)ချက်၊ လည်ဂုတ်ပြတ်လုနီးပါးဓါးဒဏ်(၁)ချက်တို့ ရရှိသေ ဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ခဲ့သည်။


သေဆုံးသူ မစန်းမော်၏အစ်ကိုဖြစ်သူ ကိုကျော်အောင်မှ လင်းဇင်းရဲစခန်းသို့ တရားလိုပြု လုပ်တိုင် တန်းခဲ့ သဖြင့် လင်းဇင်းရဲစခန်း(ပ)၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရ ရှိသည်။

ရဲဇာနည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်