မြန်မာနိုင်ငံကို ခြောက်ရက်ကြာ လာရောက်ခဲ့တဲ့ လူ့အခွင့် အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ် စားလှယ် မစ္စတာ ကင်တားနားက ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ် လို့ပြောခဲ့တဲ့ အပေါ်လူ ၀င် မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပြီး ပြည်ပ နိုင်ငံ တွေနဲ့ မဆိုင်တဲ့အကြောင့် တုန့်ပြန်ခဲ့ ပါတယ်။
၁၉၈၂ခုနှစ်မြန်မာ နိုင်ငံသား ဥပဒေကို လွှတ် တော် မှာ ဆွေးနွှေး ခဲ့တဲ့အကြောင်း၊ ဆွေးနွှေးပြီးနောက်မှာ လက်ရှိ ဥပဒေက ခိုင်မာမှု ရှိ နေတဲ့အတွက်၊ ပြင်ဆင်ဖို့ မလိုအပ်တဲ့ အကြောင်း၊ ပြင်ဆင်မယ်ဆိုရင်လဲ စာသား တွေ သာပြင်ဆင်ဖို့ လို အပ်တယ်လို့ ပြောသွားပါတယ်။ “၈၂ law ဆိုတာ က မြန်မာနိုင်ငံ သားဥ ပဒေ။ မြန်မာ နိုင်ငံ အတွင်း ကိစ္စဖြစ်ပါတယ်။တခြား ဘယ်သူနဲ့မှလည်း မဆိုင်ဘူး။ ဘယ်သူမှလည်း ဒါကို ပြောပိုင် ခွင့် မရှိဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်မှာပြဿနာတွေပေါ် တဲ့အခါကျတော့ လွှတ်တော် မှာ အပြန်ပြန် ဆွေးနွေးကြတယ်။ဝိုင်းပြီးဆွေးနွေးကြတဲ့အခါ နောက်ဆုံးမှာဘာ အတည်ပြုလဲ ဆိုတော့ဒီဥပဒေ သည်လက်ရှိ မှာ ခိုင်မာနေတယ်။ပြင်ချင်ရင် အတွင်းမှာ ရှိနေတဲ့ စာသားတွေ ကိုသာပြင်ရမယ်။
ဥပဒေက တစ်နိုင်ငံလုံး တိုင်းနဲ့ ပြည်နယ်တွေကို ဆင်းပြီးတော့၆ နှစ်ခွဲလောက် အချိန် ယူပြီးတော့ ပြင်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါနဲ့ ဆက်သုံးသင့်ပါတယ်။ မှတ်တမ်းတင်ထား ပါလို့ ဆုံးဖြတ်ထားတာဖြစ်တဲ့ အတွက်ကြောင့်ဒါက ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါ တယ်။ဘယ်ပြည်ပနိုင်ငံ များနဲ့မှ မဆိုင် ပါဘူး။” ဦးခင်ရီရဲ့ တုန့်ပြန်ချက်ထဲမှာ နိုင်ငံသားဖြစ်ခွင့်မှာ ဥပဒေအရ ဖြစ်တဲ့နိုင်ငံ သားနဲ့ မွေးရာပါနိုင်ငံ သား ဆိုပြီးတော့ ၂ မျိုးရှိတဲ့အကြောင်း ၁၈၂၃ခုနှစ် မတိုင်မီ ကတည်းက အဖေအမေ အဖိုးအဖွါးတွေ မြန်မာ နိုင်ငံမှာ နေထိုင်သူတွေဟာ မွေးရာပါနိုင်ငံသားတွေဖြစ်ပြီး နောက်တမျိုးကတော့ ဥပဒေအရ ဖြစ်တဲ့ နိုင်ငံသားဆိုတာ ရှိတဲ့အကြောင်း ဒီထဲမှာ တရုတ်လူမျိုး၊ အိန္ဒိယအနွယ်တွေပါဝင်ပြီး။ ၁၉၄၈ ခုနှစ်မတိုင်ခင်က အဖိုးအဖွါး က မြန်မာ နိုင်ငံမှာ နေထိုင်သေဆုံး ခဲ့တာတွေ ဖြစ်တဲ့ အကြောင်း၊ မြန်မာနိုင်ငံ တွင်းနေထိုင်ပြီး ဗမာ စကား ပြောတတ် သူတွေ၊ နိုင်ငံအကျိုး ကိုလည်း ထမ်းဆောင်သူတွေဟာ နိုင်ငံသား လျှောက်ခွင့် ရှိတဲ့အကြောင်း၊ ဒီအချက်တွေမှန်ကန်ရင် ဧည့်နိုင်ငံသား အဖြစ် သတ်မှတ် တဲ့ အကြောင်း အဲဒီက တဆင့် ထပ်ပြီးမွေးလာတဲ့ မြေးကျတော့မှ နိုင်ငံသားအဖြစ် သတ်မှတ်တယ်လို့ ရှင်းပြ သွားပါတယ်။
၁၉၈၂ ခုနှစ် ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ပြောကြားချက်တွေကို ဂရုတ စိုက်လေ့ လာကာ မိမိတို့နိုင်ငံနဲ့ ကိုက်ညီအောင် ဆုံးဖြတ်လုပ် ကိုင်ရမှာ ဖြစ်တယ် လို့ ဒေါ်အောင် ဆန်းစု ကြည် က ပြီးခဲ့တဲ့ လတွေကပြောခဲ့တဲ့အကြောင်း အေဘီစီရေဒီယို သြစတြေးလျ သတင်းထောက် မေငယ် က သတင်းပေးပို့ထားပါတယ်။
From:News Collection
0 comments:
Post a Comment