ပေကျင်း မတ် ၁၁
တရုတ် ရဲတပ်ဖွဲ့သည် လူကုန်ကူးမှု ဆန့်ကျင်
တိုက်ဖျက် သည့် လှုပ်ရှားမှုများ လုပ်ဆောင်စဉ် အတွင်း ကလေး ၆၃ ဦးနှင့် အမျိုးသမီး ၁၄
ဦးအား ကယ်တင် နိုင် ခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး ဆိုင်ရာ ဝန်ကြီးဌာန (MPS) က မတ်
၉ ရက်တွင်
ထုတ်ပြန် ကြေ ညာ ခဲ့သည်။
ထို့အပြင် MPS အဖွဲ့ဝင် များသည် ကလေး
ကုန်ကူးသည့် ဂိုဏ်း ငါးဂိုဏ်းအား ဖမ်းဆီး နိုင်ခဲ့ပြီး ယင်းအမှု များနှင့် ဆက်နွှယ်သူ
၃၆၈ ဦးကိုလည်း ဖမ်းဆီး နိုင် ခဲ့ကြောင်း၊ ၎င်း လုပ်ငန်းစဉ်တွင် စီရင်စု နယ် ၂ဝ မှ ရဲဝန်
ထမ်း ၆ဝဝဝ ကျော် ပါဝင်ခဲ့ပြီး မတ် ၁ ရက်မှ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏
ထုတ်ပြန် ကြေညာချက်၌ ဖော်ပြ ခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့သည် စုံစမ်း စစ်ဆေးမှု
များကိုလည်း ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ အတွင်း ကလေး ကုန်ကူးမှုသည်
ယခုတိုင် ဆက်လက် ဖြစ်ပွားလျက် ရှိပြီး ရဲတပ်ဖွဲ့သည် ၎င်း တရားမဝင် ကုန်ကူးမှုအား တိုက်ဖျက်နိုင်ရန်
အတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment