Monday, May 13, 2013

နယူးအော်လင်း သေနတ်ပစ်ခတ်မှု ဓားစာခံ ၁၉ ဦးတွင် ကလေးနှစ်ဦးပါ

Posted by drmyochit Monday, May 13, 2013, under | No comments

Mothers Day Parade Shooting
နယူးအော်လင်း၊ မေ ၁၃။

တနင်္ဂနွေနေ့က အမေများနေ့ အထိမ်းအမှတ် စုပေါင်းပြုလုပ်သော အခမ်း အနား ချီတက်ပွဲတွင် သေနတ် သမားများ ပစ်ခတ် မှုကြောင့် အနည်း ဆုံးလူ ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုသည် အက်ဖ်ဘီအိုင်ထုတ်ပြန်ချက်အရ လူပေါင်း ရာပေါင်းများစွာပါဝင်ပြီး ပွဲတော် တစ်ခု အတွင်း ချီတက်နေကြစဉ် ပြင်သစ်ရပ်ကွက်အနီးရှိ ၇ ရပ်ကွက်အိမ်များအနီး လမ်းမပေါ်တွင် ဖြစ်ပွား ခဲ့သော တိုက် ခိုက် မှု တစ်ခုဖြစ်ကြောင်း သိရသည်။

ဖုန်းများနှင့် ရိုက်ကူး ထားသည့် ဗီဒီယိုဖိုင်များအရ အပစ်ခံရသူ ဓားစာခံများသည် လမ်း မပေါ်တွင် လဲကျနေ ကာ လူသွားလမ်းပေါ် တွင် လည်း သွေးများပေနေပြီး အခြားသူများက ဒဏ်ရာရရှိသူများကို နှစ် သိမ့်ပေးနေကြောင်း တွေ့ရ သည်။

အနည်းဆုံးလူသုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိပြီး တာဝန်ရှိသူများက ဒဏ်ရာရသူအများစုသည် မပြင်း ထန်ကြောင်း ပြောကြားခဲ့ပြီး သေဆုံးခဲ့သူ ဦးရေ မရှိသေးချေ။

ဒဏ်ရာရသူများတွင် ယောကျား ၁၀ ဦး မိန်းမ ၇ ဦး အပါအဝင် ၁၀ နှစ်အရွယ် ယောကျားလေးတစ်ဦး နှင့် မိန်းကလေးတစ်ဦးတို့ပါဝင်ပြီး အခြေအနေကောင်းကြောင်း သိရသည်။

မြို့တော်ဝန် မစ်ခ်ျ လန်ဒရောက မျက်မြင်များအား သိရှသော သတင်းအချက်အလက်များကို လာရောက် ပြော ကြားရန် ဒဏ်ရာရသူများကို တင်ထားသည့် ဆေးရုံတွင် ပြောကြားသည့် စာနယ်ဇင်းတွေ့ဆုံပွဲတွင် ပြောကြား သည်။

“ယခုဖြစ် ပွားခဲ့ တဲ့ ကိစ္စဟာ စစ်ဆေးအရေးယူရမယ့်အရေးပါ၊ တစ်ယောက်ယောက်ကတော့ သိတာ တစ်ခု ခုရှိပါ တယ်၊ လူတွေအားလုံးကူညီမှ ဒီ အကြမ်းဖက်မှုအဆုံးသတ်ပါမယ်” ဟု ၎င်းက ပြောကြားသည်။
နယူးအော်လင်း အက်ဖ် ဘီအိုင်မှ ပြောရေးဆိုခွင့်ရှိသူ မေရီဘက်သ် ရိုမစ်က စုံစမ်း စစ်ဆေးရေး အရာရှိ များ၌ သေနတ် ပစ်ခတ် မှုသည် အကြမ်း ဖက်မှုလုပ်ရပ်ဖြစ်ကြောင်း ထောက်ပြချက်များမရှိသေးကြောင်း ပြောကြား သည်။

“လမ်းပေါ်ဖြစ် သွားတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
လူပေါင်း ၄၀၀ခန့် သည် အခင်းဖြစ်ပွားသောနေရာအနီးတွင် ရှိနေခဲ့သော်လည်း သေနတ်နှင့် ပစ်ခတ်သောနေ ရာ အနီးတစ်ဝိုက်တွင် တစ်ဝက် ခန့်သာရှိနေခဲ့ကြောင်း ရဲမှူး ရိုနယ်ဆာပက်စ်က ပြောကြားသည်။

ရဲအရာ ရှိများ သည်လည်း လူအုပ်ကြီးနှင့် လိုက်ပါခဲ့ပြီး ၎င်းပွဲအတွက် လုပ်ရိုး လုပ်စဉ် အစောင့်အကြပ် အဖြစ်သာ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။
ရဲများ က အခင်းဖြစ်ပွားရာနေရာမှ သံသယဖြစ်ဖွယ်လူ သုံးဦး ပြေးထွက်သွားသည်ကို မြင်တွေ့ ခဲ့သော်လည်း ယခုအချိန်အ ထိ အဖမ်းအဆီး မရှိ သေးပေ။

အခင်းဖြစ်ပွားသည့်နေ့ ညနေပိုင်းတွင် ရဲများက အခင်းဖြစ်ပွားသည့်နေရာကို ပိတ်ထားပြီး ကျည်ဆံခွံများ ၁၀နေရာ ထက်မနည်း အမှတ်အသား ပြုခဲ့ကြသည်။

တနင်္ဂနွေနေ့ အခမ်းအနားကို လူမှုကလပ်တစ်ခုက ဦးဆောင်ပြုလုပ်ခဲ့ပြီး ၎င်းအုပ်စုကို ၁၉၉၆ တွင် စတင် တည်ထောင် ခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့် နေရာပတ်ဝန်းကျင်ရပ်ကွက်သည် ဝင်ငွေနည်းပါးသူများနှင့် အလယ်အလတ်တန်းစားများ ရောနှောနေထိုင်ရာ ရပ်ကွက်ဖြစ်သည်။

တနင်္ဂနွေနေ့ အဖြစ် အပျက်သည် ရဲဌာနသစ်ပြန်လည်မွမ်းမံရေးနှင့် မြို့ ထောင်ပြန် လည်မွမ်း မံရေးတို့ အတွက် ဖက်ဒရယ် သဘောတူညီချက် အမိန့်အောက်တွင် မြို့တော်မှ ဒေါ်လာ သန်းနှင့်ချီ ပေးဆောင်ရန် ရုန်းနေရ ချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

နယူးအော်လင်းသည် အခမ်းအနားများတွင် ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး မြို့တစ်ဝိုက်တွင်လည်း လမ်းပေါ် ရာဇဝတ်မှု များစွာ ရှိနေသည်။

ယခုနှစ် အစောပိုင်းတွင်လည်း ပြင်သစ်ရပ်ကွက် တွင် အငြင်းပွားမှုကြောင့် လူလေဦးအပစ်ခံခဲ့ရပြီး အပစ်ခံရ သူအသက် ရှင်ကာ သံသယရှိသူများစွာ ဖမ်းဆီးခံခဲ့ရသည်။

Ref;AP
From: @ မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်