ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသများကို ဆိုင်ကလုံးမုန်တိုင်း ဦးတည်လာနေပြီး လာမည့် ကြာသာပတေးနေ့ဖြစ်တဲ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကျရောက်ဖို့ ရှိတယ်ဆိုတဲ့ မိုးလေဝသခန့်မှန်းချက်တွေကြောင့် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို မနေ့ကစတင် ရွေ့ပြောင်းပေး နေပြီလို့ သိရပါတယ်။
၂၀၀၈ခုနှစ်တုန်းက မြန်မာပြည်ထဲကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် မြင်တွေ့ရတဲ့ပျက်ဆီးမှု (Credit: AFP)
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် တွင်းဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှုတွေကနေ လူပေါင်း သောင်းနဲ့ချီ အိုးမဲ့ အိမ် မဲ့ဖြစ် ခဲ့ပြီး အခု အချိန်အထိ ယာယီဖျင်တဲတွေနဲ့ ခိုလှုံနေရပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ ဒေသခံရေ ဒီယို လိုင်းတွေ ကနေ တဆင့် မုန်တိုင်း သတိပေး ချက်တွေနဲ့ ရပ်ကွက်တွေ မှာလည်း အော်လံတွေ နဲ့လိုက်လံ သတိပေးနေ တယ်လို့ သိရပါတယ်။
လူပေါင်း ၁သောင်း ၃ထောင်လောက်ဟာ မုန်တိုင်းကနေတဆင့် ပင်လယ်လှိုင်းပုတ်ခတ်မှု ဘေးဒဏ် သင့်နိုင်တဲ့ စစ်တွေမြို့အနီး တဝိုက်မှာ ဒုက္ခသည် အဖြစ်နဲ့ နေထိုင် နေကြ ရတယ်လို့ သိရ ပါတယ်။
တချို့သတင်း တွေမှာတော့ မုန်တိုင်းဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကုန်းတွင်းကို ဗုဒ္ဓဟူးနေ့ မနက်မှာ ဆိုက်ရောက် မှာဖြစ်တယ်လို့ သတိပေးထားပါတယ်။ မြောက်ဘက်ကိုဦးတည်လာ နေပြီဖြစ်တဲ့ မုန်တိုင်း ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ချစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည် နေတာဖြစ် တယ် လို့ သတိပေး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်။
လေ တိုက်ခတ်နှုန်း တနာရီကို ကီလိုမီတာ ၁၃၀ အထိ ရောက်ရှိမှာဖြစ်ပြီး မဟာဆန်လို့ နာမည်ပေးထားတဲ့ ဆိုင်က လုံးကို ဆိုးဝါးကြမ်းတန်းတဲ့ ဆိုင်ကလုံး အဖြစ် အဆင့်မြှင့် သတ်မှတ်လိုက်ပြီလို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ တဝိုက် ကနေ လှေတွေ သင်္ဘော ဆိုက်ကပ် ထားတာတွေ နေရာပြောင်းရွေ့ ခိုင်း ထားပြီး ရေကြောင်းယဉ်အားလုံးကိုလည်း သွားလာ လှုပ်ရှားခွင့် ရပ်တန့်ထားတယ်လို့ သိရပါတယ်။
From: ABC
0 comments:
Post a Comment