Saturday, October 27, 2012

အမျိုးသမီး၏ ကာအိနြေ္ဒပျက်စီးစေရန် လက်ရောက်စေခဲ့သူအား ဖမ်းဆီးမိ

Posted by drmyochit Saturday, October 27, 2012, under | No comments


 ၂၀၁၂ ခုနှစ်အတွင်း ညဥ့်အချိန် ပုန်းလျှိုး ၀င်ရောက်ကာ အိနြေ္ဒပျက်စီးစေရန် လက်ရောက်စေမှုဖြင့် အမှုဖွင့် ထားသောအမှု တစ်ခုသာရှိကြောင်း ကျောက်မဲမြို့ နယ် ရဲစခန်းမှ သိရှိရသည်။အိပ်ပျော်နေသော အမျိုး သမီး တစ်ဦး၏ ခုတင် ပေါ်သို့တက် ရောက်၍ စောင်ကို လှန်ကာ လက်ဖြင့် စမ်းသပ်ခဲ့ သူအား အောက်တိုဘာလ(၂၃) ရက်နေ့က ကျောက်မဲရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။



ပြီးခဲ့ သည့် သြဂုတ်လ( ၄) ရက်နေ့၌ ကျောက် မဲမြို့အမှတ်(၂)ရပ်ကွက်၊ ရန်ကင်း ရပ်နေ အသက် (၂၂ )နှစ် အရွယ် အိပ်ပျော် နေသူ အိမ်ထောင် သည်အမျိုး သမီးငယ်၏ ခုတင်အောက်တွင် အမျိုးသား တစ်ဦးမှ ပုန်းခို ကာ ညဥ့် အချိန်တွင် ခုတင်ပေါ်သို့ တက်ရောက်၍ စောင်ကို လှန်၍ လက်ဖြင့် စမ်းသပ်ပြီး ထွက်ပြေးပုန်း ရှောင်သွား ခြင်းဖြစ် သည်။
ကာယကံရှင် အမျိုးသမီးမှ မသင်္ကာ၍` ဘယ်သူလဲ´ဟုအော်လိုက်ရာ ၄င်းမှာ ထွက်ပြေး သွားခဲ့ပြီး(၂)လခ န့် ရှောင် တိမ်းပုန်း ခိုနေရာ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျောက်မဲမြို့သို့ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

 အသက်(၂၂) နှစ်ရှိ ကာယကံရှင်အမျိုးသမီးမှ ၄င်း၏ နေအိမ်နှင့် ပေ(၂၀၀) အကွာရှိ အိမ်ခန်းတစ်ခုတွင် အမျိုး သားကို ပြန် လည်တွေ့မြင် သဖြင့် ကျောက်မဲ ရဲစခန်းသို့ တိုင်ကြားခဲ့ရာမှ တိုင်ကြားပြီး (၂)နာရီ အကြာတွင် ဖမ်း ဆီးမိခဲ့ခြင်း ဖြစ်သည်။


အဆိုပါကိစ္စနှင့်ပတ်သက်၍ကာယကံရှင်အမျိုးသမီးမှ ကျောက်မဲမြို့နယ်တရားရုံးတွင် ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ    (၄၅၆/ ၃၅၄) ( ညဥ့်အချိန်ပုန်းလျှိုးဝင်ရောက်ကာ အိနြေ္ဒပျက်စီးစေရန်လက်ရောက်စေမှု) ဖြင့် အမှုဖွင့် ထားပြီး တရားခံဟု ယူဆရသူ အသက် (၂၇)နှစ်ရှိ အမျိုးသားကိုမူ ကျောက်မဲရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရ သည်။


မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်