ယနေ့
နံနက်(၇)နာရီ၊ ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိက ရုဏ်းကြောင့်
ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ အဓိက ရုဏ်းတွင်
ဒဏ်ရာ ရသူများမှာ ဆားပြင် ကြီးရွာမှ မောင်လုံးချေ (ဘ)ဦးမဲလူ၊ အသက်(၁၉)နှစ်၊ ဘယ်ဖက်
ခြေထောက်တွင် ကျည်ထိ၊ ကန်ပြင် ရပ်ကွက်မှ မောင်ဇော် ဇော်သန်း၊ (ဘ)ဦးမောင်မြင့်စိန်၊
အသက် (၁၇)နှစ်မှာ ပေါင်တစ် ချောင်းလုံး ကျည်ဝင်သွား ကြောင်းသိရသည်။ ရသေ့ တောင်မြို့နယ်
အဓိက ရုဏ်းတွင် ဒဏ်ရာ ရသူ အားလုံးမှာ သေနတ် ဒဏ်ရာဖြင့် ဖြစ်ကြောင်း သိရသည်။
စစ်တွေ ဆေးရုံသို့ ရောက်ရှိ လာသော လူနာ နှစ်ယောက် အခြေ အနေကို စစ်တွေမြို့ ဒေသခံ တစ်ယောက်က " ဒီနေ့ (၃)နာရီခွဲ လောက်မှာ ရသေ့တောင် မြို့နယ်မှ လူနာ(၂)ဦး ထပ်ရောက် လာပါတယ်။ ဆားပြင် ကြီးရပ် ကွက်နဲ့ ကန်ပြင် ရပ်ကွက်က မောင်လုံးချေ၊ မောင်ဇော်ဇော်သန်း တို့ ဖြစ်ပါတယ်။
ကျွန်တော် ကြားတာ ကတော့ ရသေ့တောင် မြို့နယ့် အဓိကရုဏ်း အတွင်းမှာ လုံခြုံရေး တာဝန်ခံ ယူထားတာ ခမရ (၅၃၆)က ဗိုလ်မှူး စိုးကြည်ထွန်း ဖြစ်ပြီး သူက အရင်တုန်းက ကန်ချောင်း ယာယီ လုံခြုံရေး စခန်း တာဝန် ခံဖြစ်တယ်လို့ သိရပါတယ်။
အခုဖြစ် ပွားနေတဲ့ ညောင်ပင်ကြီး အဓိက ရုဏ်းမှာလည်း သူသည် စစ်တပ်အင်အား (၂၀)နဲ့ ဘင်္ဂလီ များဘက်မှ ခုံခံကာ ကွယ်ပေးခဲ့ တယ်လို့ သိရှိရပါတယ်။" ဟု ပြောပြသည်။
မနေ့ ကလည်း ညနေ(၄) နာရီတွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်၊ ဒဏ်ရာရသူ(၄)ဦး ထပ်ရောက် လာကြောင်း၊ သိန်းရွှေမောင်(ဘ) ဦးအောင်စိန်ထွန်း၊ အသက်(၃၃)နှစ် ပိုက်သည်ရပ်ကွက်၊ နံရိုးကျိုးသွားပြီး သွေးကြောလည်းပိတ်သွားသဖြင့် စိုးရိမ်ရကြောင်း၊ မောင်ထွန်းထွန်း၊ အသက်(၁၆)နှစ်၊ (ဘ) ဦးစိန်လှထွေး သာစည် အလယ် ရပ်ကွက်၊ ခြေထောက် နှစ်ဖက် ဒဏ်ရာရ၊ မောင်ထွန်းယဉ် အသက်(၁၆)နှစ်၊ (ဘ)ဦး မောင်တင်စိုး အသက်(၃၁)နှစ်၊ ရွှေပြည် ကျေးရွာ၊ ခန္ဓာကိုယ် ဘယ်ဖက် အခြမ်းတွင် ကျည်ဝင်၊ ဦးစိန်ကျား အသက်(၄၅)နှစ်၊ (ဘ)ဦးကျော်လှဦး၊ သာစည်ကျေးရွာ ခန္ဓာကိုယ် ထဲကျည် ဝင်သွားပြီး အခင်း ဖြစ်ပွား သော နေရာမှာ တောင်ဘွယ် ကျေးရွာ ဖြစ်ကြောင်း သိရှိရသည်။
Arakan Times သတင်းဌာန
0 comments:
Post a Comment