Saturday, October 27, 2012

သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်း သတင်းထောက်များရဲ့ ပထမဆုံး တွေ့ဆုံပွဲမြင်ကွင်း

Posted by drmyochit Saturday, October 27, 2012, under | No comments


From : မေသင်္ကြန်ဟိန်(မြစ်မခ)

၂၀၁၂ ခုနှစ် အောက်တို ဘာလ ၂၁ ရက်နေ့၊ တနင်္ဂနွေနေ နေပြည်တော် သွားဖို့ လှည်းတန်း၊ ပြည်လမ်း မှတ်တိုင်မှာ ၅နာရီ မိနစ် ၁၅  လောက် အမီ သွားစောင့် နေခဲ့တယ်။


The voice  ဂျာနယ်တိုက် အနီးမှာ နံနက် ၅နာရီးမှာ စုရပ်လို့ သိရပါတယ်။ စုရပ်ကနေ ၅ နာရီထွက်ရင်  လှည်းတန်း ကို ၅ နာရီ ၁၅ လောက်ရောက် မယ်လို့ မှန်းထားတယ်။ ကျမရယ်၊ မြစ်မခက ကျော်ဇင် မန်းရယ်၊ နိုင်ငံခြား သတင်းထောက် မဆင့်ဆင့် အောင်ရယ်၊ ရန်ကုန်တိုင်း ဂျာနယ် အယ်ဒီ တာချုပ် ဒီမင်း ရယ် အချိန်တော်တော်ကြာအောင် စောင့်ကြရတယ်။နံနက် ၆နာရီ ထိုးခါးနီးထိ  ကားက ရောက်မလာလို့ ဒီမင်းက ကိုကျော်မင်းဆွေ ဆီကို ဖုန်းဆက်တယ်။



ထုံးစံအတိုင်း  အချိန်မတိကျသူ၊ အချိန်မလေးစားသူ၊ အားမနာတတ်သူ အချို့ကြောင့် စုရပ်ကနေ နံနက်၅ နာရီမှ မထွက်နိုင်ဘူးလို့ သိရတယ်။ နံနက် ၆နာရီ ထိုးပြီး စွန်းပြီးမှပဲ လှည်းတန်းကို ကားရောက်တော့ တယ်။

ကားပေါ်မှာတော့ အကုန် အဆင်ပြေတယ်၊ အသံဂျာနယ်က ကိုအောင်စိုးကပဲ ကမကထလုပ်ပြီး နေရာတွေ ဘာတွေ စီစဉ်ပေးတယ်။ ကျမတို့ ၁၁၅ မိုင်ရောက်တော့ နံနက်စာ စားကြတယ်၊ နေပြည်တော် ကို ရောက်တော့ နံနက် ၁၁ နာရီ ၃၀ ရှိပါပြီ။


ပြန်ကြားရေး ဋ္ဌာနကို ကျမတို့ ရောက်တော့ နေ့လည် ၁၂ နာရီ ကျော်ပြီ၊ အဲဒီကနေ ကျမတို့ စီးလာတဲ့ ကားနဲ့ပဲ စစ်ဆေးမဲ့ နေရာကို သွားခဲ့ ကြတယ်။ နေကလည်း တော်တော် ပူတယ်၊ အဲယားကွန်း ပါတဲ့ ကားနဲ့ လာခဲ့ ကြတော့ အပြင် ဘက်က အပူ ဒဏ်ကို မခံနိုင် ကြဘူး။ အားလုံးပဲ ကင်မရာတွေ စတဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ရင်း စစ်ဆေးမဲ့ နေရာမှာ တန်းစီ ကြတယ်။ နေကလည်း  ပူတော့ ရာသီဥတု ကလည်း ပူပါတယ်။  အခန်းထဲမှာလည်း စစ်ဆေးတဲ့ သူတွေ ကဒ်ထုတ်ပေးတဲ့သူတွေ နဲ့ သတင်း ထောက်တွေ အပြည့်ဆိုတော့ ချွေးထုတ် ခန်းထဲ ရောက်နေ သလား ထင်ရတယ်။ အဲယားကွန်း တွေ တပ်ထား ပေမဲ့ ဖွင့်မ ထားဘူး။ မီးပျက်လို့လား၊ မီတာခ ကြောင့်လား၊ ဒါမှ မဟုတ် တံခါး ပေါက်တွေ ဖွင့်ထား လို့လား ဘာကြောင့် မှန်းတော့ မသိဘူး။ ပူတာကတော့ တော့်တော့်ကို ပူတာပါ။


အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အမိန့်က နှစ်မျိုး သုံးမျိုး ဖြစ်နေ သေးတယ်၊ ပထမတော့ ကင်မရာ၊ အသံဖမ်း စက်ပဲ ယူခွင့် ရှိမယ်၊ ဖုန်း၊လက်တော့ပ်တွေ ယူခွင့်မရှိဘူးလို့ ပြောတယ်။ အဲလို ပြောပြီး မိနစ် ၃၀ လောက်ကြာတော့ နောက်တမျိုး ပြောင်းသွားတယ် ကင်မရာအပြင် ဖုန်းယူခွင့်ရှိတယ်တဲ့ လက်ပ် တော့တော့ ယူခွင့် မရှိပါတဲ့။



သတင်းထောက် တွေအားလုံး ကတော့ ၀မ်းသာအားရ ဖြစ်သွားကြတယ်၊ ဖုန်းဆို တာမျိုးက ထားခဲ့လို့ ရတာမျိုးမှ မဟုတ်တာ၊ ကိုယ့်သ တင်းဋ္ဌာနကို သတင်း အမြန် ပို့ဖို့အတွက် လက်ကိုင်ဖုန်း တွေကိုပဲ အဓိက ထားပြီး အားကိုး ကြရတာကိုး၊ အဲဒါကြောင့် ဖုန်းယူခွင့် မရှိဘူး ဆိုတဲ့အတွက် အားလုံးက စိတ်ညစ် သွားကြတာ အမှန်ဘဲ။ (လုံခြုံရေး ရှု့ထောင့်က ကြည့်ရင်တော့လက်ကိုင်ဖုန်းက အန္တရာယ် များတာ အမှန်ပါပဲ) အဲလို တမျိုးမက ကြုံရပြီးလို့ စစ်ဆေးခံခြင်းနဲ့ ကဒ်ထုတ်ခြင်း အတွက် မိနစ် ၄၀ လောက် အခန်းထဲမှာ တန်းစီ၊ ချွေးထုတ်ပြီး ကဒ်ရလာတယ်၊ ကဒ်ထုတ်ပြီး သူတွေကို ပြန်ကြား ရေးက စီစဉ်ထားတဲ့ ကားနဲ့ တင်ဆောင် ပြီးပို့ ပေးပါတယ်။



သမ္မတ အိမ်တော် ၊သံတမန်ခန်းမထဲကို ကျမ ရောက်တော့  အခမ်းအနားလုပ်မဲ့ အခန်းရဲ့ ရှေ့တန်း ခုံနေရာ နေရာတွေ အားလုံးနီးပါး ပြည့်နေပြီ၊ အချို့ခုံတွေမှာ လူတွေ မရောက်သေးပေမဲ့ စာရွက်တွေ၊ ပစ္စည်းတွေ ချပြီး နေရာဦးထား ကြတယ်။ နေရာလွတ်တဲ့ နေရာကတော့ ရှေ့ဆုံးတန်းကနေ ရေတွက်ရင်  ၄ခုံ၊ ၅ခုံမြောက်ပါ၊ ကျမ ၀င်ထိုင်ပြီး ကင်မရာသမားတွေကို ဘယ်မှာ နေရာချ ပေးသလဲ ဆိုတာကိ သတိထား ကြည့်ပါတယ်။
နောက်တန်းမှာ ကင်မရာ သမားတွေ အတွက် နေရာလို့ သတ်မှတ် ထားပေမဲ့ Sky Net က ကင်မရာ တွေကတော့ ၃ ခုံမြောက်မှာ  ကင်မရာတွေရော၊ လူတွေရော နေရာယူထားပြီးကြပါပြီ။ အဲလို နေရာယူ ထားကြတာ တွေလည်း တွေ့ရတော့ ပြောထား သလို နောက်ဆုံး တန်းမှာပဲ နေရာယူကြတဲ့ ကင်မရာမန်း တွေတော့ ဒုက္ခပဲလို့လည်း တွေးမိတယ်။



နိုင်ငံတကာမှာတော့ ဓါတ်ပုံ သတင်းထောက်တွေ ကင်မရာမန်း တွေအတွက် နေရာကို သီးသန့် နေရာ သတ်မှတ် ပေးထားရင် အဲဒီ နေရာမှာပဲ အားလုံး ရပ်ပြီး ရိုက်ကြတယ်၊ ဘယ်သူကမှ ဘာကြောင့်မှ ရှေ့ကို ရောက်မ လာကြဘူး၊ သတ်မှတ် ပေးရင် သတ်မှတ်ပေးတဲ့ နေရာကိုပဲ တိတိကျကျ ယူကြ ပါတယ်။

ကျမတို့ မြန်မာပြည် မှာတော့ အဲလိုမျိုး ခုချိန်ထိ မတွေ့ရ သေးပါဘူး။ (.. တခါတုန်းက ပြင်သစ်က သတင်း ထောက်တ ယောက်က ကျမကို ပြောဖူးတယ်၊ မြန်မာပြည်မှာ  မင်းတို့ သတင်း ယူကြတာ ထူးဆန်း တယ်တဲ့… … ကျမလည်း ရှက်ရှက်နဲ့ ရယ်ရင်း ငါတို့ တိုင်းပြည်က ဘယ်တိုင်း ပြည်နဲ့မှ မတူပါ ဘူးလို့ ပြောမိတယ်၊ နိုင်ငံခြား သားရဲ့ ပြစ်တင်မှုကို မခံချင်လို့သာ ပြန်ပြောရတာ၊ တကယ်တော့ အတင်း  ၀ရုန်း သုံးကားနဲ့ အတင်း တိုးဝှေ့ပြီး သတင်းယူကြ တာကိုသူ ပြောချင် တယ်ဆိုတာ ကျမ သိပါတယ်)


တခါမှ အပြင်မှာ မတွေ့ဖူးတဲ့ ဗိုလ်မှူး ဇော်ဋ္ဌေးက ဘယ်သူလဲ၊ ဘယ်သူ ဖြစ်နိုင်မလဲ  ဆိုတာကို လိုက်ကြည့် မိတယ်၊ နောက်ဆုံးတော့ တိုက်ပုံ အဖြူဝတ် ထားတဲ့ အမျိုးသား တဦးကိုပဲ ဗိုလ်မှူး ဇော်ဋ္ဌေး ဆိုတာ ဘယ်သူ ပါလဲ သိရင် ပြောပါလို့  ကျမ မေးမိတယ်။



တိုက်ပုံဖြူဖြူ၊ အရပ်မြင့်မြင့်နဲ့ ပိန်ပိန်ပါးပါး အမျိုးသားတဦးကို ညွှန်ပြတယ်၊ သူဟာ ဗိုလ်မှူးဇော်ဋ္ဌေးပါတဲ့..။ ကျမရဲ့ ကဒ်ကို ထုတ်ပေးပြီး မိတ်ဆက်ပါတယ်။ ပြီးတော့ ကျမမှာ အင်တာနက် ကနေ ပေးပို့ ထားတဲ့ မေးခွန်းတွေ ရှိကြောင်း၊ ကျမအနေနဲ့ မေးခွန်းတွေကို ဗိုလ်မှူးဆီကို ပို့ပေးချင်ကြောင်း ပြောပြတော့ သမ္မတကြီးကို တင်ပြပေးပါမယ်လို့ ဗိုလ်မှူးဇော်ဋ္ဌေးက ပြောပါတယ်။ စောနေသေးတဲ့အတွက် သတင်းထောက်တွေက ရောက်ရှိလာကြတဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း နားမှာ ၀ိုင်းအုံပြီး မေးကြတယ်။
သမ္မတကြီး လာပြီလို့ ပြောတာနဲ့ ဓါတ်ပုံသတင်းထောက်တွေ ၀ုန်းဝုန်းနဲ့ ပြေးသွားပြီး ဓါတ်ပုံတွေ ရိုက်ကြတယ်။ အချို့ဆိုရင်  ခုံပေါ်တွေ ဘာတွေ တက်ပြီး ရိုက်ကြတယ်။ လုံခြုံရေး ၀န်ထမ်း တွေရော၊ ပြန်ကြားရေး ၀န်ထမ်း တွေရော ဓါတ်ပုံ သတင်းထောက်တွေကို ကိုယ့်နေရာမှာကိုယ်နေပေးဖို့ ပြောပေမဲ့ တော်တော်နဲ့ မရကြပါဘူး။


ဓါတ်ပုံသတင်းထောက်တွေအတွက် သတ်မှတ်ထားတဲ့ နေရာမှာ နေရာယူတဲ့ သတင်းထောက်တွေအဖို့ ရှေ့ကနေ မတ်တပ်ရပ်ပြီး ရပ်နေတဲ့ သူတွေအများကြီး ရှိနေလို့ သူတို့နေရာကနေ ဓါတ်ပုံရိုက်လို့ကို မရတော့ဘူး။ အဲဒါနဲ့ သူတို့လည်း ရှေ့မှာ ထိုင်တဲ့ သူက ထိုင်၊ ဘေးကနေ ရိုက်တဲ့ သူက ရိုက်နဲ့ နောက်တန်းမှာ မရှိကြတော့ဘူး။


သမ္မတက နှုတ်ခွန်းဆက်စကားကို အေးအေး ဆေးဆေးပဲ ပြောတယ်။ သမ္မတကြီးရဲ့ လေသံက အေး ဆေးပြီး တိုးတဲ့အတွက်ကတော့ တော်တော်လေး အားစိုက်ပြီး နားထောင်ရပါတယ်။


“ပြည်တွင်းမီဒီယာတွေနဲ့ သမ္မတ မတွေ့ဖြစ်တာ တော်တော်ကိုကြာပြီ ပြည်တွင်းမီဒီယာတွေနဲ့ ကျွန်တော် တို့ တရင်းတနှီးနဲ့ တွေ့ဆုံဖို့ တိုက်တွန်းပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးတွေကို စီစဉ်ခိုင်းရတယ်။ နောက် တော့ ခင်ဗျားတို့ရဲ့မေတ္တာပို့တာကြောက်လို့ သမ္မတက ပြည်ပ မီဒီယာ တွေနဲ့တော့ တွေ့နေတယ်။ ကျွန်တော်တို့ ကိုကျတော့ ပစ်ထားတယ် ဆိုပြီး ဖြစ်မှာ စိုးတာလဲ တစ်ချက် ပါတာပေါ့။ မီဒီယာက ကျွန်တော် တို့ရဲ့နား၊ မျက်စိတွေ ဖြစ်တဲ့ အခါ ကျတော့ ခင်ဗျား တို့ရဲ့အမြင်၊ ခင်ဗျားတို့ရဲ့ သဘော ထားတွေ နောက်တစ်ခါ ကျွန်တော် တို့ရဲ့အမြင် ကျွန်တော် တို့ရဲ့ သဘော ထားတွေ ဒါတွေကို ပြည်သူ့ လွှတ်တော် အတွင်းမှ သိရှိ နားလည် ထားဖို့ လိုပါတယ်။ ခင်ဗျားတို့ အမြင်၊ သဘောထား တွေနဲ့ ကျွန်တော် တို့ရဲ့ အမြင် သဘော ထားတွေကို ကျွန်တော်တို့ နှစ်ဖက် သိမြင် နားလည်ရုံ နဲ့မပြီးသေး ပါဘူး။ ပြည်သူတွေလဲ သိဖို့လို အပ်ပါတယ်။ ပြည်သူတွေဆီက သတင်းတွေ ပြည်သူတွေဆီက သတင်း အချက် အလက် တွေကိုလည်း ပြည်သူတွေ အတွင်း ၀င်ပြီးတော့မှ ထဲထဲဝင်ဝင် ၀င်ရောက်ပြီး တော့မှ ရယူ သွားမှာ ဖြစ်တဲ့ အတွက်ကြောင့်  အစိုးရ အဖွဲ့တွေ ၀န်ကြီး ဌာနထဲ ၀င်ရောက် သွားမှာ ဖြစ်တဲ့ အတွက်ကြောင့်  ဟိုတုန်းကတော့ ၀န်ကြီး ဌာနတွေက မီဒီယာ တွေကို ကြောက်ကြတယ်။ ကျွန်တော်လဲ အပါ အ၀င်ဖြစ် ပါတယ်။ အခုတော့ အားပေး ထားပါတယ် ငါလဲ မကြောက် တော့ဘူး မင်းတို့လ မကြောက် နဲ့တော့ မေးသမျှ အကုန် မှန်မှန် ကန်ကန် ဖြေပေး ပါဆို ပြီးတော့ ဒီအတိုင်း ကျွန်တော် ပြောထား ပါတယ်။ မယုံရင် ဦးစိုးသိန်းတို့ ဦးအောင်မင်း တို့ကိုသာ မေးကြည့်ပေတော့ ``


သမ္မတကြီး ပုံစံက အေးဆေးပေမဲ့ တခါတရံမှာတော့ ဟာသစွတ်ပြီး ပြောတတ်တဲ့ ပုံဆန်မျိုးပါ။ အေးအေး ဆေးဆေးနဲ့ စကားကို စိတ်ရှည်လက်ရှည်နဲ့ အရှည်ကြီး ပြောပါတယ်။


သမ္မတကြီး ဆက်ပြောတာကတော့ မီဒီယာများနဲ့ခုလိုတွေ့ဆုံရခြင်းဟာ အချက်သုံး ချက်ကြောင့်ဖြစ် ကြောင်း အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး အကျိုးရလဒ်များကို မီဒီယာများမှတဆင့်ပြည်သူများကို ပြောပြချင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး လု့ပ်ငန်းစဉ်တို့ကိုလည်း ပြော့ပ လိုခြင်း ဖြစ်ကြောင်း ဆက်ပြော ပါတယ်။

သမ္မတကြီးရဲ့ နှုတ်ခွန်းဆက် စကားပြောပြီးတဲ့ အခါမှာတော့ မေးခွန်းမေးရမဲ့မီဒီယာရဲ့ အမည်ကို သမ္မတ ရုံးရဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဋ္ဌေးက ပြည်တွင်းမှ ဂျာနယ်မှ ၃ စောင်ပြီးလျှင် နိုင်ငံခြား သတင်း မီဒီယာ၁ ခု စသဖြင့် အလှည့်ကြ ခေါ်သွား မည်ဖြစ်ကြောင်း ပြောပါတယ်။


ပထမဆုံး မေးခွန်းမေးခွင့်ရတဲ့ ဂျာနယ်ကတော့ 7 Day News ဂျာနယ်ဖြစ်ပါတယ်။ အကျီာင်္ဖြူ လည်က တုံးနဲ့ ပုဆိုး တွဲဝတ် ထားတဲ့ အမှုဆောင် အယ်ဒီတာ အားမာန်က မိတ်ဆက် ပါတယ်။


အမှုဆောင် အယ်ဒီတာ အားမာန်က မိုက်နဲ့ ပြောတာ အသံလုံးနေတဲ့သမ္မတကြီးက မကြားရလို့  ရိုးရိုးပဲ ပြောပါလို့ သမ္မတကြီးက ပြောပါတယ်။ အားမာန်က သမ္မတကြီး စားပွဲ ရှေ့ကို သွားပြီး မေးခွန်း မေးပါ တယ်။

အရင် အစိုးရ လက်ထက်မှာ  ဆောင်ရွက် ခဲ့တဲ့ စီမံကိန်း တွေမှာ  ပွင့်လင်း မြင်သာမှု မရှိပါကြောင်း မေးလိုက်တာကိုတော့ ကြားရပါတယ်။ နောက်ဘာတွေ ဆက်မေးသလဲ ဆိုတာကိုတော့ မကြားရ တော့ဘူး။

``စီမံကိန်း တွေနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရက လုပ်ခဲ့ကိုင်ခဲ့တာတွေလည်း ပြေကြမယ်ဆိုရင်တော့  ဒါတိုင်းပြည် ရဲ့ အကျိုးအတွက်ပါ။ အရင်အစိုးရဆောင်ရွက်သွားတဲ့  အပိုင်းကိုတော့ ကျွန်တော်သိပ်ပြီး မပြောလိုတော့ပါဘူး။ သို့သော် ကျွန်တော်တို့ ဒီဘက်အပိုင်းမှာ  ကျွန်တော်တို့ရဲ့ လုပ်မယ့် စီမံကိန်း တွေနဲ့ ပတ်သက်ပြီးတော့  ထင်သာမြင်သာ ရှိအောင် ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်။ ထင်သာမြင် သာရှိအောင် လုပ်သွား မယ်ဆိုတဲ့ နေရာမှာ ပထမစီမံကိန်း ရေးဆွဲရ ပါတယ်။ စီမံကိန်းရေးဆွဲပြီးတော့မှ  ဒီစီမံကိန်းက ဘာတွေဘာတွေ ကျွန်တော်တို့လုပ်မယ်၊ ဘယ်လိုဘယ်လို အကောင် အထည် ဖော်မယ်၊ အကောင် အထည် ဖော်ဖို့အတွက် ငွေကြေး ဘယ်လောက် လိုတယ်။ ဒါဟာ ခုနလို ဟိုတုန်းကလို ကိုယ့်ဟာ နဲ့ကို စီမံပြီး တော့လုပ် လို့မရပါဘူး။ ခင်ဗျားတို့လည်း အသိပါပဲ။ လွှတ်တော်ကို ကျွန်တော်တို့ တင်ပြရပါမယ်။ လွှတ်တော်က ဒီစီမံကိန်းကိုကြည့်တယ်။ ကျွန်တော်တို့ အကောင် အထည် ဖော်ဆောင် ရမယ့် လုပ်ငန်းတွေ ကိုကြည့်တယ်။ ဒီပေါ်မှာ မူတည်ပြီးတော့မှ ဘဏ္ဍာငွေကို ကျွန်တော်တို့ ချပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဘက်ပိုင်းမှာတော့ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကျွန်တော်တို့ ထင်သာမြင်သာနဲ့ လုပ်ကိုင် သွားနေတယ်`` လို့ သမ္မတကြီးက ဖြေပါတယ်။


ဒုတိယ မေးခွန်း ကတော့ကချင် ပြည်နယ် အကြောင်းလို့ ကြားလိုက် ရပါတယ်။  ``ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး တော့  အစောက ကျွန်တော် ပြောသလိုပါပဲ၊ အခုနက ပဋိပက္ခ တွေဟာ  ဒီဘက် ပိုင်းမှာ တစ်နှစ် ကျော်လောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဆုံးရှုံးမှု တွေကလည်း  အင်မတန်မှ များပါတယ်။ မီးရထား လမ်းတွေ မိုင်းဖောက်ပြီး ဖျက်ဆီးခံ ရတာတွေ၊ ကားလမ်းတွေ ဖျက်ဆီး ခံရတာ တွေရှိတယ်။ တံတားတွေ မိုင်းချိုး ခံရတာ တွေရှိတယ်။ နောက်တစ်ခါ ကျွန်တော်တို့ လျှပ်စစ်တွေ သိပ်ပြီးတော့ လိုအပ် နေတဲ့ အချိန်မှာ  တာပိန် ရေအား လျှပ်စစ်လို ဟာမျိုးက ကျွန်တော်တို့ စက်ရုံ တည်ပြီးပါပြီ။ ထုတ်ရုံပဲ ကျန်တော့ တယ်။ နောက်တစ်ခါ ကျွန်တော်တို့ မဂ္ဂါဝပ် ၉၀ လောက်ထွတ်တဲ့  ချီဗွေရေအား လျှပ်စစ်က ပေးနေနိုင် ပါတယ်။ သို့သော်လည်း  တိုင်းပြည်ရဲ့ လုံခြုံရေး အခြေ အနေ အရ ထုတ်ယူပြီး မသုံးစွဲ နိုင်ပါဘူး။ ဒီကြား ထဲမှာ ရွှေလီက နေယူပြီးတော့ လုပ်နေတဲ့  စီမံကိန်း တစ်ခုရှိ နေတယ်။  ရွှေလီက ဓာတ်အား လိုင်းတွေ သွယ်တန်းတဲ့ နေရာမှာ တာဝါ တိုင်တွေ ကိုမိုင်းခွဲ ဖျက်ဆီး လိုက်တဲ့ အတွက်ကြောင့် လျှပ်စစ် တွေပြတ် တောက်ခဲ့ ရပါတယ်။ ဒီဟာက ဒီဒေသ တင် မဟုတ်ပါဘူး။  တစ်တိုင်း ပြည်လုံး အတွက် ရိုက်ခက်တဲ့ ဆုံးရှုံးမှု မျိုးတွေဖြစ်ပါတယ်။  နောက်တစ်ခု ကလည်း  နှစ်ဖက်၊ ကျွန်တော်တို့ ဒီဖက်က  စစ်သည်အရာရှိ အကြပ်တပ်သားတွေ၊ အေအိုင်အေဘက်က လည်း တပ်သား၊ အကြပ်၊ အရာရှိတွေ နှစ်ဖက်မှာ သေဆုံးတာတွေ ဒဏ်ရာရမှုတွေက တစ်နှစ်ကျော်အတွင်းမှာ တော်တော် များများ သေဆံးရတာတွေ များပြားပါတယ်။ အဲဒီအထဲမှာ စိတ်မကောင်းစရာ အကောင်းဆုံးက ဒေသတွင်းမှရှိနေတဲ့  တိုက်ပွဲကြားမှာ ရှိနေတဲ့  တိုင်းရင်းသားတွေဟာ  သူတို့ရဲ့ လုပ်ငန်းခွင်တွေ၊ အိုးအိမ်တွေကို စွန့်ပစ်ပြီးတော့မှ လုံခြုံစိတ် ချရတဲ့ နီးစပ်ရာ နေရာတွေမှာ  ခိုအောင်းနေရတယ်။ ဒါတွေဟာ လည်း  သောင်းဂဏန်းလောက်ရှိမယ်။ ကျွန်တော်တို့ဘက်တွေမှာ  ရှိသလို ဟိုဘက်မှာလည်းရှိပါတယ်။  ဒီလူတွေဟာ ဘယ်လောက်ပဲ ကျွေးမွေး ထားနိုင်တယ် ဆိုပေမယ့်လည်း ကိုယ့်ဒေသမှာ ကိုယ်နေသလောက်အဆင်မပြေပါဘူး။ သားသမီးတွေ ကျောင်းနေဖို့၊ ကျန်းမာရေး၊ ဆေးဝါးကုသဖို့အခက်အခဲရှိပါတယ်။ ဒီလူတွေဟာ နှစ်နဲ့ချီပြီး ကြာမြင့် နေပါပြီ။ ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရချင်ပါတယ်။  ငြိမ်းချမ်းရေး အလွန်ရစေချင်ပါတယ်။ အခုနက ရှင်းပြတဲ့  ဆုံးရှုံးမှုတွေဟာ  တကယ်တော့  ကျွန်တော်တို့ ဆုံးရှုံးမှုတွေဟာ  နှစ်ဖက်ဆုံးရှုံးမှုတွေဟာ တိုင်းပြည် ရဲ့  ဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်။  ပြောကြမယ်ဆိုရင် ကေအိုင်အေစစ်သားတစ်ယောက် ဆုံးရှုံးသွား တာဟာ  တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်သလို  ဒီဘက်က ဗမာ စစ်သား တစ်ယောက် ဆုံးရှုံးတာ ဟာလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဒီအဆုံးအရှုံးတွေကို  ထောက်ပြပြီးတော့မှ ကေအိုင် အေအဖွဲ့ အစည်းနဲ့လည်း အဆက် အသွယ်တွေ လုပ်ပါတယ်။ ငြိမ်းချမ်းရေး နဲ့ပတ် သက်ပြီး အကြိမ်ပေါင်း တော်တော် များများ သူတို့ရဲ့ မျက်နှာ ချင်းဆိုင် ထိတွေ့ ဆွေးနွေး တာတွေ ရှိသလို၊ ယုံကြည်မှု တည်ဆောက်တဲ့ ဆွေးနွေး ပွဲတွေ လုပ်နေတာ တွေလည်း  ရှိပါတယ်။ ဒီဟာက လည်း စိတ်ရှည် သည်းညည်း ခံပြီးတော့ လုပ်သွားခြင်း အားဖြင့် ကျွန်တော်တို့ရဲ့  စေတနာကို နာလည်း လာမယ် ဆိုလို့ ရှိရင်တော့  မကြာခင်မှာ  ကချင် ပြည်နယ် ဟာလည်း  တခြားဒေသတွေလိုငြိမ်းငြိမ်းချမ်းချမ်းရှိသွားမယ် ဆိုပြီးတော့  ကျွန်တော်ယုံကြည်ပါတယ်။ စောစောက  ဆုံးရှုံးမှုတွေမကဘဲ ခဲယမ်းတွေထက် အသက်ဆုံးရှုံးမှုတွေဟာ အင်မတန်မှ များပြားပါတယ်။ နောက်တစ်ခုက လမ်းတွေဖြတ်ထားတယ်၊ ရထား လမ်းတွေ မိုင်းခွဲ ခံထားရတာတွေ၊ တံတားတွေဖျက်ထားတာတွေ၊ လျှပ်စစ်တာဝါတိုင်တွေ ကျွန်တော်တို့ ချိုးတာတွေ၊ ဒီဆုံးရှုံးမှုတွေဟာ  ပမာဏအားဖြင့် အင်မတန်မှ များတယ်လို့ပြောရပါမယ်။ တိတိကျကျ ကိန်းဂဏန်းအားဖြင့် ကျွန်တော်မှ မရှိပါဘူး။ ပစ်ခက်တိုက်ခိုက်တာ တွေထက် ဆုံးရှုံးတာကတော့ လူ့ရဲ့အသက်တွေပါပဲ၊ အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေ ဒါတွေဟာ အခုနကလို အတိုင်းအဆ ပမာဏများပြားပါတယ်``
တတိယ မေးခွန်းကို ဆက်မေးတော့ ဗိုလ်မှူးဇော်ဋ္ဌေးက မီဒီယာတခုကို မေးခွန်း ၂ ခွန်းပဲ မေးခွင့်ရှိ တယ်လို့ ကြိုတင်ကြေငြာထားကြောင်း ပြောရင်း သတိပေးပါတယ်။
ဒုတိယ မြောက် မေးခွန်းမေးခွင့်ကိုတော့ Eleven Media Group-က ရရှိပါတယ်။ Eleven Media Groupက မေးတဲ့ မေးခွန်းက တော်တော်လေးကို ရှည်ပါတယ်၊ အသံလည်း တိုးတဲ့အတွက် မေးခွန်း မေးနေ တယ်ဆို တာကိုပဲ သိရပြီး ဘာတွေ မေးနေသလဲ ဆိုတာကို မကြားရပါဘူး၊ ကျမစိတ်ထင် မေးခွန်း မေးနေ တာချည်းပဲ ၄ မိနစ်လောက် ရှိပါတယ်။ မေးခွန်းက တော်တော် ရှည်တဲ့အတွက် အဖြေကိုတော့ ခပ်တိုတိုပဲ ဖြေမယ်လို့ သမ္မတကြီးက ရယ်ရယ်မောမော ပြောပါတယ်။


``နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကတော့  ပြည်သူတွေရဲ့ ဆန္ဒပေါ်မှာမူတည်ပါတယ်။ ကျွန်တော် ထင်ပါတယ်။ ပြည်သူကိုမေးကြည့်ရင်တော့ ဘယ်လိုမှ နောက်ပြန်လှည့်ချင်တဲ့ ဆန္ဒမရှိတော့ ပါဘူး။  ပြည်သူက နောက်ပြန် မလှည့်ချင်တဲ့အတွက်ကြောင့်  ကျွန်တော်တို့ကလည်း  နောက်ပြန် မလှည့် နိုင်အောင် ကြိုးစားပြီးလုပ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာတော့ သဘောထားတွေကတော့ အမျိုးမျိုးရှိမှာပါ။ တူညီတဲ့ အချက်တွေရှိတယ်။ မတူညီတဲ့အချက်တွေရှိတယ်။ နိုင်ငံရေးသမားဆိုတာကတော့ ချီးမွမ်းခံရ တာတွေရှိ သလို၊ အဆဲခံရတာတွေလည်း ရှိမှာပါပဲ၊  ရှေ့ကိုပဲ ချီတက်သွားဖို့ လိုတယ်လနို့ ဒီလိုပဲ ကျွန်တော် ပြောချင် ပါတယ်။  နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး မပြင်ရေးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း  ပြင်ဆင်နိုင်တဲ့အခွင့်အလမ်းတွေ ပေးထားပြီး ဖြစ်ပါတယ်။  အဲဒီမှာအခန်း ၁၂ ဆိုလို့ ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့ Amendement ပေါ့။ လုပ်ထုံးလုပ်နည်းတွေ ဘာတွေ ညာတွေ လည်းပါ တာပေါ့။ ကျွန်တော့် သဘောထားတစ်ရပ်ထဲနဲ့တော့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်လိုက်။ ဒီလိုမျိုးပြောလို့တော့ မရဘူး။ မပြင်ပါနဲ့လို့ သွားပြောလို့ကလည်းမရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေး မပြင်ရေးသည် ပြည် သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့  လွှတ်တော်ထဲမှာ ရှိနေတဲ့ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့  ဆန္ဒ အပေါ်မှာပဲ မူတည်တယ်လို့ ကျွန်တော်တို့  ပြောရမှာ ဖြစ်ပါတယ်။


တတိယမေးခွန်း မေးခွင့်ရခဲ့တဲ့ ဂျာနယ်ကတော့  The Voice Weekly ပါ။ ကိုကျော်မင်းဆွေက သမ္မ တကြီးကို အားလုံး ကြားရအောင် မိုက်သုံးပြီးတော့ မေးခွင့်တောင်းပါတယ်။ မိုက်နဲ့ မေးပေမဲ့ အသံလုံး နေတဲ့အတွက် ကျမကတော့ ဘာတွေ မေးသလဲဆိုတာ ကောင်းကောင်းမကြားရပါဘူး၊ ဒါပေမဲ့ ပညာ ရေးနဲ့ သက်ဆိုင်တာတွေ မေးနေတယ်ဆိုတာကိုတော့ တချက်ချက် ကြားရပါတယ်။ ``ပညာရေးတွေ၊ ကျန်းမာရေးတွေ အသုံးစရိတ်ကို ပိုပြီးတော့ သုံးရမှာ ဖြစ်ပါတယ်။ ဒီပြီးခဲ့တဲ့  Budget Year ဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာရေး၊ အသုံးစရိတ်တွေကို ကျွန်တော်တို့ကလည်း  ခွင့်ပြုပေးပါတယ်။ အခုနှစ်လည်း ဒါတွေကို ထပ်ပြီးတော့  တိုးမြှင့်ပြီးတော့  လွှတ်တော်ကို တင်ပြပါတယ်။ လွှတ်တော်ကလည်း ခွင့်ပြုပေးပါတယ်။ အခုနှစ်ကလည်း  ဒါတွေကိုတိုးမြှင့်ပြီးတော့ သုံးစွဲမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ပြည်ပကနေ အကူအညီတွေ Grant  တွေ သက်သာတဲ့ ချေးငွေတွေ Loan တွေဒါတွေလည်းတောင်းဆိုထားတာတွေ ကြိုးပမ်းနေတာတွေ ရှိပါတယ်။  ဒါတွေရလာရင်လည်း ထပ်ပြီးတော့  သုံးစွဲသွားမှာ ဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်``


နောက် သမ္မတကြီးက လူငယ်တွေ အင်္ဂလိပ်စာ တတ်ဖို့ အရေးကြီးကြောင်း။ ယနေ့ ခေတ်ဘွဲ့ ရလူငယ်တွေ ထဲမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အားနည်းကြတာတွေ့ရတဲ့အတွက် ပညာရေးမှာ အင်္ဂလိပ်စာ ရေးတတ် ဖတ်တတ်နဲ့ ကျွမ်းကျင်အောင် ပျိုးထောင်ပေးချင်ကြောင်း ပြောပါတယ်။


နောက် သမ္မတကြီးက အလုပ်အကိုင်အခွင့်အလန်းတွေ နည်းတဲ့အတွက် နိုင်ငံသားတွေ သူများနိုင်ငံမှာ သွားပြီး လုပ်ကိုင်နေရတာတွေနဲ့ပတ်သက်ပြီး မျက်နှာငယ်ကြရတာ တွေ့ရကြောင်း၊ အလုပ် အကိုင် အခွင့် အလန်းတွေ ရဖို့အတွက်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောပါတယ်။


သတင်းရျာနယ် ၃ စောင်ပြီးတော့ ပထမဆုံး နိုင်ငံခြားသတင်းဋ္ဌာနအနေနဲ့ မေးခွင့်ရရှိတာကတော့ ရိုက်တာ သတင်းဋ္ဌာနပဲဖြစ်ပါတယ်။ ဦးအောင်လှထွန်းက မေးမြန်းခွင့်ရရှိခဲ့ပါတယ်။ ၀န်ကြီးဌာနတွေကို သတင်းရယူခွင့်နှင့်  ပတ်သက်ပြီး ဆရာဦး အောင်လှထွန်း ကမေးမြန်း ပါတယ်။


``တိုက်ရိုက် ဆက်သွယ် နိုင်ဖို့အတွက် ၀န်ကြီးဌာနတွေကို ပြောထားပါမယ်။ အနည်းဆုံးတော့  ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်တို့အဆင့်တွေရှိပါတယ်။ ဒီလူတွေက ၀န်ကြီးဌာနအတွင်းမှာ ထဲထဲဝင်ဝင်အထက်အောက် အကုန်သိပါတယ်။ သူတို့နဲ့လည်း ဆက်ဆံပေါ့။ အကယ်လို့များ အခက်အခဲရှိရင် သမ္မတရုံးမှာ တောင်ရှိ ပါတယ်။ ဦးစိုးသိန်းတို့ ဦးအောင်မင်းတို့ သူတို့ဆီသိလိုတဲ့အချက်တွေ မေးမယ်။ ပြုမယ်၊
အကူအညီပေးပါဆိုရင်လည်း ဆက်သွယ်ဆောင်ရွက် ပေးမျာ ဖြစ်ပါတယ်။ ၀န်ကြီးဌာနတွေကိုလည်း ထပ်ပြီးပြောထားပေးမှာ ဖြစ်ပါတယ်``

 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်