၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်မှ
စတင်ပြီး KIA အဖွဲ့သည် စနက်ချောင်းနှင့် နှစ်သစ်ကူး ကျွန်းအနီး တစ်ဝိုက်တွင်
ရွှေတူးဖော် လုပ်ကိုင်နေသူများနှင့် မှော်အတွင်း ၀င်/ထွက် သွားလာနေသူများ ထံမှ
ဆက်ကြေးများကောက် ခံလျှက်ရှိပါသည်-
(၁) တစ်လုံးထိုး
ရွှေစက်ဆိုင်း တစ်ဆိုင်းလျှင် လစဉ်ကြေးအဖြစ်ရွှေ (၄၀) ရွေး။
(၂) မှော်အတွင်း
ဝင်/ထွက်သွားလာသူများထံမှ အ၀င်/အထွက် တစ်ဦးလျှင် ၁၀၀၀ ကျပ်။
(၃) မှော်အတွင်း
ဧည့်စာရင်းတိုင်ကြေးအဖြစ် တစ်ဦးလျှင် ၁၀၀၀ ကျပ်။
(၄) ဟွန်ဒါစက်လှေအသေး
တစ်စီးလျှင် အ၀င်/အထွက် ငွေ ၅၀၀၀ ကျပ်။
ယခုကဲ့သို့ ကောက်ခံနေခြင်းမှာ
မှော်အတွင်းရှိ နေ့စား အလုပ်သမား များအတွက် အခက်အခဲဖြစ် နေကြောင်း
အစိုးရနှင့်တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် လုပ်ငန်းများ လုပ်ကိုင်မှု
မကောင်းတော့တဲ့အပြင် ကုန်ဈေးနှုန်း များလည်း ကြီးမြင့်လာခဲ့၍ လက်လုပ်လက်စားများမှာ
ဆင်းရဲကျပ် တည်းနေကြကြောင်း၊ ယခုကဲ့သို့ ဆက်ကြေး ကောက်ခံခြင်းကြောင့်
အကြပ်အတည်းပိုမို တွေ့နေရကြောင်း သတင်းရရှိပါတယ်။
0 comments:
Post a Comment