Wednesday, January 16, 2013

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

Posted by drmyochit Wednesday, January 16, 2013, under | No comments

မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ် စိတ်ကြွဆေးပြား ၅၀ ပြားတိတိ ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီး ရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက် ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော် လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ် တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ် အထူးရဲအရာရှိ တစ်ဦးက ပြောသည်။

မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကို လည်း ဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက် ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်ေ နတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘ မူးယစ်စိတ်ကြွေ ဆးပြားေ ရာင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူး တပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ် လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေး ဝါးရောင်းဝယ် သူတွေဟာ လက်နက် ချအ လင်း ဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့ သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရ က လည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင် ခွင့်ပြုထားတာ တွေ့နေရ တယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ် တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ် စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များ ကိုသိမ်း ဆည်း ရမိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်း ရင်းသား လွှတ်တော် အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်