"လိုင်ဇာကို
ထိုးစစ်ဆင်ခြင်း၊ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ်ပါဘူး"
ရေးသားသူ- အားမာန်
နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင် ခန့်အပ် တာဝန်ပေးခြင်း ခံ ရသော ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲ များ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက်
ကောက်နုတ်ဖော်ပြပေး လိုက်ပါသည်။
မေး- အစိုးရနဲ့ကေအိုင်အိုကြားထဲမှာ
တွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က အခု အခြေအနေမှာ ယုံကြည်မှု ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးမှုက
အဖြေပြန်ရှာနိုင်ဖို့ ယုံကြည် မှု တည်ဆောက်နိုင်မယ့် နည်းလမ်းရှိရင် သိလိုပါတယ်။နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဇန်န၀ါရီ ၈ ရက်တွင် စတင် ခန့်အပ် တာဝန်ပေးခြင်း ခံ ရသော ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲ များ၊ စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ 7Day News က မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက်
ကောက်နုတ်ဖော်ပြပေး လိုက်ပါသည်။
ဖြေ- နိုင်ငံတော်အစိုးရနဲ့ ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကနေ ယုံကြည်မှု ပြန်လည် တည်ဆောက် ဖို့အတွက် ပထမဆုံး လုပ်ဆောင်သင့်တာကတော့ အပစ်အခတ်ရပ်စဲရေး စတင် တည်ဆောက် ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖြစ်စဉ်များကို လေ့လာကြည့်မယ်ဆိုရင်လည်း လက်နက်ကိုင် တိုက်ခိုက်နေ မှုများကို အရင် ရပ်ဆိုင်းပြီးမှ နောက်အဆင့် ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ကြ တာကို တွေ့ ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရဘက်က အပစ် အခတ် ရပ်စဲရေးကို အရင် သဘော တူပြီးမှ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်ပြောဆိုကမ်းလှမ်းခဲ့တာလည်း အပစ် အခတ် ရပ်စဲရေး အောင်မြင်ပြီးရင် လက်နက်ကိုင် ပဋိပက္ခများကို အဖြေရှာဖို့အတွက် နိုင်ငံရေးတွေ့ ဆုံဆွေးနွေး မှုများ မဖြစ်မနေပြုလုပ်ဖို့ လိုအပ်ကြောင်းနဲ့ ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ်ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေး ပွဲများမှာပါ ပါဝင်လာနိုင်ဖို့အတွက် တံခါးဖွင့် ထားကြောင်း ထပ်မံပြောကြားထားပြီး ဖြစ်ပါတယ်။
မေး- တွေ့ဆုံဆွေးနွေးမှု အဆင်ပြေအောင် တတိယအဖွဲ့အစည်း ဒါမှမဟုတ် တတိယနိုင်ငံ တစ်ခုခုကို အကူအညီတောင်းဖို့အစီအစဉ်များ ဖြစ်လာနိုင်ပါသလား။
ဖြေ- မြန်မာနိုင်ငံအတွင်း ပဋိပက္ခများနဲ့ ပတ်သက်ပြီး မြန်မာတိုင်းရင်းသားများက အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အချင်းချင်းတွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုငြိမ်း ချမ်းရေး ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ကော်မတီများ၊ အဖွဲ့အစည်းများလည်း
ဖွဲ့စည်း ထားပြီး ဖြစ်ပါတယ်။ တတိယအဖွဲ့အစည်း၊ တတိယနိုင်ငံမျိုးက တွေ့ဆုံနိုင်မယ့်နေရာ စီစဉ်ပေး တာမျိုးတော့ ရှိနိုင်ပါတယ်။
မေး- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော်ကို ကေအိုင်အို/ ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို မသိမ်းဖို့ မှာလိုက်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လိုင်ဇာမြို့ ပတ်ပတ်လည်က ကေအိုင်အေ အမာခံတပ်စွဲထားတဲ့ တောင်ကုန်းတွေကို အကြီးအကျယ် ထိုးစစ်ဆင်နေတာ သိရပါတယ်။
အစိုးရတပ်မတော်ရဲ့ ရည်မှန်းချက်ကို သိချင်ပါတယ်။ ကေအိုင်အေကို အပြီးတိုင် ချေမှုန်းရေးလား။ ဒါမှ မဟုတ် ဘာပါလဲ။ ကေအိုင်အို/ကေအိုင် အေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရဲ့ နောက်ဆုံးညွှန်ကြား ချက်ကို သိလိုပါတယ်။
ဖြေ- အခု လဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာ ကေအိုင်အေ အဖွဲ့က ခြေကုတ်ယူပြီး လဂျားကန်စခန်းမှာရှိတဲ့ တပ်မတော်အဖွဲ့ဝင်များ၊ လဂျားယာန် စခန်းကို ရိက္ခာလာရောက်ပို့ဆောင်တဲ့ တပ်မတော်စစ်ကြောင်းများကို တိုက်ခိုက်နေခဲ့တဲ့ နေရာများကို မိမိတပ်ဖွဲ့ဝင် များက လုံခြုံရေးနဲ့ မြစ်ကြီးနား၊ ဗန်းမော်ကားလမ်း ပြန်လည် အသုံးပြုနိုင်ဖို့အတွက် ရှင်း လင်းတဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ လဂျားယန် စခန်းပတ်ဝန်းကျင်က တောင်ကုန်းများကို ရှင်းလင်း သိမ်းပိုက်ခြင်း သာ ဖြစ်ပါတယ်။ လိုင်ဇာကို ထိုးစစ်ဆင်ခြင်း၊ ကေအိုင်အေကို အပြီးတိုင်ချေမှုန်းခြင်း မဟုတ် ပါဘူး။
တပ်မတော် အနေနဲ့ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသအေး ချမ်းတည်ငြိမ်ရေးနဲ့ မိမိ ကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးအတွက် လိုအပ်သလောက် အင်အားသာ အသုံးပြုပြီး စစ်ရေးအရ ပြန်လည် တုံ့ပြန်မှုများ ပြုလုပ်ခဲ့ ရတာဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ အမိန့်ဖြစ်တဲ့ မိမိကိုယ် မိမိခုခံကာ ကွယ်မှု ကလွဲပြီး ထိုးစစ် ဆင်မှု မပြုလုပ် ဖို့ဆိုတဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်လျက် ရှိပါတယ်။
မေး- ကေအိုင်အို/ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာရှိတဲ့
စစ်ဘေးဒုက္ခသည် ၆၆၀၀၀ ကျော်ရှိတယ်လို့ သိရပါ တယ်။ အစိုးရအနေနဲ့ အဲဒီ စစ်ဘေးဒုက္ခသည်တွေနဲ့
ပတ်သက်ပြီး အရင်ကကူညီထောက်ပံ့မှု လုံးဝမရှိ ဘူးလို့ ကေအိုင်အိုဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့်
အကူအညီတွေ ပိုနည်းသွားသလို ရာသီဥ တုဒဏ်ကြောင့်
အခက်ခဲဆုံး အခြေအနေ ရင်ဆိုင်နေရတဲ့ အဲဒီစစ်ပြေး ဒုက္ခသည်တွေအတွက် ဘယ်လို ကူညီပံ့ပိုးမှုတွေပေးဖို့
ရှိပါသလဲ။
ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ ပတ် သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက် ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ ၀င်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့် တယ်လို့ ထင်ပါ တယ်။
မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက် လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။
ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက် ကွဲမှုဟာ ဘာကြောင့်ဖြစ် ရတယ်ဆိုတာ လွတ်လပ်တဲ့ အတည် ပြုချက်များ ရရှိဖို့ လိုပါတယ်။ ဇန်န ဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက် ကြီးနဲ့ ပစ်ခတ် မှုလုံးဝ မရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူး လို့ကာကွယ်ရေး ၀န်ကြီးဌာ နကနေစုံစမ်း သိရှိရပါတယ်။
ဖြေ- ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ ပတ် သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက် ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ ၀င်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက်ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့် တယ်လို့ ထင်ပါ တယ်။
မေး- ဇန်န၀ါရီ ၁၄ (ယနေ့နံနက်) တပ် မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ အမြောက်ဆံထိမှန်လို့ လိုင်ဇာမြို့ ခံသုံးဦးသေပြီး လေးဦးကို ဆက် လက်ဆေးကုသနေတယ်လို့ လိုင် ဇာဆေးရုံက သိရပါတယ်။ ဘာ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိလိုပါတယ်။
ဖြေ- အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟတ်ယာဉ် ပျံသန်းမှုလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီပေါက် ကွဲမှုဟာ ဘာကြောင့်ဖြစ် ရတယ်ဆိုတာ လွတ်လပ်တဲ့ အတည် ပြုချက်များ ရရှိဖို့ လိုပါတယ်။ ဇန်န ဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်ဘက်က လဂျားယန်တစ်ဝိုက်မှာ လက်နက် ကြီးနဲ့ ပစ်ခတ် မှုလုံးဝ မရှိဘူး၊ အဲဒီဒေသဘက်ကို လေယာဉ်၊ ရဟာတ်ယာဉ်ပျံသန်းမှုလည်း မရှိဘူး လို့ကာကွယ်ရေး ၀န်ကြီးဌာ နကနေစုံစမ်း သိရှိရပါတယ်။
လိုင်ဇာမြို့တွင်းမှာလည်း ကေအိုင်အေက လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေတာကြောင့် ဒီပေါက် ကွဲမှုဟာ တပ်မတော်က ပစ်ခတ်မှုလား၊ တစ်ခြား မတော် တဆပေါက် ကွဲမှုလား၊ ဘာ့ကြောင့်ဖြစ်ရ တယ်ဆိုတာ လွတ်လပ်တဲ့အ တည်ပြုချက် များရရှိဖို့လိုပါတယ်။
မေး- ပြည်သူတွေအားလုံးက မလိုလားပေမယ့် အစိုးရနဲ့ ကေအိုင်အေတိုက်ပွဲတွေက ဒီရက်ပိုင်းမှာပဲ ပိုပြီးတင်း မာပြင်းထန်လာတာ တွေ့ရပါတယ်။
တွေ့ဆုံဆွေးနွေးမှု ပြန်လုပ်လို့ရအောင် အရေးကြီးဆုံး အဆင့်ဖြစ်တဲ့ နှစ်ဖက်စလုံး စစ်ရေးအရှိန်ကို ဘယ်လိုလျှော့နိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ- တိုက်ခိုက်မှုတွေ အရှိန်လျှော့ဖို့အတွက်ဆိုရင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တပ် ပိုင်းဆိုင်ရာကိစ္စတွေမှာ အဆုံးအဖြတ်ပေးနိုင်မယ့်သူတွေပါဖို့ လိုပါတယ်။ ရွှေလီမှာ နောက်ဆုံးတွေ့ ဆုံဆွေးနွေး တုန်းက တပ်မတော်ဘက်က အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးဖို့ သွားရောက်ခဲ့ပေမယ့် ကေအိုင်အေဘက်က ဦးဂွန်မော်တို့ လာရောက်ခြင်း မရှိတဲ့အတွက် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပါဘူး။ International Crisis Group အဖွဲ့ကလည်း ကေအိုင် အေဘက်က ဒီလိုဆွေးနွေးဖို့ ပျက်ကွက်ခြင်းဟာ တိုက်ပွဲတွေ အရှိန်မြင့်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခုအဖြစ်ထောက်ပြထားပါတယ်။
မေး- ရှေ့တန်းတိုက်ပွဲတွေမှာ တပ်မတော်အနေနဲ့ တိုက်လေယာဉ် တွေကိုအသုံးပြုခဲ့တဲ့အပြင် ဒီနောက်ပိုင်း ဓာတုလက်နက်တွေ သုံးတော့မယ်၊ သုံးနေပြီလို့
လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြလာတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ မှတ်ချက်ပေးချင်ပါလဲ။
ဖြေ- တပ်မတော်အနေနဲ့ ဘယ်တုန်းကမှ ဓာတုလက်နက် မသုံးခဲ့ပါဘူး။ အခုလည်း သုံးဖို့ ရည်ရွယ်ချက်မ ရှိပါဘူး။ အခု အင်တာနက်ပေါ်မှာ ပေါ်ပေါက်နေတဲ့ စွပ်စွဲချက်များဟာ လုံးဝမှားယွင်းပါတယ်။ ကေအိုင်အေ ဒါမှ မဟုတ် ကေအိုင်အေကို ထောက်ခံတဲ့သူများက ကေအိုင်အေတပ်ဖွဲ့ဝင်တွေ တိုက်လို ခိုက်လိုစိတ် မရှိတော့လို့ စခန်းများ စွန့်ခွာခဲ့ရတဲ့ အခြေအနေကို ဖုံးကွယ် ချင်လို့ ဒီလို မမှန်သတင်းတွေ ထုတ်လွှင့်နေ တာလို့ ထင်ပါတယ်။
မေး- အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက်ကစပြီး မိုင်းခွဲခံရတဲ့ ရထားနဲ့ တံတား အကြိမ်ရေ ဘယ်လောက်ရှိပါပြီလဲ။
အချို့မိုင်းခွဲတာတွေမှာ စစ်သားတွေနဲ့ စစ်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရထားတွေမို့သာ စစ်ပွဲတွေ ထုံးစံအတိုင်း ကေအိုင်အေက မိုင်းခွဲတယ်လို့ ပြောတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ မှတ်ချက်ပေး လိုပါ သလဲ။
ဖြေ- ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွား တဲ့အချိန် ကစပြီး ယခု ဇန်န၀ါရီ ၁၃ ရက်အ ထိ မန္တလေး-မြစ်ကြီးနား ရထားလမ်းကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်မှု ၅၄ ကြိမ်နဲ့ မန္တလေး- မြစ်ကြီးနား ရထား လမ်းမှာ မိုင်းခွဲ တိုက်ခိုက်မှုနှစ်ကြိမ် စုစုပေါင်း ၅၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီရထားတွေအားလုံးဟာ လူစီးရထားနဲ့ အရပ်ဘက်ကုန် တင်ရထားများသာဖြစ်ပါတယ်။ ကုန်တင် ရထား တိုက်ခိုက် ခံရတုန်းက မြန်မာ့ မီးရထားက ကုန်ပစ္စည်း စာရင်းတောင် အသေးစိတ်ထုတ် ပြန်ခဲ့ ပါသေး တယ်။ မိုင်းခွဲ တိုက်ခိုက် ခံရတဲ့ ရထားများပေါ်မှာ ခရီးသည်တွေပါသလို ပတ်ဝန်းကျင် မှာလည်း ဒေသခံ ပြည်သူတွေ ရှိပါတယ်။ တကယ်လို့ အဲဒီရထားများဟာ စစ်ရထားဆိုရင် သူတို့ကိုယ် တိုင်ကပြော မှာဖြစ်ပါတယ်။ ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ရထားများက အရပ်ဘက်လူစီးနဲ့ ကုန်ရထားများသာ ဖြစ်ပါ တယ်။
မေး- နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက် သက်တမ်းတစ်နှစ်နဲ့ ကိုးလကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်နိုင်ခဲ့ပါတယ်။ စီး ပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။
အောက်ခြေပြည် သူ လူထု ဆီကိုပါ သက်ရောက် မှုရှိမယ့် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် ဘယ်လို အစီ အစဉ်တွေရှိပြီး ဘယ်လိုဆောင်ရွက်ဖို့ စီစဉ် ထားပါသလဲ။
ဖြေ- စီးပွားရေး ပြုပြင်ပြောင်းလဲမှုများဟာ မက်ခရိုအဆင့်မှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အကျိုး သက်ရောက်မှု အောက်ခြေအထိရောက်အောင် အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ သမ္မတကြီးလည်း ဒီအချက်ကို သတိပြုမိတဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး မူဘောင်နဲ့ ဆင်းရဲနွမ်းပါး မှုလျှော့ ချရေးနှင့် စီးပွားရေးတိုးတက်မှု မူဘောင်များအရ ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက် ရာမှာလည်းကောင်း၊ နိုင်ငံတကာ အကူအညီများ ရယူဆောင်ရွက်ရာမှာလည်းကောင်း ပြည်သူများ တိုက်ရိုက်လက်တွေ့ အကျိုးခံစားခွင့် ရရှိစေမယ့် စီမံကိန်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ဖို့၊ အလုပ် အကိုင် အခွင့် အလမ်းများ ပိုမိုဖော်ထုတ်ပေးနိုင်မယ့် ရင်းနှီး မြှုပ်နှံမှုများကို ဦးစားပေးဖို့ မူဝါဒအဖြစ် လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။
အလားတူပဲ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း ဆင်းရဲနွမ်းပါးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှု လျှော့ချရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
From: 7 Days
0 comments:
Post a Comment