Wednesday, January 16, 2013

ဗိုလ်ချုပ်ဂွမ်မော်မှ လိုင်ဇာတွင် အမြောက်ကျည်ဆန် ကျသည်ကို အကြောင်းပြချက်ပေး၍ မြစ်ကြီးနားမြို့တွင် မိုင်းဖောက်ခွဲရန်အမိန့်ပေး



ဇန်န၀ါရီလ ၁၄ရက် မနက်ပိုင်း မှ လိုင်ဇာမြို့ ရပ်ကွက်(၄) တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲ ခဲ့သည့် အတွက် အရပ်သား ၃ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတပ်က ပစ်ခတ်သဖြင့် လူနေရပ်ကွက် အတွင်းကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု ကေအိုင်အေက ဆိုပါသည်။ အစိုးရတပ် နီးစပ်သူများ ပြောဆို ချက်အရ အစိုးရတပ်မှ ယမန်နေ့က လက်နက်ကြီးပစ်ခတ်ခြင်း လေယာဉ်ဖြင့် ပစ်ခတ်ခြင်း လုံးဝ မရှိ ကြောင်း သိရှိ ရသည်။

အစိုးရဘက်မှ ပစ်ခတ်မှုကြောင့် ကေအိုင်အေ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်မှ လက်စားချေသည့် အနေ နဲ့ မြစ်ကြီး နားမြို့တွင် မိုင်းခွဲမှု များပြုလုပ်ရန် အတွက် အထူးဖောက်ခွဲရေး အဖွဲ့များအား စေလွှတ် ထားကြောင်း လိုင်ဇာ သတင်း ရပ်ကွက် မှ သိရှိ ရသည်။

ဗိုလ်ချုပ် ဂွမ်မောင်မှ လိုင်ဇာတွင် နေထိုင်သော အရပ်သား များသည် ပြည်သူ လူထု များဖြစ် သကဲ့သို့ မြစ်ကြီး နားမြို့ပေါ်တွင်နေထိုင်သော အရပ်သားများသည်လည်း ပြည်သူ များဖြစ်ကြောင်း၊ မိမိတို့ နယ်မြေ အတွင်းရှိ ပြည်သူများနေထိုင်ရာ ရပ်ကွက်အတွင်းသို့ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံး ဒဏ်ရာ ရသဖြင့် မိမိတို့ အနေဖြင့်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ ပြည်သူ များကို လည်း ငဲ့ညှာထောက် ထားစရာမလိုတော့ကြောင်း စသည်ဖြင့် ပြောကြားသွားပါသည်။

အစိုးရ တပ်နဲ့ကေအိုင်အေတို့၏ တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူတွေကြားမှ ဒုက္ခရောက်နေကြရပါသည်။ ဂွမ်မော် အမိန့်ထုတ်ပြီး ည၈နာရီအချိန်ခန့်၌ နဘားဘက်တွင် ရထားလမ်းတံတားမိုင်းခွဲခံရပါသည်။ ကေအိုင်အေ မိုင်းဖောက်ခွဲ ဖျက်ဆီးမှုများမှာ တိုက်ပွဲတွေစသည့်ကာလ ၂၀၁၁ ဇွန်မှစပြီး အကြိမ် ၂၀၀ ကျော် နေပြီးဖြစ်ကြောင်း ကြားသိရသည်။ ဂွမ်မော်၏ အမိန့်ကြောင့် မြစ်ကြီးနားမြို့နှင့် ကချင်ပြည်နယ်က မြို့များမှ ပြည်သူများ စိုးရိမ် ပူပန်နေကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်