အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်းဆီပန်းရောင်းရန် စေခိုင်း သည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားသည် မြန်မာကလေးငယ်များကို ဘန်ကောက်မြို့လမ်းများ တစ်လျှောက်တွင် ကမ္ဘာလှည့် ခရီးသွားများထံ နှင်းဆီပန်းရောင်းရန် စေခိုင်းခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခအိုဆန် (Khao San) လမ်းတစ်လျှောက် နံနက် ၈ နာရီမှ မွန်းလွဲ၂ နာရီအတွင်း မြန်မာကလေးများကို အုပ်စုလိုက် တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ စစ်တမ်းအရ သိရသည်။
ကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့် ရောင်းရပြီး သတ်မှတ်ချက် မပြည့်ပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဆိုသည်။
ကလေးငယ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀ (ကျပ် ၅၀,၀၀၀ ကျော်) နှုန်းဖြင့် ကလေးများ၏ မိခင်ထံသို့ လစဉ် ပေးရကြောင်း လူကုန်ကူးသူ အမျိုးသား၏ ထွက်ဆိုချက်ကို Bangkok Post တွင် ဖော်ပြထားသည်။
ဇွန်လ ၂၀ ရက်နေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံသည် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းများတွင် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မီခြင်း မရှိကြောင်း ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းမီဒီယာများက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
Time in Rangoon


1 comments:
This is so true.
Post a Comment