Tuesday, September 04, 2012

တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန် တရုတ်ဆန္ဒရှိ

Posted by drmyochit Tuesday, September 04, 2012, under | No comments


 
From:MWD 
တရုတ်နိုင်ငံသည် တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေး များအား တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီး လျန်ကွမ် လီက ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
လျန်ကွမ်လီသည် သီရိလင်္ကာနိုင်ငံသို့ ငါးရက်တာ အလည်အပတ် ခရီးစဉ် အတွင်း တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံ ကြား ပူးပေါင်း၍ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ခြင်းသည် ဒေသ တွင်းလုံခြုံရေးနှင့် တည်ငြိမ်မှုရှိရေး အတွက်သာ ရည် ရွယ်ကြောင်းလျန်ကအခိုင်အမာပြောဆိုခဲ့သည်။

လျန်သည် သီရိလင်္ကာ နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အတွင်း သမ္မတ မဟင်ဒါရဂျာ ပက်ဆာနှင့်အတူ အခြားနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့သည်။ သီရိလင်္ကာ အစိုးရ သည် နိုင်ငံ အရှေ့ ဘက်နှင့် မြောက်ဘက် ရှိ ဒေသများတွင် စစ်ရေးဆိုင်ရာအခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံမှ အကူအညီများ ရရှိရန် ကြိုး ပမ်းလျက် ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်